သျှမ်းပြည်နယ်အစိုးရ အတွက် တရားဝင်အခွန် ကောက် ခံခြင်းကို တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် မူစယ် - ကျယ်ဂေါင်အဝင်အထွက်ဂိတ်တစ်ခုဖြစ် သည့် ဆင်ဖြူ ဂိတ်တွင်နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ကစတင် လိုက် ကြောင်း သိရသည်။
ရဲ ၊ စည်ပင်သာယာ ၊ စိုက်ပျိုးရေး ၊ အကောက်အခွန်နှင့် လဝက စသည့် ဋ္ဌာနစုံပါ၀င်သည့် ၀န်ထမ်းများက ကုန် ပစ္စည်း တန်ဖိုး၏ ၃ ရာခိုင်နှုန်းကို ပြည်နယ်အစိုးရ အခွန်ငွေအဖြစ် ကောက်ယူကြောင်း မူစယ်မြို့ အုပ်ချုပ်ရေး ဝန်ထမ်း အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဒီနေ့မနက်ပိုင်းမှာ စကောက်နေပြီ အခွန်ကတော့ ပစ္စည်းတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်း ကောက်မယ် ” ဟု မူစယ်မြို့ အုပ်ချုပ် ရေးဝန်ထမ်းတစ်ဦးကဆိုသည်။
ယခင်မူစယ်မြို့နယ် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ ရံပုံငွေအတွက် အခွန်ကောက်ခံနေသော ဆင်ဖြူဂိတ်တာဝန်ကျ ဝန်ထမ်း များနှင့် ပြည်နယ်အစိုးရအတွက် အခွန်ကောက်ယူမည့်ဝန်ထမ်းများအကြားယနေ့နံနက်ပိုင်းက ပြဿနာ ဖြစ်ပွားခဲ့ သေး ကြောင်း သိရသည်။
“အရင်အဖွဲ့တွေက အခုအဖွဲ့တွေကို အခွန်မကောက်ခိုင်းလို့ဆိုပြီး ဒီမနက် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပြဿနာ သွား ရှင်းရသေးတယ်။ ရဲတွေလည်း သေနတ်တွေနဲ့စောင့်နေရတယ် အခုပြည်နယ်အစိုးရ က အခွန်ကောက် တယ်။ ဒါပေမဲ့အရင်အဖွဲ့တွေလည်း ဆက်ရှိနေတာပဲ။ ရှုပ်တော့ရူပ်တယ်” - ဟုသူက ဆက်ပြော သည်။
လာမည့်နှစ် ဧပြီလပိုင်းမှစ၍ သျှမ်းပြည်နယ်အတွင်းလက်နက်ကိုင်ဝန်ထမ်းများမှအပအရပ်ဘက်ဝန်ထမ်း အားလုံး ကို ပြည် နယ် အစိုးရအစီအစဉ်ဖြင့် လစာငွေထုတ်ပေးရန်ရှိပြီး ၃လ စမ်းသပ်ကာလအဖြစ် ဗဟို စိုးရနှင့်ပူးပေါင်း ဆောင် ရွက်မည် ဟု အုပ်ချုပ်ရေးအသိုင်းအဝိုင်းက ဆိုသည်။