မိုင်းရှူး USDP ဥက္ကဌ လူထုအားခြိမ်းခြောက်

မိုင်းရှူး USDP ဥက္ကဌ လူထုအားခြိမ်းခြောက်

မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဘက် ကြံ့ဖွံ့ပါတီ စည်းရုံးရေးဆင်းစဉ် တက်ရောက်နားထောင်ရန် လူထုအား ဆင့်ခေါ်သော် လည်း ၂-၃ ယောက်သာရောက်လာသောကြောင့် အုပ်စုဥက္ကဌနှင့် ရွာသူကြီးများအား ကြံ့ဖွံ့ဥက္ကဌက ခေါ်ယူသတိပေး ခြိမ်း ခြောက်ခဲ့ကြောင်း ...

မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဘက် ကြံ့ဖွံ့ပါတီ စည်းရုံးရေးဆင်းစဉ် တက်ရောက်နားထောင်ရန် လူထုအား ဆင့်ခေါ်သော် လည်း ၂-၃ ယောက်သာရောက်လာသောကြောင့် အုပ်စုဥက္ကဌနှင့် ရွာသူကြီးများအား ကြံ့ဖွံ့ဥက္ကဌက ခေါ်ယူသတိပေး ခြိမ်း ခြောက်ခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။

“သောကြာနေ့က မိုင်းရှူး ကြံ့ဖွတ်ပါတီ  ကျေးရွာအုပ်စု လေးငါးခုကို စည်းရုံးရေးဆင်းတုန်းက လူထုကိုဆင့်ခေါ်တော့ တရွာ နှစ်ယောက်သုံးယောက်ဘဲရောက်လာလို့ နောက်တရက်ကြံ့ဖွတ် ဥက္ကဌ ဦးကျော်တင်ရွှေကိုယ် တိုင် ကျေးရွာအုပ်စုဥက္ကဌနဲ့ ရွာသူကြီးတွေကို  ခေါ်ယူသတိပေးခဲ့ တယ်” – ဟု မိုင်းရှူးဒေသခံ ဝန်ထမ်းတဦးက ပြောပါသည်။

ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတ မဲထည့်ပုံထည့်နည်း နားထောင်ရန်ရွာသားများအား ယခုလ ၁၃ usdp-openoffice-ygnရက်ကဆင့်ခေါ်ရာ ဝမ့်ငါ့ရွာ ၃ ယောက်နှင့် နမ့်တောင်ရွာ ၂ ယောက်သာတက်ရောက်ခဲ့ကြောင်း အသက် ၂ဝ ကျော်ရှိအဆိုပါ ဝန်ထမ်း တဦးက ပြောပြပါသည်။

“လာနားထောင်တဲ့လူတွေကို ဦးကျော်တင်ရွှေက - ကျားဖြူပါတီဝင်တွေ ရောထောက်ခံတဲ့သူတွေ အတွက် ကျားဖြူနိုင်ရင် ကောင်းတယ်။ မနိုင်ရင်တော့ စီးပွားရေး၊ မိသားစုအနာဂတ်အရေး၊ အတွက် စိတ်ပူရလိမ့်မယ် - လို့ပြော သေးတယ်” - ဟု ကျားဖြူဗဟိုကော်မတီ ဝင်တဦးကလည်း ပြောပြပါသည်။

ထို့အတူ ကြံ့ဖွံ့ပါတီဝင်များကသျှမ်းဝတ်စုံဝတ်၍စည်းရုံးရေးဆင်းကြောင်း၊ ကြံ့ဖွံ့ပါတီနှင့် ကျားဖြူ ပါတီ အတူတူသာဖြစ် သည်ဟုပြောကြောင်း- “ကျားဖြူပါတီကို တဘက်က ခြိမ်းခြောက်ပြီး တဘက်ကလဲ ကျားဖြူပါတီ နာမည်အလွဲသုံးစားလုပ် နေတာ” - ဟု အဆိုပါ ကျားဖြူပါတီ ဗဟိုကော်မတီဝင်က ပြောပြပါသည်။

မိုင်းရှူးမြို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးကျော်တင်ရွှေမှာ ပြည်နယ်လွှတ်တော် အဆင့်ယှဉ်ပြိုင်မည် ဖြစ်ပြီး ဦးမင်းမင်း နှင့် စိုင်းကမ်တို့က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် အသီးသီး ယှဉ်ပြိုင်မည်ဟု သိရှိရပါသည်။

 

 

 

Most read this week