SSPP/SSA အား နအဖ ထိုးစစ်ဆင် တိုက်ခိုက်စဉ် ဒေသခံလူထု ပစ္စည်းလုယက် ရိုက်နှက်ခံရ

SSPP/SSA အား နအဖ ထိုးစစ်ဆင် တိုက်ခိုက်စဉ် ဒေသခံလူထု ပစ္စည်းလုယက် ရိုက်နှက်ခံရ
by -
သျှမ်းသံတော်ဆင့်

ဖေဖော်ဝါရီ  ၂၂ ရက်  မိုင်းရှူးရတနာမြေ ဒေသခံများ ခရီးသွားလာမှု ကိုနအဖအာဏာပိုင်များတင်းကြပ် လိုက်ပြီး နောက်ပိုင်း မတ်ခ်ျ  ၁၃ ရက်မှစ၍   သျှမ်းပြည် တပ်မတော် SSPP/SSA အား တပ်ရင်းပေါင်း ၁၉ရင်း ဖြင့် ...

ဖေဖော်ဝါရီ  ၂၂ ရက်  မိုင်းရှူးရတနာမြေ ဒေသခံများ ခရီးသွားလာမှု ကိုနအဖအာဏာပိုင်များတင်းကြပ် လိုက်ပြီး နောက်ပိုင်း မတ်ခ်ျ  ၁၃ ရက်မှစ၍   သျှမ်းပြည် တပ်မတော် SSPP/SSA အား တပ်ရင်းပေါင်း ၁၉ရင်း ဖြင့်  စစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် မိုင်းရှူးအပါအဝင်  ကျေးသီး၊ တန့်ယန်း၊ လားရှိုး ၊ မိုင်းရယ်၊ မိုင်းနောင်မြို့ နယ်ကျေးလက်ပြည်သူ များ စစ်ဘေးစစ်ဒဏ်ရင်ဆိုင်ခဲ့ ကြရသည်။

refugee_pictureတချိန်ထဲမှာပင် စစ်ပွဲမဖြစ်သော  ဒေသခံ ကျေးရွာရွာသူ၊ သားများလည်း လူ့အခွင့်အရေး အမျိုးမျိုး ချိုးဖောက် ခံနေရကြောင်း သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။

ကျေးသီးမြို့နယ် ဖတ်နမ်အုပ်စု နမ့်ပုတ်းရွာ

ကျေးသီးမြို့နယ် ဖတ်နမ်အုပ်စု နမ့်ပုတ်းရွာ၌ စခန်းချသည့်   လင်းခေးအခြေစိုက်တပ်တတပ်မှ ဗိုလ်ကြီးမင်းမင်း လှိုင် ဦးဆောင်သည့် စစ်ကြောင်းတကြောင်းက ယခုလ ၉ ရက်နေ့က နမ့်ပုတ်းရွာသားပိုင် နွားမတစ်ကောင် (ကာလတန်ဖိုး ကျပ် ၅၀၀၀၀၀) ကို   ထောင်ဖမ်းကာ အမဲပေါ်စားခဲ့သည်။ ၁၄ ရက်တွင်မူ ဖတ်နမ်ရွာသားတဦး၏ နွားထီး တကောင် (ကာလတန်ဖိုးကျပ် ၆၀၀၀၀၀) ကိုလည်း ၎င်းတပ်ကပင် အလားတူ ဖမ်းဆီးသတ်ဖြတ်စား သောက်  သည်။

မတ်ခ်ျ  ၁၅ ရက် အဆိုပါတပ်ဖွဲ့ပင် ဝမ့်ဝပ်ရွာသူကြီး လုံးစိုင်း (အသက် ၅၀ )အား ၎င်းတို့တပ်စခန်းသို့ လူလွှတ်ခေါ် ယူခဲ့၏။ လုံးစိုင်းရောက်လာသည်နှင့်စကားတခွန်းမျှမပြောဘဲ လုံးစိုင်းအား ရိုက်နှက်ကန်ကျောက်ပြီးနောက်  “အချိန်မီ ရောက်မလာသဖြင့် ဒဏ်ခတ်သည်” ဟုဆို၏။ ထိုသို့ရိုက်နှက်ပြီး နောက်ပိုင်း မင်းမင်းလှိုင်၏ တပည့်များက လုံးစိုင်းအိမ်သို့ သွားကာ မိသားစုအား “ ငါတို့ ဗိုလ်ကြီးက စိတ်မြန်လက်မြန် ဒေါသကြီးတယ် ။ စိတ်မရှိကြပါနဲ့” ဟု ပြောဆိုခဲ့သည်။

