သျှမ်းလူမျိုး နအဖစစ်သား တပ်မှထွက်ပြေး တောင်ပိုင်း SSA တပ်ဖွဲ့နှင့်ပူးပေါင်း

သျှမ်းလူမျိုး နအဖစစ်သား တပ်မှထွက်ပြေး တောင်ပိုင်း SSA တပ်ဖွဲ့နှင့်ပူးပေါင်း
by -
မွေခေါဝ်

မိုင်းထား အခြေချစခန်းမှ နအဖစစ်သား တပ်မှ ထွက်ပြေးကာ စဝ်ယွတ်စစ် လက်အောက်ခံ ထိုင်း-မြန်မာနယ်စပ် လွယ်လမ် အခြေစိုက် တောင်ပိုင်း SSA တပ်ဖွဲ့နှင့် ပူပေါင်းကြောင်း စုံစမ်းသိရှိရ ...

မိုင်းထား အခြေချစခန်းမှ နအဖစစ်သား တပ်မှ ထွက်ပြေးကာ စဝ်ယွတ်စစ် လက်အောက်ခံ ထိုင်း-မြန်မာနယ်စပ် လွယ်လမ် အခြေစိုက် တောင်ပိုင်း SSA တပ်ဖွဲ့နှင့် ပူပေါင်းကြောင်း စုံစမ်းသိရှိရသည်။

“ဒီလ ၄ ရက်နေ့က ရောက်လာတာ။ စိုင်းသန်းစိန်လို့ခေါ်တယ်။ သူ့မှာ MA-1 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကပ် ၃ ကပ်၊ M 14 အမျိုးအစား မြေမြုပ်မိုင်း ၁ လုံးပါလာတယ်” ဟု လွယ်လမ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပြပါသည်။
troop
တပ်ပြေးစိုင်းသန်းစိန်က “တပ်ထဲမှာ တရားမျှတမှု မရှိဘူး။ တပ်မှူးက အနိုင်ကျင့်တယ်။ တိုင်းရင်းသားဆိုရင် အလုပ်ပိုခိုင်းတယ်။ ကင်းစောင့် တာဝန်မကျလဲ သူတို့အစား စောင့်ပေးရတယ်။ မစောင့်ပေးရင် နရင်းအုပ်တယ်။ အခု နားတစ်ဖက်ကောင်းကောင်း မကြားရတော့ဘူး” ဟု ပြောပြပါသည်။

တာချီလိတ်အခြေစိုက် ခမရ ၅၂၉ မှ မိုင်းထား အခြေချတပ်စခန်း၌ ပအိုဝ်းအမျိုးသား စစ်သားတစ်ယောက်လည်း ထိုကဲ့သို့ အနိုင်ကျင့်ခံနေရကြောင်း၊ မတ်လ၌ ကွန်ဟိန်းမြို့နယ်သို့ လိမ္မော်သီး သွားရောက်ရောင်းစဉ် လမ်းတဝက်၌ နအဖစစ်သားများ ပေါ်တာဖမ်းသွားရာမှ အတင်းအဓမ္မ စစ်သား လုပ်ခိုင်းကြောင်းကို ၎င်းက ဤကဲ့သို့ ဆက်လက် ပြောပြပါသည်။

“ပြီးခဲ့တဲ့ လိမ္မော်သီးရာသီက ကွန်ဟိန်းမြို့နယ်ဘက်သို့ သွားရောင်းရင်းနဲ့ အဓမ္မ ပေါ်တာထမ်းသမားအဖြစ် ဆွဲခေါ်ခံရတယ်။ နောက်တော့ ပေးမပြန်တော့ဘဲ စစ်သားအဖြစ် အတင်းအကြပ် အကောက်ခံရတယ်။ သုံးလ စစ်သင်တန်း တက်ပြီး မိုင်းတော့-မိုင်းထားဘက် လာရောက် တာဝန်ထမ်းဆောင်ရတယ်”

အသက် ၂၆ နှစ်ရှိ စိုင်းသန်းစိန်သည် သျှမ်းပြည်တောင်ပိုင်း လဲချားဇာတိဖြစ်၏။ နအဖစစ်သားမဖြစ်မှီအထိ လိမ္မော်သီး ကုန်သည်ဖြစ်၏။

အမည်မဖော်လိုသည့် ထိုင်းနယ်စပ်လုံခြံုရေးအရာရှိတစ်ဦးက အဆိုပါဒေသမှ နအဖစစ်သားမက အမှတ် ၁၇၁ စစ်ဒေသ ဝ တပ်ဖွဲ့မှ စစ်သားများလည်း ထွက်ပြေးကြောင်း၊ ဂျူလိုင်လအတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးသည့် ဝ တပ်သား ၂ ဦး၊ ယခုလတွင် ၄ ဦး ဖမ်းဆီးမိကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။