စစ်တပ်က ဖမ်းမိဆိုင်ကယ် ပြန်ရောင်း

စစ်တပ်က ဖမ်းမိဆိုင်ကယ် ပြန်ရောင်း
by -
သျှမ်းသံတော်ဆင့်

တရုတ်နယ်စပ်မှ မြန်မာဘက်သို့ တရားမဝင် တင် သွင်း သည့် ဆိုင်ကယ်များ ခလရ ၄၅ တပ်ရင်းက ဖမ်းဆီးပြီး ပြန်လည် ရောင်းချနေကြောင်း သိရသည်။

vehicleမူစယ်မြို့ လုံခြုံရေး တာဝန်ကျ ဗိုလ်မှူး ဇော်မျိုးထိုက် ဦးဆောင်သည့် ခလရ ၄၅ တပ်ရင်းမှ မြို့အထွက် နမ့်ပန်ရွာ အနီး ယခုလဆန်းပိုင်းက ဆိုင်ကယ် ၃ စီး ဖမ်းဆီးခဲ့ပြီး ယခု ပြန်လည်ရောင်းစားခြင်းဖြစ်ကြောင်း ဆိုင်ကယ် ကယ်ရီ အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ခလရ ၄၅  တပ်ရင်းမှူး  ဗိုလ်မှူး ဇော်မျိုး ထိုက် တပည့်တွေပေါ့ ။ ဒီလဆန်း  ၁ ရက် ည ၁၀ နာရီလောက်မှာ မူစယ်မြို့အထွက် နမ့်ပန်ရွာမှာ လားရိူးက ကယ်ရီသမားတွေ ဆီကနေ ဆိုင်ကယ် ၃ စီးဖမ်းထားတယ်” ဟု ကယ်ရီသမားနှင့် နီးစပ် သူက ဆိုသည်။

“၁၀၅ မိုင်ကွင်းတဲ့ ခိုးပေါက်တွေမှာ စစ်တပ်တို့ ရဲတို့  ထိုင်ပြီး ကယ်ရီဆိုင်ကယ်သမားတွေဆီကနေငွေ ကောက် စားတယ် ။ ခါတိုင်းတစ်စီးကို ၅၀၀ ကောက်တယ်။ အခု ၂၀၀၀ ကောက်တယ်။ ကယ်ရီသမားတွေ ငွေမပေးနိုင် လို့ ဆိုင်ကယ်တွေ မောင်းပြေးတော့ နောက်မှာကျန်တဲ့ ၃ စီးကိုဆွဲထားလိုက်တာ။ အခု အဲဒီ ဆိုင်ကယ် ၃ စီးကို လိုက်ရောင်းနေတာ ” ဟု ဆိုသည်။

Most read this week