နအဖစစ်အစိုးရက ၃ လကျော်ကြာ လစ်လပ်နေသော မူစယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး ညွန်ချုပ် ရာထူးကို စစ်အရာ ရှိ တစ်ဦးအား ခန့်အပ်လိုက်ပြီး အဆိုပါ အရာရှိ ယမန်နေ့က စတင် တာဝန် ထမ်းဆောင်နေ ...
နအဖစစ်အစိုးရက ၃ လကျော်ကြာ လစ်လပ်နေသော မူစယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး ညွန်ချုပ် ရာထူးကို စစ်အရာ ရှိ တစ်ဦးအား ခန့်အပ်လိုက်ပြီး အဆိုပါ အရာရှိ ယမန်နေ့က စတင် တာဝန် ထမ်းဆောင်နေကြောင်း သိရသည်။
စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်း ဗိုလ်မှူးကြီး အောင်မင်းအား တရုတ် - မြန်မာနယ်စပ် မူစယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေး ညွန်ချုပ်သစ် အဖြစ် ဂျန္နဝါရီ လကုန်ပိုင်းက ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့က ညွန်ချုပ်တာဝန်ထမ်းရန် မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ သို့ ရောက်ရှိလာရာ လုပ်ရိုးလုပ်စဉ်အတိုင်း ဒေသတွင်း လှည့်လည် စစ်ဆေးမှု ပြုလုပ်နေကြောင်း နယ်စပ် ကုန်သည် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ယခင် နယ်စပ်ကုန်သွယ်ရေး ညွန်ချုပ် ဗိုလ်မှူးကြီး စံပြည့်သည် စစ်အစိုးရ၏ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံရန် လွန် ခဲ့သည့်နှစ် နိုဝင်ဘာလဆန်းပိုင်း ကတည်းက ပြောင်းရွေ့သွားရာ လူစားမထိုးသဖြင့် အဆိုပါနေရာ လစ်လပ်နေကြောင်း သိရသည်။
“DSA အပတ်စဉ် ၁၉ က ဗိုလ်မှူးကြီးအောင်မင်း နယ်စပ်ကုန်သွယ်ရေး ညွန်ချုပ်အဖြစ် မနေ့က ရောက်လာတယ် ကာကွယ်ရေးဝန်ကြီး ဌာနက လာတာပဲ မနေ့ကတော့ တိုင်းခန်းလှည့်လည်တာ အရင်ညွန်ချုပ် ဗိုလ်မှူးကြီးစံပြည့်ရဲ့ နေရာ ပေါ့ သူရွေးကောက်ပွဲသွားကတည်း က လစ်လပ်နေတာ” ဟု နယ်စပ် ကုန်သည်တစ်ဦးက ပြောသည်။
မြန်မာအစိုးရသစ် သမ္မတ ဦးသိန်းစိန်က အဆိုတင်သွင်းထားသော ၀န်ကြီးများ အမည်စာရင်း လက်ရှိ နအဖ စစ်ကောင်စီ စီးပွားကူးသန်း ဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်း၏ အမည်ပါ၀င်သော်လည်း လက်ရှိဝန်ကြီးနေရာ ပြန်လည် ခန့်အပ်မှု ရှိ၊မရှိကို နယ်စပ်ကုန်သည် များက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။