တန့်ယန်းမြို့နယ် မိုင်းကောင်ဝ်တိုက်နယ် နမ့်လောင်းရွာ

သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွါးပြီး နမ့်လောင်ဝ်းအား နအဖတပ်ဝင်ရောက်ထိန်းချုပ်ခဲ့ သည့်မတ်ခ်ျလ ၁၆ ရက် နောက်ပိုင်း  နအဖတပ် ခလရ ၃၃ နှင့် ၂၉၁ တို့က နမ့်လောင်ဝ်းဒေသခံ ၁၀၀ ကျော် ဖမ်းဆီးကာ တပ်စခန်း အတွင်းချုပ်နှောင်ထားသည်ဟုသိရသည်။ အဖမ်းခံရသည့် ဒေသခံအများစုမှာရှောင်ပြေးရခက်သော အမျိုးသမီး၊ ကလေး ငယ်နှင့် သက်ကြီးရွယ်အိုများသာဖြစ်သည်ဟုဆိုသည်။ အလားတူ မိုင်းကောင်ဝ်လူငယ် ၂၀-၃၀ ယောက်အားလည်း အဆိုပါတပ် ၂ တပ်က ဖမ်းဆီးကာ နမ့်လောင်းဒေသခံတဦး၏ နေအိမ်၌ချုပ်ထား၏။ နအဖ စစ်တပ်၏ ဖမ်းဆီးထိန်းချုပ်မှုကိုကြောက် သော ရွာသား ၆၀၀ ထက်မနဲ တောတောင်ထဲ အစာငတ်ပြတ်ခံ ပုန်းခိုနေကြရသည်။ အဆိုးဆုံးမှာ မိုင်းကောင် အုပ်စု စစ်ပြေးဒုက္ခသည်များ၏ အိမ်သုံးပစ္စည်းများမွှေနှောက် ရှာဖွေယူငင်ကြသည့်အပြင် ဒေသခံများ၏ ဆိုင် ကယ်အစီး ၅၀  သိမ်းယူကာ တန့်ယန်းရှိ ၎င်းတို့၏မိသားစုများ ထံပို့ပေးကြကြောင်းတန့်ယန်း တပ် မိသားစုထံမှ သိရသည်။

ကျေးသီးမြို့နယ် မက်မန်းရွာ၊ ပါတက်ရွာ

သျှမ်းပြည်တောင်ပိုင်း လင်းခေးအခြေစိုက် ခမရ ၅၇၈ မှ ဗိုလ်မှူးအေးအောင်ဦးဆောင်သော အင်အား ၆၇ ယောက်ပါအဖွဲ့ ယခုလ ၁၈ ရက်က ကျေးသီးမြို့နယ် မက်မန်းရွာသားများထံ အရက်၊ ကြက်၊ စားဆီနှင့် မီးဖိုချောင်သုံး ပစ္စည်းများ (ကာလတန်ဖိုးကျပ် ၆ သိန်းကျော်) ဆင့်ဆိုယူငင်သွားကြသည်။

အဆိုပါအဖွဲ့ပင် ၁၉ ရက် ၌ ကျေးသီးမြို့နယ် ပါတက်ရွာသား လုံးစိုင်းပီး ၏ နွားလှည်း ကိုချောဆွဲကာ လုံးစိုင်းပီး (အသက် ၅၀ )အားသွေးအန်သည်အထိ ရိုက်နှက်ကန်ကျောက်ခဲ့ ၏။ ထိုနေ့၌ပင် ပါတက်ရွာသား စိုင်းအောင် (အသက် ၂၅ နှစ်)ကိုလည်း သျှမ်းသူပုန်သတင်း မပြောရကောင်းလားဟုဆိုကာ သေနတ်ဒင်ဖြင့်ထု၍ နောင်အခါ သျှမ်းသူပုန် အကြောင်းမေးလျင် မသိဟုမပြောရ ဟူ၍ ခြိမ်းခြောက်ခဲ့သေးသည်။

ကျေးလက်လူထုအားထိုသို့ရိုက်နှက်အနိုင်ကျင့်ပြီးသည်နှင့် ပါတက်ရွာတွင်းဝင်ရောက်မွေနောက်၍ အရက်(၅၀ ပုလင်း)၊ ဆီ(၂၀ ပုလင်း)၊ ဒန်အိုး (၅ လုံး) ဟင်းချိုမှုန့် (၁၀ ထုတ်) နှင့် ဘုရားဆင်းထုတော် ၃ ဆူယူသွားသည်ဟု သိရသည်။

Most read this week