မြန်မာအစိုးရက ဩဂတ်စ်လ ၁၈ ရက်နေ့ကကမ်း လှမ်း လာသော ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေး ရာတွင် “ ပဏာမ ဆောင် ရွက်ရန်လိုအပ်သော လုပ်ငန်းစဉ်” ဟူသည်မှာ မည်သည်ဖြစ်သည်ကို ရှင်းမပြထား သော်လည်း ပဏာမလုပ်ဆောင်သင့် သည်မှာ နိုင်ငံရေးအရ ပိန်းပိတ်နေသည့်အမှောင်ထု ကြီးကို ရှင်းလင်းဖယ်ရှားပစ်ဖို့ လိုကြောင်းသျှမ်းပြည် တိုး တက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဒုအထွေ ထွေ အတွင်းရေး မှူး ကပြောကြားသည်။
ဤသို့ရှင်းလင်းဖယ်ရှားရန် (၁) ဗိုလ်ချုပ်ဆေထဲန့်၊ ခွန်ထွန်းဦး၊ မင်းကိုနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား များအား လွှတ်ပေးရေး၊ (၂) စစ်တလင်းဖြစ်နေသည့် နယ်မြေများမှ မြန်မာစစ်တပ် များ တပ်ဆုတ်ပေးရန်၊ နှင့် အထူးသဖြင့် (၃) တပြည်လုံးအတိုင်းအတာဖြင့် အပစ်ရပ်စဲရေးကြေငြာပေးရန် လိုအပ်ကြောင်း SSPP/SSA မှ ဗိုလ်မှူးကြီး စိုင်းထူးကပြောသည်။
“ ဒီအချက် ၃ ချက်အတိုင်း ပဏာမ ဆောင်ရွက်နိုင်မှသာ နိုင်ငံရေးအရ ပိန်းပိတ်နေတဲ့အမှောင်ဟာ ရှင်းလင်းသွား ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အများကြီး အထောက်အကူပြုလိမ့်မယ်” ဟု၎င်းက ဆိုသည်။
သို့ရာတွင် ကမ္ဘာကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ထောမတ်စ် အိုဟေးကင် တားနားရောက်စဉ် နိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေးရေးကိစ္စထပ်မံတိုက်တွန်းရာ နိုင်ငံရေး အကျဉ်းသားမရှိကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောဆိုခဲ့သည်။
ဒီမိုကရေစီဆိုသည့်စကားပြောရုံဖြင့်မပြီး၊ ဗမာအပါအဝင် တိုင်းရင်းသားများ၏ကိုယ်ပိုင်ပြဌာန်းခွင့်သည် လည်း အထူးအရေးပါသည့် အချက်ဖြစ်ကြောင်းဗိုလ်မှူးကြီး စိုင်းထူးကသတိပေးပြောကြားသည်။
သို့ရာတွင် ငြိမ်းချမ်းရေးအတွက် မိမိတဖွဲ့တည်းအနေဖြင့် ဆွေးနွေးမည်မဟုတ်ကြောင်း၊ ညီညွတ်သော တိုင်းရင်းသား များ ဖက်ဒရယ်ကောင်စီ UNFC အနေဖြင့် ပင်လုံသဘောတူညီချက်ကိုအခြေခံ၍ဆွေးနွေးမှ သာ ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။
“UNFC အနေနဲ့ ပင်လုံကိုအခြေခံပြီး ဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့ ကျေနပ်အားရပါမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံဆွေးနွေးမယ်ဆိုရင်တော့ လက်ခံဖို့ မဖြစ်နိုင်ဘူး။ နောက်ပြီး တဖွဲ့ချင်းစီအနေနဲ့လဲ ဆွေးနွေးမှာမဟုတ်ဘူး” ဟု သျှမ်းသံ တော်ဆင့်သို့ပြောသည်။
၂ဝ၁၁ သြဂုတ်လ ၁၈ ရက် ကြေညာချက်အမှတ် ၁/၂ဝ၁၁ ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ က အချက် ၃ ချက်ပါငြိမ်းချမ်းရေးဆွေးနွေးဖို့ကြေငြာချက်ထုတ်ပြန်ရခြင်း အကြောင်း ရင်းမှာ အောက်ပါ အချက်များ ကြောင့်ဖြစ်နိုင်ကြောင်းဗိုလ်မှူးကြီး စိုင်းထူးက သုံးသပ်သည်။
(၁) တပ်မတော်နှင့်အစိုးရသစ်အကြား ။
(၂) အစိုးရသစ်အတွင်း (အထူးသဖြင့် သမ္မတ၊ ဒုသမ္မတတွေကြား)ပဋိပက္ခ၊ သဘောထားမတိုက်ဆိုင်မှု။
(၃) တပ်မတော်အတွင်းလက်အောက်ခံ တပ်ရင်း တပ်သားတွေကို အပြည့်အဝ ထောက်ပံ့ကျွေးမွေးနိုင်ခြင်းမရှိ သဖြင့် အောက်ခြေအရာရှိများက အထက်အမိန့်ကို နာခံမှုမရှိ ဖြစ်လာခြင်း။
(၄) မြန်မာ့တပ်မတော်မှ ငြိမ်းချမ်းရေးကတိကဝတ်ကိုဖောက်ဖျက်၍ တိုင်းရင်းသားတပ်ဖွဲ့များအား ထိုးစစ်ဆင်တိုက် ခိုက် ရာတွင် ၎င်းတို့မျှော်မှန်းချက်အတိုင်း ဖြစ်မ လာဘဲ သေကြဒဏ်ရာရမှုများ ၊တပ်ပြေးများ များပြားနေခြင်း။
(၅) မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွါးရေးပိတ်ဆို့နေသည်ကို ပြန်လည်ရုပ်သိမ်းပေးစေလိုကြခြင်း။
(၆)လာမည့် ၂၀၁၄ အာစီယံ ညီလာခံတွင် မြန်မာကအလှည့်ကျ ဥက္ကဌဖြစ်ချင်ခြင်း - ဤအချက်များကြောင့် တိုင်းရင်းသား များနှင့်ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခြင်းဖြစ်နိုင်သည် ဟု သုံးသပ်ပြောဆိုခဲ့ပါသည်။