သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့များအား နေပြည်တော်မှ ပြည်သူ့စစ်နှင့် နယ်ခြား တပ်များညွှန်ကြားရေးမှူးက သွားရောက်ခေါ်ယူ တွေ့ဆုံ ...
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့များအား နေပြည်တော်မှ ပြည်သူ့စစ်နှင့် နယ်ခြား တပ်များညွှန်ကြားရေးမှူးက သွားရောက်ခေါ်ယူ တွေ့ဆုံရာ တပ်မတော် လက်အောက်ခံပြည်သူ့စစ် အင်အား ၈ သောင်း အနက် ၃ သောင်းကျော် လက်နက်တပ်ဆင်ပေးပြီး ကျန် ၄-၅ သောင်းအတွက်လည်း ဆက်လက် ထုတ်ပေးသွားမည် ဟု ပြောဆိုခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါသည်။
“နေပြည်တော်က ပြည်သူ့စစ်နဲ့နယ်ခြား တပ်ညွှန်ကြားရေးမှူး တန့်ယန်းဗျူဟာရုံးမှာ ပြည်သူ့စစ် ၁၆ ဖွဲ့ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ တန့်ယန်းမလာခင် မန့်ပန်ဌါနေပြည်သူ့စစ်ဌါနချုပ်ကို အရင်သွားတယ်။ ဗိုလ်မွန်းလဲ ပြန်လိုက်လာတယ်” ဟု တန့်ယန်းဒေသခံ တစ်ဦးက ပြောပါသည်။
ဒီဇင်ဘာ ၁၃ ရက် နေပြည်တော်မှ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်း၊ လားရှိုး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌါနချုပ်မှ ဗိုလ်မှူးကြီး သန်းဦးတို့ လုံခြုံရေးကား ရ စီးဖြင့် တန့်ယန်းသို့ ရောက်ရှိ လာကာ ည ရးဝဝ မှ ၈း၃၀ နာရီထိ တန့်ယန်းဗျူဟာရုံး၌ ပြည်သူ့စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲသို့ ပြည်သူ့စစ် ၁၆ ဖွဲ့မှ ၁၉၀ ကျော် တက်ရောက်ခဲ့ ကြသည်။
“မြန်မာနိုင်ငံမှာ တပ်မတော်၊ ရဲနဲ့ ပြည်သူ့စစ်ဘဲ လက်နက်ကိုင်ဆောင်ခွင့်ရှိတယ်။ ဒါကြောင့်ပြည်သူတွေကို အနိုင် ကျင့်တာ၊ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူလုယက်တာ၊ အာဏာနဲ့ဖိနှိပ်တာတွေ မလုပ်ရဘူး။ ပြည်သူ့စစ်သင်တန်းက သင်ကြားချက်တွေအတိုင်း လိုက်နာရမယ်လို့ ညွှန်ကြားရေးမှူးက ပြောသွားတယ်။ ဗမာစစ်တပ်လုပ်နေတာတွေ လိုက် အတုမခိုးနဲ့လို့ မပြောရုံတမယ်ဘဲ” ဟု မန့်ပန်ပြည်သူ့စစ်နှင့်ဝင်ဆန့်သူတစ်ဦးက ပြောပါသည်။
ယခုလက်ရှိ နအဖ လက်အောက်ခံ ပြည်သူ့စစ်အင်အား ရှစ်သောင်းကျော်အနက် သုံးသောင်းကျော်ကို လက်နက်များ တပ်ဆင်ပေးပြီးဖြစ်ကြောင်း၊ ကျန်ပြည်သူ့စစ်များကိုလည်း လက်နက်များဆက်လက်တပ်ဆင်ပေးသွားမည်သာမက လက်နက်ကြီးများပါ ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
“ပြည်သူ့စစ်တွေဟာ တိုင်းပြည်အင်အားဖြစ်တယ်။ တပ်မတော်ကအကူအညီလိုအပ်ရင် တအပ်တအား ပါ၀င်ကူညီရ မယ်။ အခြေအနေရှုပ်ထွေးလာတဲ့အခါမှာ အရံအင်အားအပြည့်အဝဖြစ်ကြရမယ်လို့ ပြောသွားတယ်။ နယ်ခြားစောင့် တပ်နဲ့ ပြည်သူ့စစ်အသွင်ပြောင်းဖို့ ငြင်းဆန်ထားတဲ့ ပန်ဆန်းတပ်ဖွဲနဲ့ ၀မ့်ဟိုင်းတပ်ဖွဲ့တို့ရဲ့ လုပ်ရှားမှုတွေကိုလဲ စောင့်ကြည့်ခိုင်းပြီး ထူးခြားရင် အမြန်သတင်းပို့ခိုင်းထားတယ်” ဟု ၎င်းကဆက်လက်ပြောပါ သည်။
