ဆန္ဒထုတ်ဖော်ပြသရန် နေရာများ အစိုးရ ကန့်သတ်

ဆန္ဒထုတ်ဖော်ပြသရန် နေရာများ အစိုးရ ကန့်သတ်
by -
မွေခေါဝ်

ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာစီတန်းလှည့် လည် ခွင့် ဥပဒေမူကြမ်း၌ စုဝေးရန်၊စီတန်းလှည့် လည်ရန် အတွက်နေရာများစွာကန့်သတ် ထား ကြောင်း သိရပါသည်။

sf

“အစိုးရရုံးတွေ၊ စက်ရုံအလုပ်ရုံ၊ စျေး၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်စတဲ့ လူများတဲ့ နေရာ တွေမှာ စုဝေးလို့ မရသလို စီတန်းလှည့်လည်လို့လဲ မရဘူး။ ကန့်သတ်ထားတဲ့နေရာ အရမ်းများတယ်” ဟု နေပြည်တော် ရောက် အမတ်တစ်ဦးက ပြောပါသည်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေမူကြမ်းကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို က တင်သွင်းပြီး ဥပဒေမူကြမ်း၌ စီတန်းလှည့်လည်မည့်နေရာ၊ လမ်းကြောင်းနှင့် လူဦးရေကို ရဲစခန်းသို့ ရ ရက် ကြိုတင်အကြောင်း ကြား ခွင့်တောင်းရမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရ/မရ သက်ဆိုင်ရာက ၄၈ နာရီကြို တင်အကြောင်းပြန်မည်ဖြစ် ကြောင်းပါရှိသည်ဟုဆို၏။

တဖက်၌လည်း ပုဂ္ဂလိကကျောင်းဖွင့်လှစ်ရန်အတွက် ဥပဒေမူကြမ်းရေးစွဲနေပြီဖြစ်ကြောင်း ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော် အမတ်တစ်ဦးက ပြောပါသည်။

“၅ တန်းကနေ ၁၀ တန်းအထိ ပုဂ္ဂလိကကျောင်းတွေ ဖွင့်နိုင်တယ်။ တတ်နိုင်တဲ့သူအားလုံးဖွင့်နိုင်တယ်။ ဒါပေမဲ့ ကျောင်း မှာ ဘယ်ဘာသာတွေသင်မယ်ဆို တာအရင်ဆုံးတင်ပြရမ ယ်။တိုင်းရင်းသားစာပေသင်ကြား ခွင့်အပါ အဝင်ပေါ့”

သို့သော် အစိုးရကျောင်းများ၌ တိုင်းရင်းသား စာပေသင်ကြားမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာဆွေးနွေးခြင်း မရှိသေးဟု ပြောပါသည်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကလေးများရန်ပုံငွေအသင်း (United Nations International Children's Emergency Funds -UNICEF) ကမူ ကလေးသူငယ်များ မူလတန်းစတက်သည်နှင့် မိခင်ဘာသာစာပေကို ဦးစွာသင်ယူသင့် ကြောင်း၊ အလယ်တန်းရောက်မှသာ အများသုံးဘာသာစာပေစကားများကိုသင်ယူသင့် ကြောင်း ဖော်ပြထားသည်။

ယခုပြုလုပ်ကျင်းပနေသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌နေထိုင်စားသောက်ရေးအားလုံးအဆင် ပြေသော် လည်း အစည်းအဝေး၌ လွတ်လပ်စွာ ပြောဆိုခွင့်မရှိကြောင်း၊ ပြည်သူ့လွှတ်တော်အစည်း အဝေးကိုအောက်တို ဘာလ ပထမ ပတ်အထိ ကျင်းပသွားဖွယ်ရှိကြောင်း သိရသည်။