သျှမ်းပြည် ပြည်နယ်လွှတ်တော်သဘာပတိ နှင့် ဥက္ကဌ ရာထူး USDP မှ သျှမ်းအမျိုးသားများ ရွေးခံရ

သျှမ်းပြည် ပြည်နယ်လွှတ်တော်သဘာပတိ နှင့် ဥက္ကဌ ရာထူး USDP မှ သျှမ်းအမျိုးသားများ ရွေးခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ကြီးမြို့၌ ခေါ်ယူကျင်းပသည့် ပြည်နယ်လွှတ်တော် သဘာပတိ၊ ဥက္ကဌ နှင့် ဒုဥက္ကဌ ရာထူးအသီးသီးအား ရွေးချယ်သတ်မှတ်ရာတွင် USDP မှ အမတ်များသာ ရရှိသွားကြောင်း စုံစမ်းသိရှိရ ...

သျှမ်းပြည် တောင်ကြီးမြို့၌ ခေါ်ယူကျင်းပသည့် ပြည်နယ်လွှတ်တော် သဘာပတိ၊ ဥက္ကဌ နှင့် ဒုဥက္ကဌ ရာထူးအသီးသီးအား ရွေးချယ်သတ်မှတ်ရာတွင် USDP မှ အမတ်များသာ ရရှိသွားကြောင်း စုံစမ်းသိရှိရပါသည်။

သျှမ်းပြည် မြ့ုိတော် တောင်ကြီး ကျားခေါင်း အဆောက်အဦး“သဘာပတိကော၊ ပြည်နယ်လွှတ်တော် ဥက္ကဌ/ဒုဥက္ကဌ ရာထူးကော ပြည်ခိုင်ဖြိုးပါတီက ရသွားတယ်၊ ဒီမိုကရေစီနည်းအရ ရွေးကောက်တယ်လို့ပြော တော့ ဘယ်သူမှ ဘာမှသိပ်မဝေဖန်ဘူး။ ကြံ့ဖွံ့ဆိုပေမယ့် သျှမ်းအမျိုးသားတွေပါဘဲ” - ဟု တက်ရောက်သူ အမတ်တဦး က ပြောပြပါသည်။

၂ဝ၁၁ ဂျန္နဝါရီ ၃၁ ရက် မနေ့က သျှမ်းပြည် မြ့ုိတော် တောင်ကြီး ကျားခေါင်း အဆောက်အဦး (လွတ်လပ်ရေးခေတ်လွန် သျှမ်းပြည်အစိုးရ ရုံးတော် ဟောင်း)၌ ကျင်းပကြောင်း၊ လျှို့ဝှက်မဲပေးစနစ်ဖြင့် ပြည်နယ်လွှတ်တော် သဘာပတိ၊ ဥက္ကဌ၊ ဒုက္ကဌ အသီးသီးရွေးချယ်ခဲ့ကြောင်း သိရှိရပါသည်။

သျှမ်းပြည် ပြည်နယ်လွှတ်တော် သဘာပတိအား စိုင်းထွန်းရင်(တောင်ကြီး USDP အမတ်)၊ ဥက္ကဌအဖြစ်စိုင်းလုံးဆိုင် (ကျိုင်းတုံ USDP အမတ်)၊ ဒုဥက္ကဌ အဖြစ် ဆရာစိုင်းခမ်းမတ် (လားရှိူး USDP အမတ်)တို့ ပါဝင်သည်။

“သဘာပတိ စိုင်းထွန်းရင်ကို ပြိုင်တာက INDP အင်းအမျိုးသားပါတီ ဦးထွန်းမြင့်၊ ဥက္ကဌ စိုင်းလုံးဆိုင်ကို ပြိုင်တာက မူစယ်က ကျားဖြူပါတီ ဒေါ်နန်း ငွေငွေ၊  ဥက္ကဌမှာ ရှုံးတော့ ဒုဥက္ကဌမှာဝင်ပြိုင်ပြန်တယ်။ စိုင်းခမ်းမတ်ကို ထပ်ရှုံးပြန်တယ်။ ဒါကြောင့် ၃ နေရာစလုံး ကြံ့ဖွံ့လူဘဲဖြစ်သွားတယ်” - ဟု ကျားဖြူ အမတ်တဦးက ပြောပြပါသည်။

လွှတ်တော် ပထမဆုံးရက်မှ ဆက်လက်ဆွေးနွေးသွားမည့်လွှတ်တော် အစည်းအဝေးအာဂျင်ဒါ အသေးစိတ်လည်း မသိရသေးကြောင်း၊ လက်ရှိအခြေ အနေတွင် သျှမ်းပြည်အတွင်း ( ဝ ၊ ကိုးကန့်၊ ပအိုဝ်း၊ ပလောင်၊ နှင့် ဓနု)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ/ တိုင်း ဦးစီးအဖွဲ့အစည်းအဝေးများ ဦးစွာကျင်း ပပြီး ကိုယ်စားလှယ် အဆိုတင်သွင်းမှုကိုစောင့်ဆိုင်း ရမည်ဖြစ်သဖြင့် 2-3 ရက် ကြာဦးမည်ကြောင်း၊ သျှမ်းပြည်ဝန်ကြီးချုပ်ရာထူး ရွေးချယ်မည့်နေ့ရက် လည်းမသိရသေး ကြောင်း - ဆက်လက်၍ ပြောပြပါသည်။

“နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်” -  ဟု  ၂ဝဝ၈ ဖွဲ့စည်းပုံ စာမျက်နှာ ၁ဝ၄ (ပုဒ်မ ၂၆၁/င) တွင် ဖေါ်ပြထားပါသည်။

ထို့အတူ နှစ် ၂ဝ အတွင်းပထမဆုံးခေါ်ယူသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းဒေသကြီးလွှတ်တော်အပါအဝင် လွှတ်တော်သုံးရပ်လုံး၌ စစ်အုပ်စု၏ နားဂစ်ဖွဲ့စည်းပုံအရ စစ်တပ်မှ ၂၅% အလို အလျှောက်ပါဝင်မည်ဖြစ်သည်။ (ဥပမာ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုန်း သုံးမြ့ုိနယ်အတွက် ကိုယ်စားလှယ် ၆ ဦး သာရှိသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖို့ ဖွဲ့စည်းပုံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း ဦးစီး အဖွဲ့တွင် ၁ဝ ဦး ရှိရမည်ဟူသော ပြဌာန်း ချက်အရစစ်တပ်ကိုယ် စားလှယ်အရေအတွက် ပေါင်း၍မှ မပြည့်သေးလျှင်လည်းပြည်ထောင်စုအစိုးရကတိုက်ရိုက် ရွေးချယ်ဖြည့်တင်းပေးမည်ဟု ဆိုထား ပါသည်။)