မယ့်ဆိုင် နယ်ခြားချောင်းကူး အမှတ် ၁ တံတား ဟောင်း ကဲ့သို့ အမှတ် ၂ တံတားဖွင့်လှစ်တော့မည့် သတင်းနှင့် အတူ လဝက် အတွင်း တာချီလိတ် မြို့ မြေစျေး ၂ ဆ တက်လာကြောင်း မြို့ခံတဦးက ပြော ...
မယ့်ဆိုင် နယ်ခြားချောင်းကူး အမှတ် ၁ တံတား ဟောင်း ကဲ့သို့ အမှတ် ၂ တံတားဖွင့်လှစ်တော့မည့် သတင်းနှင့် အတူ လဝက် အတွင်း တာချီလိတ် မြို့ မြေစျေး ၂ ဆ တက်လာကြောင်း မြို့ခံတဦးက ပြောသည်။
“လဆန်းကနေ ဒီနေ့အထိ ရက် ၂ဝ ကျော်လေးအတွင်း လူစည်ကားတဲ့ တချို့ရပ်ကွက်မှာ ၂ ဆတက်တာ။ အရင်က ပေ ၄ဝ x ၆ဝ တကွက် ဘတ်ငွေ ၄ -၅ သန်း။ အဲ့ဒီအကွက်ဘဲ ဘတ်ငွေ ရ ့၅ သန်းနဲ့ တမြန်နေ့ကဘဲ ရောင်းလိုက်ရပြီ။ မြေဂရမ် ရှိတာ- မရှိတာ စျေးနှုန်း သိပ်မကွာဘူး။ ဂရမ်သွား လုပ်လဲ ပိုက်ဆံ ဘတ်သိန်းချီ ထပ်ပေးရတော့ သိပ်မလုပ် ချင်ကြဘူး” ဟု အိမ်ဆိုင်ဖွင့်ထားသည့် မကာဟိုခမ်းရပ်မှ စျေးသည် တဦးက ပြောသည်။
တဖက်ကလည်း မဲခေါင်ရပ်ကွက်ရှိ ချစ်ကြည်ရေး တံတားအမှတ် ၂ ဖွင့်လှစ်တော့မည်ဟူသည့် ကောလာဟလ သတင်းကြောင့် စီးပွါးရေးဇုံဖြစ်လာမည့် တာချီလိတ်မြို့တွင် မြေစျေးနှုန်း တက်ရခြင်းဖြစ်ကြောင်း သျှမ်းပြည်မြောက်ပိုင်း မှ လာရောက် အခြေချသည့် စီးပွါးရေး သမားတဦးကလည်း ပြောပြသည်။
“အများအားဖြင့် ငွေမဲကနေ ငွေဖြူခဝါချလိုသူတွေပေါ့။ အလုအယက်ဝယ်ကြလို့ မြေစျေးတွေ မတန်တဆ တက်ကုန်တာ။ အခု လဲတိုက်တွေတာတွေ အလုအယက်ဆောက် ပြန်တယ်။ အလုပ်သမားတောင် မလောက် မငှဖြစ်နေတာ။ နောက်တခု တမြန်နှစ် တုန်းက လက်နက်ကိုင် အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်ပြောင်း ခိုင်းတုန်းက နိုင်ငံရေး မတည်မငြိမ်ဖြစ်တော့ ငွေကြေး တတ်နိုင်တဲ့ လူတွေ တာချီလိတ်မှာ မြေဝယ် အိမ်ဝယ်ပြီး ပြောင်းနေကြတာလေ” ဟု ဆို၏။
ယခုနှစ်မြေကွက်ဝယ်ယူသူ အများစုမှာ တရုတ်နှင့် သျှမ်းလူမျိုးများဖြစ်ပြီး ဗမာလူမျိုး အနည်းအကျဉ်းရှိကြောင်း၊ တခြားဒေသမှ တာချီလိတ်သို့ အလုပ်လာလုပ်ကြသူလည်း ယခင်နှစ်များထက်ပိုမိုများပြားပြီးငှားခ တလ ဘတ် ၄ဝဝ-၅ဝဝ ပေးရသည့် အခန်း လေး၌ ၃ ယောက် ၄ ယောက်စု ငှားနေကြကြောင််းလူလတ်ပိုင်းစီးပွါးရေးလုပ်ငန်းရှင် အမျိုးသားတဦီးကလည်းပြောသည်။
“ မြို့ခံ/ဇာတိတွေထက် ဧည့်သည်/ပုတိတွေက ပိုများတယ်။ ၆ ဆလောက်ရှိတယ်။လူများလာသလောက် စီးပွါးရေးလဲ သူ့ထက်ငါ အပြိုင်အဆိုင် အလုအယက်လုပ်ရတယ်” ဟု ၎င်းကပြောသည်။
အိမ်ခြံမြေ ဝယ်ယူရောင်းချရေးတွင် ရယက/မယက ဥက္ကဌများကိုယ်တိုင်ပါဝင်ပွဲစားလုပ်ကာရောင်းဝယ်ရေးစာရွက် စာတမ်း လုပ် ပေးပြီး ကြားမှ ဘတ်ငွေ ၃-၄ သောင်းရကြသည်ဟုဆို၏။
စျေးကြီးပေးရောင်းဝယ်ကြသောမြေကွက်များအနက် လူစည်ကား ရာ မြို့တွင်းရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ ဟွေ့ယုံး၊ ဝမ့်မိုင်၊ မကာဟိုခမ်း၊ ဆန်ဆိုင်း က၊ ဆန်ဆိုင်း ခ၊ မဲခေါင်ရပ်ကွက် တို့ဖြစ် သည်ဟု သိရသည်။