အခွန်တိုးမြင့် ကောက်ခံလာခြင်းကြောင့် ပန်ဆန်း ကုန်သည်များ အခက်တွေ့

အခွန်တိုးမြင့် ကောက်ခံလာခြင်းကြောင့် ပန်ဆန်း ကုန်သည်များ အခက်တွေ့
by -
သျှမ်းသံတော်ဆင့်

ဝ ပြည်သွေးစည်းညီညွတ်ရေး နှစ်ချုပ် အစည်းအဝေး ပြီးဆုံးသွားပြီးနောက် ပန်ဆန်းအတွင်း အခွန် အသီးသီးကို စတင် ကောက်ခံရာ ယခင်နှစ်များထက် ၁၀ ဆမက တိုးမြင့် ကောက်ခံနေသဖြင့် ပန်ဆန်းမြို့တော် ...

ဝ ပြည်သွေးစည်းညီညွတ်ရေး နှစ်ချုပ် အစည်းအဝေး ပြီးဆုံးသွားပြီးနောက် ပန်ဆန်းအတွင်း အခွန် အသီးသီးကို စတင် ကောက်ခံရာ ယခင်နှစ်များထက် ၁၀ ဆမက တိုးမြင့် ကောက်ခံနေသဖြင့် ပန်ဆန်းမြို့တော်ရှိ လုပ်ငန်းရှင်၊ ကုန်သည်၊ စီးပွါးရေးသမားများ အခက်တွေ့နေရကြောင်း သိရသည်။

ပန်ဆန်းမြို့ မြင်ကွင်း၀ နှစ်ချုပ် အစည်းအဝေး ပြီးဆုံးသည်နှင့် ၂၂ ရက်မှစ၍ ၀ ပြည်နယ် အစိုးရ၏ ဘဏ္ဍာ/အခွန်ဌာနက အိမ်ခွန်၊ ဆိုင်ခန်းခွန် ပြေးဆွဲယာဉ်ခွန် ဆေးပေးခန်းခွန် ငွေလှဲလှယ်ခွန်များအပြင် အခွန်အသီးသီး စတင် ကောက်ခံလာခြင်း ဖြစ်သည်ဟု ပန်ဆန်း ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

“အခွန် အရမ်းမြင့်တယ်ဗျာ။ ကျနော်တို့ သွားတောင်းပန်တော့ အခွန် မဆောင်နိုင်ရင် ဆိုင်ပိတ်ပြီး ပြန်-တဲ့။ ဒါပေမယ့် ပြန်ရင်တော့ ဝင်ခွင့်မပေးဘူးတဲ့။ ကျနော်တို့က မြို့ခံအရင်းတွေ မဟုတ်တော့ တခြားမှာ စီးပွါးရေး သွားလုပ်လို့ အဆင်မပြေ ရင်လဲ ပြန်လာချင်ရင် ခက်တော့မှာ။ အဲလောက် အခွန်ပေးရရင်တော့ ကျနော်တို့ အရောင်းအဝယ် လုပ်ငန်းက ကိုက်မှာ မဟုတ်ဘူးဗျ” ဟု ဆိုသည်။

ထိုသို့ အခွန်တိုးမြင့်ကောက်ခံရခြင်းမှာ နှစ်ချုပ် အစည်းအဝေး ဆုံးဖြတ်ချက်ကြောင့် မဟုတ်ဘဲ အထက် အရာရှိများ၏ ညွှန်ကြားချက် ဖြစ်သည်ဟု  အကောက်ခွန်ဌာန မိသားစုဝင်တဦးက ပြန်လည် ဖြေကြားသည်။

“မနေ့ကဘဲ ကျနော်တို့ဌာနကို အခွန်လျှော့ပေါ့ဖို့ လာတောင်းပန်တာ အယောက် ၅၀ လောက်ရှိတယ်။ နဲနဲလိုရင် များများကောက် များများလို နဲနဲကောက်ဆိုတဲ့ အကောက်ခွန် လုပ်ထုံးလုပ်နည်းလဲ ကျနော်တို့သိပါတယ်။ ဒါပေမယ့် အထက် က ညွှန်ကြားချက်အရကောက်ရတာလေ။ အစည်းအဝေးဆုံးဖြတ်ချက်ထဲမှာတော့ မပါဘူးတဲ့” ဟုဆို၏။

အကောက်ခွန်များ တိုးမြင့်ရခြင်းအကြောင်းရင်းကိုမူ အာဏာပိုင်များ မပြောဟုလည်းအဆိုပါဆိုင်ရှင်ကဆက် ပြောသည်။

တရုတ်နယ်စပ်အနီးရှိ ၀တပ်ဖွဲ့ ဋ္ဌာနချုပ်ရှိရာ တရုပ်နယ်စပ်အနီး ပန်ဆန်းမြို့၌ ယခုလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ၅ ရက်ကြာ ၂၀၁၀  နှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့သည်။

တိုးမြင့်ကောက်ခံခဲ့သော အခွန်များကို အောက်ပါအတိုင်း စုံစမ်းသိရသမျှ စုစည်း တင်ပြလိုက်ပါသည်။

Pangsang-tax

Most read this week