သင်္ကြန်ကာလအတွင်း SSPP/SSA တိုက်ပွဲ ဗမာ့တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်သေ

သင်္ကြန်ကာလအတွင်း SSPP/SSA တိုက်ပွဲ ဗမာ့တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်သေ
by -
သျှမ်းသံတော်ဆင့်

သင်္ကြန်အတက်နေ့ နှင့် နှစ်သစ်ကူးနေ့တန့်ယန်းမြို့ နယ်အတွင်း ဖြစ်ပွားခဲ့သော ဗမာစစ်တပ် နှင့် သျှမ်း ပြည် တပ်မတော် SSPP/SSA အကြား တိုက်ပွဲတွင် တပ်ရင်းမှူးအပါဝင် ဗမာစစ်တပ်ဘက်မှ ၁၀ ယောက် ထက်မနည်းသေဆုံးကြောင်းဒေသခံ သတင်းရပ်ကွက် ကဆိုပါသည်။

Burmese_Soilder
ဧပြီ ၁၆ ရက် နှင့် ၁၇ ရက်  တန့်ယန်းတောင်ဖက် မိုင် ၂၀ ကျော်ရှိတောင်ဟျိုးအုပ်စု တောင်ဟျိုးရွာတွင် ဖြစ်ပွါး သော သျှမ်းပြည် တပ် မတော်တပ်မဟာ ၃၆ နှင့်   ဗမာစစ်တပ် ခမရ ၅၁၃ ခမရ ၅၄၂ တို့၏ တိုက်ပွဲများတွင် ဗမာစစ် တပ်ဖက်မှ ၁၀ ယောက် ကျကာ ၁၅ ယောက် ဒဏ်ရာရရှိကြောင်း အာဖီဂျီ လောင်ချာဗုံးသီး ၅ လုံးနှင့် ကျောပိုးအိတ် ၆ လုံးကို SSPP/ SSA ကသိမ်း ဆည်းရမိခဲ့ကြောင်း တန့်ယန်းဒေသခံ   ဝန်ထမ်းတဦး က သျှမ်းသံ တော်ဆင့်သို့ ဤကဲ့သို့ပြောပြပါသည်။

ဗမာတပ်မှ မသယ်နိုင်ဘဲမြှုပ်နှံသိမ်းဝှက်ခဲ့သည့် လက်နက်ခဲယမ်းမီးကျောက်များကို ညပိုင်း စစ်ကူပို့လိုက်သော ဗမာတပ်က သွားရောက်တူးဖော်ထုတ်ယူသွားသဖြင့် သျှမ်းတပ်ဖက်မှ လက်နက်သိမ်းဆည်းမှုမရှိဟုဆိုသည်။

“တပ်ရင်းမှူး ၁ ယောက်၊ အရာခံဗိုလ် ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက် နဲ့ တပ်သား ရ ယောက် စုစုပေါင်း ၁၀ ယောက်သေတယ်လို့ SSA တပ်မှူးတွေပြောတယ်။ ဒဏ်ရာရတာက  ၁၅ ယောက်ရှိတယ်ဆိုဘဲ။ သူတို့ တပ်သားတွေရဲ့အလောင်း တိတ်တဆိတ် မြေမြုပ်သင်္ဂြိုဟ်တာ ရွာသားတွေ တွေ့တာ။ မနေ့တုန်းက တော့ ဗမာစစ်သားတွေရော ရွာသားတွေပါ ရွာထဲမှာမနေရဲကြတော့ဘူး ”

ချုံခိုတိုက်ခိုက်ခံရစဉ် ဗမာစစ်သားများမှာ ဘုန်းကြီးကျောင်းအတွင်း၊ ရွာသားများ၏ တဲအတွင်း ၊ ပုန်းခိုကျင်းများ အတွင်း  ထင်းပုံများနောက်ကွယ်သို့ ပြေးပုန်းကြကြောင်း အဆိုပါ မိုင်းရှူးရောက် တောင်ဟျိုးဒေသခံ စစ်ပြေး ဒုက္ခ သည်က ပြောပြသည်။

“အရင်က တောင်ဟျိုးရွာပါတ်ဝန်းကျင်မှာ မိုင်းကောင် လားဟူပြည်သူ့စစ်  ကင်းစခန်းရှိတယ်။  ဗမာတပ်က တက်တိုက်မယ့်အကြောင်းသိလို့နေမှာပေါ့ မတ်လ ၁၃ ရက်ကတည်းက စခန်းမှာမနေတော့ဘူး။ တပ်ရုတ် ပြန်ကုန် ကြ တယ်။ ဗမာတပ်တွေ  အဲ့စခန်းဟောင်းတွေမှာ လာနေတာပေါ့။ အခု တော့အဲ့စခန်း ဟောင်းတွေအားလုံးကို သျှမ်းတပ်က သိမ်းနိုင်ပြီဆိုဘဲ” ဟု ဆို၏။

၁၆ ရက်တွင် အင်အား ၂၀၀ နီးပါးရှိ ခမရ ၅၁၃ ၊  တောင်ဟျိုးရွာအတွင်း စခန်းချသောဗမာစစ်တပ် ကို အင်အား တရာကျော်ရှိ ဒု တပ်မဟာမှူး ဗိုလ်မှူးစိုင်းရှဲန်  ဦးစီးသော SSPP/SSA  တပ်မဟာ ၃၆  မှတပ်ရင်း ၁၉၂၊ ၁၉၉ တို့က ဝိုင်းပိတ်တိုက်ခိုက်ခဲ့သည်။

၁၇ ရက်တွင်မူ  တောင်ဟျိုးအုပ်စု ဟွေ့လောတ်ရွာနှင့်တောင်ဟျိုးရွာများတွင် သျှမ်းပြည်တပ်မ တော်တပ်မ ဟာ ၃၆ မှ ဗိုလ်ကြီး ကောခင် ဦးဆောင်သောတပ်ဖွဲ့ ခမရ ၅၁၃ အား ၁၁ နာရီအချိန် ၁၅ မိနစ်ခန့် တိုက်ခိုက်ခဲ့သေး သည်။ ဗမာစစ်သား ၁၅ ယောက်လဲ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရပါသည်။