သျှမ်းပြည်နယ်အစိုးရ အစီအစဉ်ဖြင့် တရုတ် - မြန်မာနှစ်နိုင်ငံနယ်စပ် မူစယ် - ကျယ်ဂေါင် အဝင် အထွက် ဆင်ဖြူဂိတ်၌ ကုန်ပစ္စည်းတန်ဖိုး၏ ၃ ရာခိုင် နှုန်း အခွန်ကောက်ခံနေမှုကို ယမန်နေ့ညနေ ပိုင်းမှစ၍ ရပ်နားလိုက်ကြောင်း သိရသည်။
ယခင်က မူစယ်ဒေသခံ ၀န်ထမ်းများ ရံပုံငွေအတွက် ဆင်ဖြူဂိတ်၌ အခွန်ကောက်နေရာ အောက်တို ဘာလ ကုန်ပိုင်း မှစ၍ သျှမ်းပြည်နယ်အစိုးရမှ လွဲပြောင်းယူခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မူစယ်ဝန်ထမ်းများရံပုံငွေ အဖွဲ့ထံ ပြန်လည်လွဲ ပြောင်း လိုက်ကြောင်း မူစယ်အုပ်ချုပ်ရေးအာဏာပိုင် အသိုင်းအဝိုင်းကသျှမ်းသံတော် ဆင့်သို့ ပြောသည်။
“ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်နဲ့ရပ်လိုက်တာ အရင်အဖွဲ့တွေပဲ ပြန်ထိုင်ပါတယ်” -ဟုအာဏာ ပိုင် နှင့် နီးစပ်သူကပြောသည်။
ပြည်နယ်အစိုးရအစီအစဉ်ဖြင့် အခွန်ကောက်ရာတွင် ဖြတ်ပိုင်းများဖြင့်တိတိကျကျကောက်ခံခြင်း ဖြစ်ပြီး ကုန်သည် များ နှင့် အစိုးရအတွက်ပါ အကျိုးရှိကြောင်းယခုအဖွဲ့ကဝန်ထမ်းများအကျိုးအတွက် ထင်သလို တောင်းခြင်းဖြစ်ကြောင်း နယ်စပ်နေဒေသခံတစ်ဦးကဆိုသည်။