သျှမ်းပြည် (မြောက်ပိုင်း) သိန္နီမြို့အနီး ရေပူကုန် စစ်ဆေးရေးဂိတ်၌ ယခုအခါတာဝန်မှ ရပ်နားခံရ သည့် ဝန်ထမ်းများ လမ်းပေါ်ထွက်၍ ကားသမား များထံမှ ငွေညှစ်တောင်းယူနေကြောင်းယာဉ်မောင်း များ အဆိုအရသိရသည်။
တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းတစ်ခုဖြစ်သည့် မူစယ် - မန္တလေးလမ်း ရေပူကုန်စစ်ဂိတ်တွင် ယခင် ဝန်ထမ်း အဖွဲ့ ၁၄ ဖွဲ့ထားရှိရာမှ မေလဆန်းပိုင်းမှစ၍ ၃ ဖွဲ့သာ ထားရှိတော့သည့်နောက်ပိုင်း ဖြစ်သည်။
ရေပူဂိတ်တွင် ဝန်ထမ်းအဖွဲ့များ လျှော့နည်းသွားသည့်တိုင် တာဝန်မှရပ်နားခံရသည့်ဝန်ထမ်းများ၏ ငွေတောင်း မှု ကြောင့် ယခင်ထက် အခြေအနေ ပိုဆိုးနေကြောင်း ယာဉ်မောင်း တစ်ဦးက ဆိုသည်။
“အရင်ကထက်တော့ မြန်လာတယ်၊ ရစ်တာညှစ်တာ သိပ်မခံရတော့ဘူး၊ ရေပူဂိတ်မှာပဲဝန်ထမ်း အဖွဲ့တွေလျှော့ သွား ပေမဲ့ တိုလ်းဂိတ်တွေမှာ ရှောင်တခင်အဖွဲ့ဆိုပြီးနေ့တိုင်းရှိတယ်၊ ပိုဆိုးသွားတဲ့ အနေအထားပေါ့ဗျာ” - ဟု သူက ဆိုသည်။
ယခင်ရေပူဂိတ် တာဝန်ကျ SB ရဲနှင့်အင်ဖေါ်မာအဖွဲ့မှာ သိန္နီအဝင်တိုးလ်ဂိတ် ပို့ဆက် ၊ ကညန ၊ ယာဉ်ထိန်းရဲ အဖွဲ့မှာ လားရှိုးအဝင်တိုးဂိတ်နှင့် မီးသတ် ၊ အကောက်ခွန် ၊ ရဲအဖွဲ့များမှာ လားရှိုးအထွက် ခေးနင်း(မ်) ရွာ စသည့်နေရာများ၌ စောင့်ဆိုင်း၍ ကားသမားများထံမှ ငွေညှစ်တောင်းခံသည်ဟု သူက ဆက်ပြောသည်။
“လိုင်စင်တောင်း ဘာတောင်း စာရွက်တွေတောင်းကြည့်တာပေါ့ဗျာ၊ ဂိတ်ကျဖူးတဲ့ဝန်ထမ်းတွေအခုမထိုင်ရ တော့ သူတို့ နိုင်တဲ့ လမ်းပေါ်မှာ ထွက်ပြီးအာဏာပြတာပေါ့ အဓိကကတော့ငွေတောင်းတာပါပဲ ” သူက ဆိုသည်။
ကြံ့ဖွံ့အစိုးရသမ္မတဦးသိန်းစိန်က သန့်ရှင်းသည့် အစိုးရဖြစ်ဖို့ ပြောကြားထားသော်လည်းကိုယ့်ဝန်ထမ်း ကိုယ် နိုင်နိုင်နင်းနင်း အုပ်ချုပ်ရန် လိုအပ်ကြောင်း မူစယ်မြို့ခံကုန်သည်ကြီးတစ်ဦးကမှတ်ချက်ချပြော ဆိုသည်။
သိန္နီရေပူစစ်ဆေးရေးစခန်းအား ၁၉၉၈ ဇန္နဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး မူစယ် ၊ လားရှိုး ၊ ကွမ်းလုံနှင့် ချင်းရွှေဟော်မြို့အသွားအလာ အချက်အချာ လမ်းဆုံ ကုန်စစ်ဆေးရေးစခန်းတစ်ခုဖြစ်သည်။