KIA တိုက်ခိုက်မှုအတွင်း အစိုးရ စစ်သည် ရ ဦးကျ ၄ ဦးဒဏ်ရာရ

KIA တိုက်ခိုက်မှုအတွင်း အစိုးရ စစ်သည် ရ ဦးကျ ၄ ဦးဒဏ်ရာရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကွတ်ခိုင်မြို့ နယ် မုံးရကျေးရွာအုပ်စု ခေးရာပါ အနီးတွင် အစိုးရစစ် တပ်နှင့် ဖေါင်းဆိုင် ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်း အား ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယခုလ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်တွင် ခြုံခို တိုက်ခိုက်ခဲ့ရာ အစိုးရစစ်သည် ရ ဦးကျ၍ ၄ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

အစိုးရပူးပေါင်းစစ်ကြောင်း မုံးရရွာမှ မုံးကိုးမြို့နယ်ခွဲသို့ ချီတက်လာစဉ် လမ်း၌ ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး KIA ဘက်မှ ထိခိုက် ကျဆုံးမှု မရှိကြောင်း KIA နှင့်နီးစပ်သည့် သတင်းရပ်ကွက်မှ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
KIA-_001
“ဖြစ်တဲ့နေရာက ခေးရာပါ ၊ လွတ်ကေလို့လည်း ခေါ်တယ်။ ချောင်းပြီးမှ ချတာဆိုတော့ KIA ဘက်က ထိခိုက် ကျဆုံးတာ မရှိပါဘူး။ ဗမာစစ်တပ်က ရ ယောက်သေတယ်။ ဒဏ်ရာရတဲ့ ၄ ယောက်ကို မုံးကိုးကိုခေါ်သွား တယ် ” ဟု သူက ဆိုသည်။

အဆိုပါ ဒေသသည် KIA တပ်မဟာ (၄) တပ်ဖွဲ့များ အခြေစိုက် လှုပ်ရှားရာနေရာဖြစ်ပြီး ယခုအခါ အစိုးရစစ် ကြောင်း များ အင်အားတိုးချဲ့ထားကြောင်း သိရသည်။

ထို့အပြင် ယခုလ ၁၄ ရက်နေ့ကလည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီး၌ မပခ လက် အောက်ခံ ခလရ ၂၉  ၊  ၃၇ ၊ ခမရ ၄၃၈ ပူးပေါင်းစစ်ကြောင်းနှင့် KIAတပ်ဖွဲ့တို့ တိုက်ပွဲဖြစ် ပွားခဲ့ရာ ဒုရင်းမှူး အပါ အဝင် အစိုးရတပ်မှ ၆ ဦးခန့် ကျဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း KIA အသိုင်းအဝိုင်းက ဆိုသည်။

၄င်းတိုက်ပွဲ၌ အစိုးရစစ်တပ်သုံး MG42 စက်လတ် ၊ မော်တာ ၊ လက်နက်ငယ်များ ၊ ကျောပိုးအိပ် ၆ လုံးနှင့် ကျည်ဆံ ၁၀၀၀ ကျော်အား KIA ဘက်မှ သိမ်းဆည်းရမိကြောင်း သိရသည်။

Most read this week