လားရှိုးက နာမည်ကြီး KDUP ပါတီ အနိုင်ရလျှင် USDP နှင့် ပူးပေါင်းဖို့များ

လားရှိုးက နာမည်ကြီး KDUP ပါတီ အနိုင်ရလျှင် USDP နှင့် ပူးပေါင်းဖို့များ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ လူဦးရေ ထက်ဝက်ခန့် အင်အားရထားသော Kokang Democracy and Unity Party (KDUP) ကိုးကန့် ဒီမိုကရေစီနှင့် သွေးစည်းညီညွတ်ရေးပါတီ အနိုင်ရခဲ့သည်ရှိသော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့်သာ ပူးပေါင်းအားဖြည့် အထောက် အကူပြု....

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ လူဦးရေ ထက်ဝက်ခန့် အင်အားရထားသော Kokang Democracy and Unity Party (KDUP) ကိုးကန့် ဒီမိုကရေစီနှင့် သွေးစည်းညီညွတ်ရေးပါတီ အနိုင်ရခဲ့သည်ရှိသော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့်သာ ပူးပေါင်းအားဖြည့် အထောက် အကူပြု လိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ကိုးကန့် ပါတီဝင်တဦးက ပြောသည်။

001-pai-shuo-chan“လားရှိုး လူဦးရေ ထက်ဝက်ကျော် ရထားတယ်ဆိုတာ အချို့ တ၀က်ဟာ အာဏာပါဝါ သုံးပြီး ရထားတာ။ အနိုင်ရလာရင်လဲ ကြံ့ဖွံ့နဲ့ဘဲ ပူးပေါင်းမှာဘဲ။ KDUP ဟာ ကြံ့ဖွတ်ရဲ့ ကိုယ်စားပြုပါတီ ဖြစ်နေတယ်ဆိုတာ လူထု မသိဘူး။ သိကြရင်တော့ ထောက်ခံ အားပေးမှာ မဟုတ်ဘူး” ဟု ၎င်းက ပြော၏။

KDUP ကိုးကန့် ပါတီဥက္ကဌ လော်ရှင်းကွမ်းမှာ (MNDAA ကိုးကန့် အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်းအား တော်လှန်ပုန်ကုန်ခဲ့သည့်) လက်ရှိ ပိုင်ဆုံချိန် ခေါင်းဆောင်သည့် ကိုးကန့် တပ်ဖွဲ့ ဒုဥက္ကဌ လျိုကော်ရှီး၏ ရင်းနှီးသော မိတ်ဆွေ ဖြစ်သည်ဟု ဆို၏။

“ကျနော်က ကိုးကန့် ပါတီဝင်ဆိုပေမယ့် မတရားနည်းနဲ့ ရတာကို  သဘောမကျဘူး။ အနှောင့်အယှက် အရှုပ်အထွေး မရှိရင်တော့ တခြားပါတီကိုဘဲ မဲပေးမှာ” ကြံ့ဖွံ့ပါတီနှင့် ကိုးကန့်ပါတီအား သဘောမကျသူ အဆိုပါ လူငယ်က ဆက်ပြောသည်။

ကိုးကန့် တပ်ဖွဲ့ ဒုဥက္ကဌ လျိုကော်ရှီး (အသက် ၇၅ နှစ်) သည် ဖုန်ကြားရှင်း၏ ကိုးကန့် တပ်ဖွဲ့ မပြိုကွဲခင်ကတည်းက နအဖ၏ ညောင်နှစ်ပင် ညီလာခံသို့ တက်ရောက်ခဲ့ဖူးသည်။ ထိုနောက်ပိုင်း ၎င်း၏သား လျိုရှော်စန်းမှာ မိုးကုတ်၌ စပါယ်ရှယ် ကျောက်တွင်းတခု ရရှိခဲ့သည်။

၂၀၀၉ သြဂုတ်လက ကိုးကန့် တပ်ဖွဲ့၏ ဒုဥက္ကဌ (စစ်အစိုးရကို ထောက်ခံသော) ပိုင်ဆုံချိန်က နအဖ စစ်တပ် အကူအညီ ယူ၍ ခေါင်းဆောင် ဖုန်ကြားရှင်းအား တော်လှန်ပုန်ကန်ပြီး  ဥက္ကဌ နေရာယူခဲ့သည်။ စစ်အုပ်စု ဆန္ဒအတိုင်း ၂၀၀၉  ဒီဇင်ဘာလ ၄ ရက်က ကိုးကန့် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၆ အဖြစ် အသွင်ပြောင်းခဲ့သည်။