အပစ်ရပ်ရန် သမ္မတဦးသိန်းစိန်ထံ ကျားဖြူပါတီ စာတင်

အပစ်ရပ်ရန် သမ္မတဦးသိန်းစိန်ထံ ကျားဖြူပါတီ စာတင်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အလယ်ပိုင်းလေးငါးမြို့နယ် အတွင်း မြန်မာ အစိုးရစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် ဒေသခံ လူထု လူ့အခွင့်အရေး အမျိုးမျိုးချိုးဖေါက် ခံရသည့် အပြင် နှစ်ဘက်စလုံး သေကြေဒဏ်ရာရ ကြသည် မှာအကျိုးမရှိသသောကြောင့်ထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်တန့်ရန် ကျားဖြူပါတီမှ နိုင်ငံတော် သမ္မတထံ စာတင်ခဲ့ကြောင်း သိရှိရပါသည်။

“  စစ်ဖြစ်နေတာ နှစ်ပေါင်း ၅၀ ကျော်ပြီ၊ ဘယ်သူမှ မနိုင်ဘူး၊ ဘယ်သူမှမရှုံးဘူး၊ လူထုဘဲ နှစ်နာတယ်။ နှစ် ဘက်စလုံးအသေအပျောက် တွေရှိတယ်။ ဘာအကျိုးမှ မရှိဘူး။ ထိုးစစ်ဆင်မှု ရပ်ပြီး နိုင်ငံရေးစားပွဲ ဝိုင်း မှာ ဆွေးနွေးဖို့ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ပါဘဲ” - ဟု လဲချား(လိုင်းခ) ပြည်သူ့လွှတ်တော်အမတ် စိုင်းမောင်တင် က ပြောပါသည်။
Sai_Mg_Tin_Lai_Kha

ဇူလိုင်လအတွင်း သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရစစ်တပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး နှစ်ဘက်အကျအဆုံးများကြောင်း၊ လူထုထောင်ချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ကလေးသူငယ်များ ပညာသင်ကြား ခွင့် ဝေးခဲ့ရကြောင်း၊ စစ်မြေပြင်အတွင်း ဒေသခံများလူ့အခွင့်အရေးအမျိုးမျိုးချိုးဖေါက်ခံရသည့် အချက် အလက်များ စုဆောင်းပြီး ထိုးစစ်ဆင်နေမှု ရပ်တန့်ရန်၊ နိုင်ငံရေးစားပွဲဝိုင်းဖြင့်ဖြေရှင်းရန်၊ စေ့စပ်ညှိနှိုင်းရေး ကော် မရှင်အဖွဲ့ ဖွဲ့စည်းပေးဖို့ရန် နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ နှစ်ဦးအပြင် ပြည်သူ့လွှတ်တော်ဥက္ကဌဆီ လိပ်မူ၍စာတင်ထား ကြောင်း ပြောပါသည်။

“အဓိက ပို့ပေးတာကတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ ဦးသီဟသူရ တင်အောင်မြင့်ဦး၊ ဒေါက် တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ နေပြည်တော်ကာကွယ်ရေးဦးစီးချုပ်၊ သျှမ်းပြည် ဝန်ကြီးချုပ်၊ သျှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ နဲ့ သျှမ်းပြည်က ဝန်ကြီးဌာန ဝန်ကြီးတွေဆီကို မိတ္တူပို့တယ်။ တခြားပြည် နယ်က ဝန်ကြီးချုပ်တွေဆီကိုလဲပို့တယ်” - ဟု စိုင်းမောင်တင်က ဆက်၍ ပြောပြပါသည်။

တိုင်းရင်းသား နိုင်ငံရေးပါတီ မဟာမိတ် ၅ ခုကလည်း မြန်မာအစိုးရ အနေဖြင့် နယ်စပ် တိုင်းရင်းသား ဒေသ များ၌   ထိုးစစ်ဆင်နေသည့်စစ်ပွဲများ အမြန်ရပ်ပြီး အပစ်အခတ် ရပ်စဲရေး ကြေညာပေးရန် ကြေညာ ချက် ထုတ် ပြန်တောင်းဆိုခဲ့ပါသေးသည်။

ထိုတိုင်းရင်းသား နိုင်ငံရေးပါတီ ၅ ခုမှာ  ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့ကြသည့် ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် သျှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီတို့ဖြစ်ကြသည်။

Most read this week