ငွေကြေးမတတ်နိုင်၍ မီတာဘောက်စ် ထပ်မလဲချင်ဟု ဒေသခံများပြော

ငွေကြေးမတတ်နိုင်၍ မီတာဘောက်စ် ထပ်မလဲချင်ဟု ဒေသခံများပြော
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း  နမ့်ခမ်းမြို့နယ် ဒေသခံများ ကို လျှပ်စစ်ဦးစီးမှူးကမီတာဘောက်စ် ထပ်မံ လဲခိုင်းရာငွေကြေးမတတ်နိုင်သောဒေသခံများ ကထပ် မလဲချင် ဟု ပြောကြသည်။

shwe-li-power
“အရင်က ကျမတို့ တရုတ်မီတာဘောက်စ်ကနေ ဗမာမီတာဘောက်စ်ကို် တခေါက်လဲထားပြီးပြီ။ ကျမတို့ အတွက်နောက်တခေါက်လဲရမယ်ဆိုရင်တော့ မလွယ်တော့ဘူး။  ကျမတို့မှာ ငွေကြေးမတတ်နိုင်ဘူး လေ” ဟုဒေသခံတဦးကပြောသည်။

ယခင်က မီတာဘောက်စ်တခုလဲလျှင် သုံးသောင်းနှင့်ငါးသောင်းကြားပေးဆောင်ကြရပြီး ယခုမှာ ခြောက် သောင်းမှ ရှစ်သောင်းခွဲအထိ ပေးဆောင်ရမည့် အတွက်ကြောင့်ဖြစ်သည်ဟုဆို၏။

မီတာဘောက်စ်ပြန်လည်လဲလှယ်ရခြင်းမှာ မီတာ မတက်သဖြင့် မီတာခ မရခြင်းကြောင့် ဖြစ်ပြီး ယခုလ မှ စတင်၍ ရပ်ကွက်ဥက္ကဌများထံ မီတာဘောက်စ် လဲလှယ်ရန် စာရင်းသွင်း လက်မှတ်ရေးထိုးနေရပြီဟု ဒေသခံတဦးပြောသည်။

တရုတ်မီတာသုံးစဉ်က လျှပ်စစ်မီတာခ ၁ ယူနစ် ၁၀၀ ကျပ်ခန့်ပေးဆောင်ရပြီး ဗမာမီတာဘောက်စ်မှ လျှပ်စစ် မီတာခမှာ ၂၅ ကျပ်ပေးဆောင်ရသည်ဟုဆို၏။ သို့သော် လျှပ်စစ်မီးအား မပြည့်သည့်အပြင် မကြာခဏ ပြတ် တောက်သဖြင့်ဒေသခံများမသုံးလိုကြကြောင်း၊ ထို့ထက်သာမက မီတာမတက်သည့် ဗမာမီတာဘောက်စ်ကို မီတာခတက်မည့် ဗမာမီတာဘောက်စ်နှင့်ပင် ပြန်လဲလှယ်ခိုင်းခြင်းဖြစ်ကြောင်း၊   မီတာဘောက်စ်ပြန် လည် လဲလှယ်ခမှာလည်း စျေးကြီးနေသဖြင့် မတတ်နိုင်ကြခြင်းဖြစ်ကြောင်း သိရ၏။ 

နမ့်ခမ်းဒေသခံများမှာ ပြီးခဲ့သည့် ၂၀၀၉ က တရုတ်မီတာဘောက်စ်မှ ဗမာမီတာဘောက်စ်သို့ တခါလဲလှယ်ခဲ့ ရဖူးသည်။