သျှမ်းပြည် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အခြေစိုက် တြိဂံ တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထွန်းဦးကို ယခုလ ၈ ရက်နေ့ ကလာဘ်စားမှုဖြင့် ရာထူးမှဖယ်ရှားလိုက် ပြီး ၎င်း နေရာတွင် အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုး သိမ်းဖြင့် အစားထိုးခန့် အပ်လိုက် ကြောင်းသိရသည်။
ယခုအခါ မြန်မာစစ်တပ်မှ အခြားထိပ်တန်းအရာရှိ ၄ ဦးလည်း ရာထူးမှ ဖယ်ရှားခံထားရပြီး လစ်လပ်သွား သော နေရာများ ၌ လူစားထိုးနိုင်ခြင်း မရှိသေးကြောင်း တရုတ်နယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော် ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“အကုန်လုံးက လာဘ်စားမှုတွေနဲ့ချည်းပဲ ကစထမှူး ၆ ယောက်ရှိတဲ့ အထဲက အခုနှစ်ယောက်ပဲကျန်တော့ တယ် တိုင်းမှူး ထဲက တြိဂံတိုင်းမှူးက ပြုတ်သွားပြီ သူ့နေရာကို အနောက်တောင်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ်စိုး သိမ်းသွား တယ် ” ဟု သူ က ဆိုသည်။
လတ်တလော ကစထမှူး ၄ နေရာနှင့် တောင်ပိုင်းတိုင်း ၊ ကမ်းရိုးတန်းတိုင်းနှင့် အနောက်တောင်တိုင်းစစ်ဋ္ဌာန ချုပ် တိုင်းမှူး နေရာများ လစ်လပ်နေကြောင်း သိရသည်။
“အနောက်တောင်တိုင်းရယ် ဗိုလ်ချုပ်မျိုးသန်းရဲ့ တောင်ပိုင်းတိုင်းရယ် တိုင်းမှူး ခင်မောင်ဌေးကို ခေါ်စစ်နေ တော့ ကမ်းရိုး တန်းတိုင်းရယ် လွတ်နေတယ် (ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး) ကစထမှူး ၄ နေရာလည်း လွတ်နေတယ်” ဟု သူက ဆက်ပြော သည်။
ကာကွယ်ရေး ဦးစီးချုပ်သစ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လက်ထက် ယခုထိပ်တန်းစစ်အရာရှိများအား ရာထူးမှ ဖယ်ရှားမှုသည် ယခင် နအဖစစ်အစိုးရလက်ထက် ဗိုလ်ချုပ်ထွန်းကြည် ၊ ဗိုလ်ချုပ်ကျော်ဘနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့အုပ်စုများအား ရာထူးမှဖယ်ရှားခဲ့ပြီး နောက်ပိုင်း အကြီးမားဆုံး ဖြစ်သည်။