တန့်ယန်းမြို့နယ် ပြည်သူ့စစ်တပ်ဖွဲ့အင်အားကို တပ်ခွဲ ၆ ခုဖွဲ့စည်းထားသည်ဟုသိရ၏။ တပ်ခွဲ-၁ မှာ စိုင်းလှအောင် နှင့် စိုင်းခမ်းလှိုင် ဦးဆောင်သော လူအင်အား ၈၀ လက်နက် ၄၀ ရှိ နောင်ဖာပြည်သူ့စစ်၊ တပ်ခွဲ-၂ စိုင်းသန်းတင် ဦးဆောင်သော လူ ၈၀ လက်နက် ၆၀ ရှိ မြို့မပြည်သူ့စစ်၊ တပ်ခွဲ-၃ စစ်ထွက်အောင်ဝင်းနိုင် ဦးဆောင်သော လူ ၄၀ ကျော် လက်နက် ၂၀ ကျော်ရှိ သံလွင်အရှေ့ခြမ်း ၀မ့်ကန်ပြည်သူ့စစ်၊ တပ်ခွဲ-၄ ဂျထော ဦးဆောင်သော လူ ၂၅၀ လက်နက် ၁၅၀ ရှိ လားဟူပြည်သူ့စစ် ၊ တပ်ခွဲ-၅ ဗိုလ်မွန်း ဦးဆောင်သော လူ ၁၀၀၀ ခန့် လက်နက် ၆၀၀ ကျော်ရှိ မန့်ပန်ဌာနေ ပြည်သူ့စစ်နှင့် တပ်ခွဲ-၆ လောဝ်းမား(မာကော်ဝင်) ဦးဆောင်သော လူ ၁၅၀ လက်နက် ၆၀ ကျော်ရှိ မိုင်းဟပြည်သူ့စစ် တို့ဖြစ်ကြသည်။
“ဗိုလ်မွန်းနဲ့ လားဟူအဖွဲ့ဆိုရင် နအဖပေါ်လစီအတိုင်းပိုလုပ်တော့ မျက်နှာသာရတယ်။ အရင်တုန်းက ဗိုလ်မွန်းကို လူထုယုံကြည်လေးစားပေမဲ့ လွန်ခဲ့တဲ့ ၃-၄ နှစ်ကစပြီးတော့ သိပ်မကြည်ချင်ကြတော့ဘူး။ သူက နအဖကို ၂-၃ သုတ် စစ်သားသစ်ကောက်ပေးတာ လေးငါးရာလောက်ရှိပြီ။ တဖက်ကလဲ ဗမာထိန်းချုပ်နယ်ထဲတောင်မှ ဘိန်းစိုက်နိုင်သေး တာ။ သူကျတော့ လူမှုထူးချွန်ဆုရတဲ့အထိ ၂၀၀၅-၀၆ ကစပြီး ဘိန်းပိတ်ပင်ရေးအကြီးအကျယ်လုပ်ပြတော့ ပြည်သူ တွေလဲ စားဝတ်နေရေးကြပ်တည်းတာပေါ့” ဟု ပြည်သူ့စစ်အသိုင်းအဝိုင်းတစ်ဦးက ပြောပါသည်။
နအဖသည် လားဟူပြည်သူ့စစ်များအား M-22၊ M-16 ဘဇူကာလောင်ချာလက်နက်များ တပ်ဆင်ပေးသော်လည်း သျှမ်းပြည်သူ့စစ်မှာမူ ကမ္ဘာစစ်ရိုင်ဖယ်၊ M-1 လက်နက်များသာ ကိုင်ဆောင်ရကြောင်း၊ ပြည်သူ့စစ်သင်တန်းတိုင်း G-3၊ G-4 အမျိုးအစား လက်နက်များ ထုတ်ပေးမည်ဟုပြောသော်လည်း ယနေ့တိုင်မတွေ့ရကြောင်း ပြောဆိုကြ၏။
“သူတို့စီမံကိန်းကတော့တိုက်ပွဲတွေဖြစ်လာရင် ပြည်သူ့စစ်တွေကို ရှေ့ပြေးအဖြစ်အသုံးပြုဖို့ပေါ့။ ဒါပေမဲ့ တကယ်စစ် ဖြစ်လာခဲ့ရင်တော့ ဗိုလ်မွန်းနဲ့လားဟူအဖွဲ့လောက်ဘဲကျန်မှာ။ ဗိုလ်မွန်းအဖွဲ့တောင် ကျန်ရင်တဝက်လောက်ပေါ့။ ခပ် များများကတော့ မလွန်ဆန်နိုင်လို့သာ ပြည်သူ့စစ်လုပ်ရတာ။ စစ်ဖြစ်လာရင်တော့ ပြိုကွဲမှာဘဲ” ဟု ၎င်းကဆက်လက် ပြောပါသည်။
ဗိုလ်ချုပ်မောင်မောင်အုန်း မွန်းလွဲ ၁း၃၀ နာရီခန့်ရောက်လာမည်ဟုဆိုသဖြင့် မွန်းမတည့်ခင် တနေ့လုံးသွားစောင့် နေခဲ့ကြရကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲဆိုသော်လည်း နားထောင်ရုံ၊ လက်ခုပ်တီးရုံ သက်သက်သာဖြစ်သည်ဟုလည်း ဆွေးနွေးပွဲတက်ရသည့်ပုဂ္ဂိုလ်တဦးကလည်း ပြောပြသည်။
တန့်ယန်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့စစ်အဖွဲ့ငယ်များမှာ နမ့်မူစယ်၊ မိုင်းမား၊ ၀မ့်ပန်၊ ၀မ့်ကတ်၊ မိုင်းဖ၊ မိုင်းကောင်၊ ၀မ့်ကန်၊ နောင်ဖာ၊ ၀ိန်းမိုင်၊ ဟွေကုန်း၊ နောင်မို၊ နမ့်စီစိန်၊ နမ့်ပွက်၊ လွယ်ဆေးနှင့် ဟိုမ မှပြည်သူ့စစ်များ ဖြစ်ကြသည်။