လမ်းစီမံကိန်းတွင် ဒေသခံများ၏ စိုက်ပျိုးမြေများ အသိမ်းခံရ

လမ်းစီမံကိန်းတွင် ဒေသခံများ၏ စိုက်ပျိုးမြေများ အသိမ်းခံရ
သျှမ်းပြည် (မြောက်ပိုင်း) တရုတ်နယ်စပ်အနီး ကြူကုတ်(ပန်ဆိုင်း) မြို့နယ် ကျင်းစန်းကျော့မှ တုန့်ခန်ရွာ အထိ ဖေါက်လုပ် မည့်လမ်းစီမံကိန်းတွင် ကောင်းခံရွာသားများပိုင် ကြံ၊ ပြောင်း၊ ရာဘာ နှင့် ၀ါးခြံစိုက်ခင်းများ သိမ်းယူခြင်း ခံခဲ့ရ...

သျှမ်းပြည် (မြောက်ပိုင်း) တရုတ်နယ်စပ်အနီး ကြူကုတ်(ပန်ဆိုင်း) မြို့နယ် ကျင်းစန်းကျော့မှ တုန့်ခန်ရွာ အထိ ဖေါက်လုပ် မည့်လမ်းစီမံကိန်းတွင် ကောင်းခံရွာသားများပိုင် ကြံ၊ ပြောင်း၊ ရာဘာ နှင့် ၀ါးခြံစိုက်ခင်းများ သိမ်းယူခြင်း ခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

ယခုဖေါက်မည့် လမ်းစီမံကိန်းကို ဇူလိုင်လ ၁၅ ရက်နေ့၌ ဒေသအာဏာပိုင်များ တိုင်းတာမှု စတင်ခဲ့ပြီး သြဂုတ်လ ဆန်းပိုင်းတွင် စီမံကိန်းစတင် အကောင်အထည်ဖေါ်မည် ဖြစ်သည်။

အဆိုပါ လမ်းနေရာများတိုင်းတာ သတ်မှတ်ချက်အရ ကောင်းခံရွာမှ မိသားစု ၂၀ ခန့် ပိုင်ဆိုင်သည့် ကြံ ၄ ဧက ၊ ပြောင်း ၃ ဧက ၊ ရာဘာ အပင် ၆၀ ကျော် နှင့် ၀ါးရုံ ၁၀ ရုံကျော်ခန့် လမ်းစီမံကိန်းအတွင်း ပါ၀င်ခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။  

“အာဏာပိုင်တွေ ပြောတာတော့ ဒီလမ်းက ဒီလကုန်ရင်လုပ်တော့မယ်လေ၊ ဒီအတိုင်း လမ်းဖေါက် မယ်ဆို တာ ပဲပြောတယ်၊ လျှော်ကြေးတွေ ဘာတွေကိစ္စ ဘာမှမပြောဘူး၊ အိမ်ထောင်က ၂၀ လောက်ရှိတယ် ကြံ၊ ပြောင်းဖူး၊ ရာဘာ၊ ၀ါးခြံတွေပါတယ် ” ဟု ၎င်းကပြောသည်။

ယခုစီမံကိန်းအရ နွေအခါ ဆိုင်ကယ်နှင့် လူသွားလာနိုင်သည့် မြေလမ်းအား တိုးချဲ့ဖေါက်လုပ်ခြင်းဖြစ် ကြောင်း သိရပြီး စီမံကိန်းစတင်လျှင် မြေအသိမ်းခံရသည့်အပြင်လက်ရှိ စိုက်ပျိုးဆဲသီးနှံများ ဖျက်ဆီးခံရ တော့မည် ဖြစ်သည်။

အလားတူ ယခုလမ်းစီမံကိန်းကြောင့် ၀မ့်အဲင်ကျေးရွာမှ အိမ် ၄ လုံးနှင့် မိသားစု ရ စုပိုင် မြေယာများလည်း လျော်ကြေးမရပဲ သိမ်းယူခြင်းခံခဲ့ရပြီး ယခုလကုန်လျှင် နေရာများမှ ရွေ့ပြောင်းရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။