မြန်မာတပ်အရာရှိအား လုပ်ကြံရခြင်း အကြောင်းရင်း သျှမ်းတပ်သားထွက်ဆို

မြန်မာတပ်အရာရှိအား လုပ်ကြံရခြင်း အကြောင်းရင်း သျှမ်းတပ်သားထွက်ဆို
by -
သျှမ်းသံတော်ဆင့်

ဂျွန်လ ၂၅ ရက် ညနေပိုင်းက မိုင်းနောင်မြို့လယ်၌ သတင်းအချက် အလက်ထောက်လှမ်း စုံစမ်းခြင်း တာဝန် ယူနေသော သျှမ်းပြည်တပ်မတော်တပ်သား စိုင်းအိုက်လှက မြန်မာစစ်တပ်အရာရှိအား လုပ်ကြံ သတ်ဖြတ်ရ ခြင်းမှာ   ဒေသခံလူထု အပေါ် အဆိုပါ အရာရှိက အနိုင်ကျင့်ခေါင်းပုံဖြတ်လွန်းသည်ဟု သိရသောကြောင့် ထိပ်တိုက်တွေ့ဆုံရန်  သွားခြင်း ဖြစ်ကြောင်း SSPP/ SSA  သတင်းရပ်ကွက်က သိရ၏။

Pistol“အဲဒီအရာရှိ ညနေညနေဆိုရင် မြို့ထဲလာပြီး အပျိုတွေကို ပိုးလေ့ရှိတယ်။ အဲ့ညနေက မင်္ဂလာရန်အောင် မြို့လယ် ကျောင်းနားမှာ အရပ်ဝတ်၊ ပလိုင်းလွယ်တဲ့ ကျနော့်ကိုခေါ်ပြီး မင်းသျှမ်းသူပုန်လား၊မှတ်ပုံ တင်ပြပါဦး ဆိုပြီးတောင်းကြည့် တာ။ မေးရင်လဲ အော်ငေါက်ဆဲဆိုတဲ့လေသံနဲ့မေးတာ။ ဗမာစစ်သားကို နာကျည်းနေတာ လဲရှိတော့ ကျနော်လဲ ချတော့ တာပေါ့” ဟု ရုံးချုပ်ရောက်စိုင်းအိုက်လှကပြောကြောင်း အရာရှိတဦးကပြေန်လည် ပြောပြသည်။

ယခု ၎င်းသတ်လိုက်သော မြန်မာစစ်တပ်အရာရှိမှာ အမည်နှင့်ရာထူးအဆင့်မသိရသော်လည်း ခလရ ၉ မိုင်းနောင် တပ်မှဖြစ်သည်ကိုတော့ သေချာသည်ဟုဆို၏။
Sword
“ သူ ကျနော့်မှတ်ပုံတင်ကြည့်နေတုန်း ကျနော်လဲ ပလိုင်းထဲက ဓါးဆွဲပြီးသူ့ကိုခုတ်တာ။သူကရှောင်တိမ်း ရင်း ခါးပစ္စတို ဆွဲယူနေချိန် ကျနော်က သူ့ပစ္စတိုကိုကန်ထုတ်ပြီးထပ်ခုတ်တာ သူဒဏ်ရာရသွားတယ်။ အဲ့ချိန်မှာဘဲ  ကျနော့မှတ်ပုံတင်ကို ပြန်ဆွဲယူလိုက်တယ်။ ပြီးတော့ သူ့သေနတ်ကိုကောက်ပြီး သူ့ကို ၂ ချက်ဆက်တိုက်ပြန်ပစ် ထဲ့လိုက်တယ်။ မလှမ်းမကမ်းက သူ့တပည့် ၂ ယောက်က ကျနော့်ကို သေနတ်နဲ့ နှစ်ချက်လောက်လှမ်းထူ သေးတယ်။  မထိလို့သေဘေးက လွတ်လာတာ” ဟု စိုင်းအိုက်လှ ရှင်းပြခဲ့ သည်ဟုရုံးအဖွဲ့အရာရှိတဦးထပ်ပြောပြ ပါသည်။

စိုင်းအိုက်လှ နှင့် ၎င်းသိမ်းယူရရှိခဲ့သော ပစ္စတိုဓါတ်ပုံ (ဓါတ်ပုံ - စိုင်းနမ့်ပန် SSA)