နအဖထံမှ လစာ/ကိုတာများ မရ၍ လားဟူ BGF တပ်သားများ ထွက်ပြေး

နအဖထံမှ လစာ/ကိုတာများ မရ၍ လားဟူ BGF တပ်သားများ ထွက်ပြေး

နယ်ခြားစောင့်တပ် အသွင်ပြောင်းလျှင် မိသားစု စားဝတ်နေရေးအားလုံး နအဖက တာဝန်ယူမည်ဟု ဆိုသော်လည်း လက်တွေ့ ဖြစ်မလာသောကြောင့် လားဟူ နယ်ခြားစောင့်တပ် တပ်သားများ ထွက်ပြေး...

နယ်ခြားစောင့်တပ် အသွင်ပြောင်းလျှင် မိသားစု စားဝတ်နေရေးအားလုံး နအဖက တာဝန်ယူမည်ဟု ဆိုသော်လည်း လက်တွေ့ ဖြစ်မလာသောကြောင့် လားဟူ နယ်ခြားစောင့်တပ် တပ်သားများ ထွက်ပြေး ကြကြောင်း စုံစမ်းသိရှိရပါသည်။

“ရက်အတိအကျတော့ ကျနော် မှတ်မထားရဘူး၊ ဂျွန်လက စပြီး ကျိုင်းတုံမှာ စစ်သင်တန်း ၃ လ သွားကြတယ်။ ဒါပေမယ့် တလကျော်နဲ့ သင်တန်း ရပ်လိုက်ရတယ်။ သင်တန်းဆင်းလက်မှတ်လဲ မရဘူး” ဟု အမည်မဖေါ် လိုသည့် ကျိုင်းတုံသား လားဟူအမျိုးသား တဦးက ပြောပါသည်။

နအဖ စစ်အုပ်စုက နယ်ခြားစောင့် တပ်ဖွဲ့များအား တပ်သားသစ် ကျပ်ငွေ ၃၅,၀၀၀၊ တပ်သား ၃၆,၀၀၀ (အခြေခံလစာ)၊ တပ်ကြပ် ၄၈,၀၀၀၊ တပ်ကြပ်ကြီး ၅၄,၀၀၀၊ ဗိုလ် ၁၃၀,၀၀၀၊ ဗိုလ်ကြီး ၁၅၀,၀၀၀၊ ဗိုလ်မှူး ၁၇၀,၀၀၀လစာ ခံစားစေရမည့်အပြင် တမိသားစုလုံး စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား ပေးမည်ဟု လက်ကမ်း စာစောင် (၀၊ သျှမ်း၊ ဗမာ - သုံးဘာသာ) နှင့်တကွ နှုတ်ကတိပါပေးခဲ့ကြောင်း ၎င်းလားဟူ အမျိုးသားက ဤကဲ့သို့ပြောပြ၏။

“ဆန်၊ ဆီ၊ ဆားအပြင် မိသားစုအရေး ကူညီပေးမယ်၊ ခရီးသွားရင် ကားခပေးစရာ မလိုဘူး၊ ကလေးမွေးရင်လဲ အကူအညီ အထောက်အပ့ံတွေ ပေးမယ်။ ကျောင်းသား/သူတွေ ကျောင်းစရိတ် ဖှရီး - စသဖြင့် ပြောတယ်၊ လက်တွေ့မှာ ဘာမှ မရဘူး။ ကျနော်တို့ ဘီဂျီအက်ဖ်အတွက် မပြောနဲ့၊ သူတို့ ဗမာစစ်သားတွေတောင် ရာသီ အလိုက် ခြံအလုပ်သမား သွားလုပ်ရတယ်။”

ရာသီအလိုက် ကောက်စိုက်/ရိတ်သိမ်းခြင်း၌လည်းကောင်း၊ ဘိန်းစိုက်/ဘိန်းဆီခြစ် ရာသီ၌လည်းကောင်း နအဖ စစ်သား မိသားစုက နေ့စားလုပ်သားလုပ် ၀င်ငွေရှာကြရ၏။  ထို့အပြင်  တပ်ရန်ပုံငွေအတွက် ထင်း၊ မီးသွေး၊ ၀ါးများ ခုတ်ရောင်းပေးရ၏။

လားဟူ အမျိုးသားများ ထိုကဲ့သို့ ခံစားခွင့် အပြည့်အဝ မရသောကြောင့် ၀မ်းရေးအတွက် တပ်မှ/စစ်သင်တန်းမှ ထွက်ပြေးရခြင်း ဖြစ်သည်ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

နယ်ခြားစောင့်တပ်ဖွဲ့များ (ပုံပါကျင်/မိုင်းတုံ အမှတ် ၁၀၀၇၊ မိုင်းယု/မိုင်းယွန်း ၁၀၀၈၊ မုံးကိုး/တာချီလိတ် ၁၀၀၉၊ မက်မန်း/ မော်ဖှ ၁၀၁၀) ကျိုင်းတုံသို့ သွားရောက်စစ်သင်တန်းယူစဉ် ကာလတလျှောက်တွင်မူ ရိုက်နှက် ကြိမ်းမောင်းခြင်း တစုံတရာ မပြုသည့်အပြင် နေထိုင်စားသောက်ရေး၌ အထူးဧည့်ခံထားသည်ဟု ဆို၏။  

အဆိုပါ စစ်သင်တန်းသို့ လားဟူအမျိုးသား ၂၅၀ ယောက်၊ သျှမ်း၊ အခါ နှင့် ‘၀’ ၁၅၀ ယောက်၊ စုစုပေါင်း အယောက် ၄၀၀ ပါ၀င်သည်ဟု ဆို၏။

 

 

 

 

 

Most read this week