သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့တောင်ဘက် မြန်မာရှေ့တန်းခံတပ်စခန်းအား သျှမ်းပြည် တပ်မတော် ဝင်ရောက် တိုက်ခိုက် မီးရှို့ဖျက်ဆီးပြီး နောက်ပိုင်း ကျေးလူလူထုအိမ်ပေါ် တက်နေပြီး မြန်မာစစ်ဗျူဟာများ စစ်ရေးစီမံကွပ်ကဲ နေကြောင်း သိရှိရပါသည်။
“စကခ ၂ လက်အောက်ခံ ဗျူဟာမှူး တယောက်က မိုင်းရယ်မြို့တောင်ဘက် နမ့်ပုတ်မှာ လာနေတယ်။ အကောင်းဆုံး အိမ်ကိုရွေးပြီး သူနဲ့ သူ့ရုံးအဖွဲ့နေတယ်။ နမ့်ပုတ်မှာ အိမ်ခြေ ၅၀ ကျော်တယ်။ အိမ်တိုင်း ဗမာစစ်သားတွေတက်နေတယ်။ ရွာခံသမီးပျိုတွေ ကာလသားတွေ မနေရဲဘူး။ တောတောင်တွေထဲနဲ့ တခြားမြို့မှာရှိတဲ့ ဆွေမျိုးသားချင်းတွေဆီတိမ်းရှောင် နေကြရတယ် ” - ဟု လားရှိုးရောက်ဒေသခံ တဦးက ပြောပါသည်။
သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် အနီးအနားဝန်းကျင်တွင် မြန်မာ စစ်တပ် တပ်ရင်းပေါင်း ၁၄ ရင်း ရှိကြောင်း၊ မိုင်း ရယ်မြို့ နမ့်ပုတ်ဂိတ် နင့် နမ့်ပုတ်ရွာ၌ပင် တပ်ရင်း ခလရ ၂၂ ၊ ၆၇ ၊ ၁၃၁၊ ၂၄၃ တို့ ရှိ ကြောင်း၊ သျှမ်းပြည်တပ်မတော်မှ ဆုတ် ပေးရသည့် နမ့်ကိုင်ဖိတ်၊ လွယ်ကုန်၊ လွယ်ကျိုင်း တပ်စခန်းများ တွင်လည်း မြန်မာတပ်များ အခြေချနေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
“ ကျနော်တို့ ဌာနချုပ် အနီးနားမှာဘဲ ၁၄ ရင်းရှိတယ်။ ကျနော်တို့နယ်မြေ သံလွင်အနောက်ခြမ်း၊ နမ့်ပန်ချောင်း အရှေ့ အနောက်ခြမ်း တွေဖြစ်တဲ့ တန့်ယန်း၊ မိုင်းရယ်၊ မိုင်းရှူး၊ သီပေါ၊ ကျေးသီး၊ ဒီ ၄-၅ မြို့နယ် အတွင်းမှာ ဆို တပ်ရင်းပေါင်း ၄၂ ခုရှိတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက ပြောသည်။
သျှမ်းပြည်တပ်မတော်အားထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရပခ၊ ရမခ၊ ရလခ လက်အောက်ခံ တပ်ရင်းများမှာ - အမြောက် တပ်ရင်း အမှတ် ၉၀၂၊ ၉၀၃၊ ခြေလျင်တပ်ရင်း (ခလရ) - ၉၊ ၁၂၊ ၁၇၊ ၂၂၊ ၃၃၊ ၆၄၊ ၆၇၊ ၆၉၊ ၁၁၄၊ ၁၁၅၊ ၁၁၈၊ ၁၂၈၊ ၁၂၃၊ ၁၃၁၊ ၁၃၆၊ ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၉၊ ၁၅၀၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၂၄၃၊ ၂၈၆၊ ၂၈၇၊ ၂၉၁၊ ခြေမြန် တပ်ရင်း (ခမယ) ၃၅၀၊ ၅၀၁၊ ၅၀၃၊ ၅၀၄၊ ၅၀၆၊ ၅၁၃၊ ၅၁၈၊ ၅၁၅၊ ၅၁၆၊ ၅၁၇ တို့ဖြစ်သည် သျှမ်းပြည်တပ်မတော် ပြန်ကြားရေးအဖွဲ့က ဆိုသည်။