SSPP/SSA ဌာနချုပ်အနီးတိုက်ပွဲပြင်းထန် မြန်မာတပ်သားတဦးအား သျှမ်းတပ်အရှင်ဖမ်းမိ

SSPP/SSA ဌာနချုပ်အနီးတိုက်ပွဲပြင်းထန် မြန်မာတပ်သားတဦးအား သျှမ်းတပ်အရှင်ဖမ်းမိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်ဝမ့်ဟိုင်းဌာနချုပ်မြောက် ဖက်ရှိ မြန်မာစစ်တပ်၏ နမ့်ပုတ်းဂိတ်တွင် ၂ ရက် ဆက်တိုက် ပစ်ခတ်မှုဖြစ်ပွါးရာမြန်မာစစ်တပ်၏ အသေအပျောက် များကြားတပ်သားတယောက် အား SSPP/SSA က အရှင်ဖမ်းမိထား ကြောင်း ဝမ့်ဟိုင်းမှလာသောသတင်း အရ သိရသည်။

Num_Pookဂျူလိုင်လ ၁၁ ရက် ယမန်နေ့ မနက် ၉ နာရီက နမ့်ပုတ်းဂိတ်၌ဖြစ်ပွါးသောတိုက်ပွဲတွင် ဂိတ်၌စခန်းချသော တုံလော အခြေစိုက် ခလရ ၁၃၁ နှင့်သျှမ်းပြည်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီးမြန်မာစစ်တပ် ဖက်မှ ဗိုလ်ကြီးတယောက် တပ်ကြပ်ကြီးတယောက် အပါအဝင် ၅ ယောက်သေဆုံးသည်ကိုတွေ့ရ ကြောင်း  SSPP/SSA ၏ အကြီးအကဲ တဦးက ပြောသည်။

“မနေ့က တိုက်ပွဲမှာ ကျနော်တို့ ဖက်က တပ်မဟာ ၂၇ တပ်ရင်း ၁၈၇ က ဗိုလ် စိုင်းစင်ဦးဆောင်ပြီး ဗမာတပ်ကို သွားတိုက်တာ။ သူတို့ ဖက်က အသေများတော့  ညနေ ၄ နာရီလောက်လဲရောက်ရော နမ့်ပုတ်းဂိတ်က ၁၃၁ နဲ့အတူ မိုင်းနောင် အခြေစိုက် ခလရ ၂၈၆ ၊ ဝမ့်စင်းအခြေစိုက် ခလရ ၂၈၇ ပူးပေါင်းအင်အား ၂၀၀ ကျော် ကျနော်တို့ရဲ့ ကိုင်ဖိတ်(ကြက်ဖြူ) တပ်စခန်းကို လက်နက်ကြီးတွေ ဒရစပ်ပစ်တယ်” ဟု  အဆိုပါ အကြီးအကဲက ပြောသည်။

SSPP/SSA ၏အင်အားဖြည့်တင်းမှု အလျင်မမီသောကြောင့် ယမန်နေ့ညက ခေတ္တဆုတ်ပေးခဲ့ရပြီး ဂျူလိုင်လ ၁၂ ရက် ယနေ့မနက်မှာ အဆိုပါတပ်စခန်းကို သျှမ်းတပ်ဘက်မှပြန်လည်ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း SSPP/SSA  အရာရှိ တဦးကလည်း ပြောသည်။

“မနေ့ညက လက်နက်ကြီးတွေကြောင့်ရယ် ကျနော်တို့ရဲ့ အင်အားဖြည့်တင်းမှု အချိန်မီရောက် မလာတာ ကြောင့် ရယ် တော့ ကျနော်တို့ ဖက်ကတပ်ဆုတ်ပေးလိုက်ရတယ်။ ဒီမနက်မှာတော့ ၅ နာရီကနေ ရ နာရီ ခွဲအထိ ကျနော်တို့ဖက်က ပြန်ပြီးထိုး စစ်ဆင်တယ်။ ကျနော်တို့ဖက်ကလဲ အင်အား ၃ ရင်းနဲ့တက်တယ်။ သူတို့ဖက်ကလဲ ပူးပေါင်းအင်အား ၂၀၀ ကျော်လောက် ရှိမယ်။  သူတို့ ၂ ယောက် ၃ယောက်ဒဏ်ရာရ သွား တယ်။ သူတို့ရဲ့ စစ်သားတယောက်ကိုလဲကျနော်တို့ အရှင်ဖမ်းမိတယ်” ဟု အဆိုပါ SSPP/SSA အရာရှိက ပြောသည်။

ဖမ်းမိစစ်သား၏ အဆင့်နှင့် ရာထူးကိုမူ မသိရသေးဟုလည်း အဆိုပါ အရာရှိကပြောသည်။
leader_of_ssppတိုက်ပွဲဖြစ်ပွါးရာ နမ့်ပုတ်းဂိတ်မှာ SSPP/SSA  ဝမ့်ဟိုင်းဌာနချုပ်၏ မြောက်ဖက်တွင်ရှိပြီး ကျေးသီးမြို့နယ် (မိုင်းရယ်နှင့် ကျေးသီးအသွားလမ်းခွဲ) ဖတ်နမ်အုပ်စု တွင်တည်ရှိသည်။

အလားတူ ယမန်နေ့ည ၁၁ နာရီကလည်း မိုင်းရှူးမြို့နယ် နောင်အက်အုပ်စု အတွင်းပါခါးဆိုင်ရွာတွင် လည်း စခန်းမှထွက် လာသော မြန်မာစစ်ကြောင်းတကြောင်းနှင့်ပက်ပင်းတိုးမိရာမှနာရီဝက်ကြာတိုက်ပွဲ ဆက်လက် ဖြစ်ပွါးခဲ့သေးသည်ဟု သိရသည်။

“မိုင်းအောတ်ဗျူဟာတပ်စခန်းနဲ့သိပ်မဝေးဘူးလို့ကြားတယ်။ အင်အားဘယ်လောက်၊အသေအပျောက် ဘယ် လောက်၊ တပ်ရင်းအမှတ် ဘယ်လောက်ဆိုတာတော့ မသိရသေးဘူး”ဟုလည်းမိုင်းရှူးမှလာသော သတင်းအရ သိရသည်။

သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ SSPP-SSA (Shan State Progress Party / Shan State Army) ဝမ့်ဟိုင်းဌာန ချုပ်ဖြတ်သန်းသည့် မိုင်းရယ်- ကျေးသီး လမ်းခွဲရှိ အဆိုပါ နမ့်ပုတ်းဂိတ်မှ မိုင်းရှူးသွားမည့် ကားကြီး ကားငယ်များ အား ယခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြန်မာအာဏာပိုင်များက စတင်ပိတ်ပင် ထာ၏။ အသွင်ပြောင်းရေးလက်မခံသည့် ဗိုလ်ချုပ်ပန်ဖှ ခေါင်းဆောင် သျှမ်းပြည်တပ်မတော်အားလည်း မြန်မာတပ်က မတ်ခ်ျ ၁၃ ရက်နေ့မှ စ၍ ယနေ့တိုင် ထိုးစစ်ဆင်ခိုက်နေဆဲဖြစ်သည်။

Most read this week