တာချီလိတ်၌ပုံစံ ၁၀၅ မြေဂရမ် လုပ်ခိုင်းသဖြင့်ဆောက်လုပ်ဆဲ အိမ်သစ် ၅၀ ကျော်ရပ်ထားရ

တာချီလိတ်၌ပုံစံ ၁၀၅ မြေဂရမ် လုပ်ခိုင်းသဖြင့်ဆောက်လုပ်ဆဲ အိမ်သစ် ၅၀ ကျော်ရပ်ထားရ
by -
မွေခေါ၀်
သျှမ်းပြည်နယ်စပ်မြို့ဖြစ်သော တာချီလိတ်၌ အာဏာပိုင်များက ရပ်ကွက်အသီးသီးရှိ အိမ်အသစ် ဆောက်လုပ်ဆဲ ပြည်သူများအား အခကြေးငွေ အဆမတန်ပေးရသည့် ပုံစံ ၁၀၅ အိမ်မြေဂရမ်ပြုလုပ်ခိုင်း...

သျှမ်းပြည်နယ်စပ်မြို့ဖြစ်သော တာချီလိတ်၌ အာဏာပိုင်များက ရပ်ကွက်အသီးသီးရှိ အိမ်အသစ် ဆောက်လုပ်ဆဲ ပြည်သူများအား အခကြေးငွေ အဆမတန်ပေးရသည့် ပုံစံ ၁၀၅ အိမ်မြေဂရမ်ပြုလုပ်ခိုင်းကြောင်း နယ်စပ်သတင်းများ အရ သိရှိရပါသည်။

“ဂျူလိုင် ၈ ရက်နေ့ကစ အာဏာပိုင်တွေက ငွေကြေးအဆမတန်ကောက်ပြီး အိမ်မြေဂရမ်လုပ်ခိုင်းတယ်။အရင်ကလုပ်ခိုင်း တာမရှိခဲ့ဖူးဘူး။ နှစ်ထပ်အိမ်တွေဆိုရင် ထိုင်းဘတ်ငွေနှစ်သိန်းကျော်ပေးရတယ်” ဟု မြို့ခံတစ်ဦးက ပြောပါသည်။

တာချီလိတ်မြို့သို့ ပြောင်းရွှေ့နေထိုင်ကြသော အိမ်သစ်ဆောက်လုပ်နေကြသူများ  အိမ်မြေဂရမ် ပြုလုပ်ခ မတတ်နိုင်ကြသဖြင့် အချို့ရပ်ဆိုင်း ထားကြရကြောင်း ၎င်းကဤကဲ့သို့ ဆက်ပြောပါသည်။

“တစ်မြို့လုံး အသစ်ဆောက်ဆဲအိမ်ပေါင်း ၁၀၀ ကျော်ရှိတယ်။  အခုအိမ်ပေါင်း ၅၀ လောက် ဆောက်လုပ်နေတာ  ရပ်နားထားရတယ်”

နှစ်ရှည်လများကတည်းက အာဏာပိုင်များ အိမ်မြေဂရမ်မလုပ်ပေးခဲ့သောကြောင့် အများစုမှာ ဘိုးဘွားစဉ်ဆက်အိမ်မြေ ဂရမ်မရှိဘဲ နားလည်မှုဖြင့် ရောင်းဝယ်လာခဲ့ကြခြင်းဖြစ်သည်။

“ဘိုးဘွားလက်ထက်ကတည်းက အိမ်မြေဂရမ်လုပ်ပေးတာမရှိခဲ့ဖူးဘူးဆိုတာ မြေစာရင်းဌါနကို သွားပြောတော့လဲ စည်ပင်ဆီသွားခိုင်းတယ်။ စည်ပင်ဆီ ရောက်တော့လည်း မြေစာရင်းဌါနကိုသွားခိုင်းတယ်။ ဘယ်ဌါနကမှ တာဝန် မယူဘူး။ ခေါင်းရှောင်နေကြတယ်” ဟု အိမ်ပိုင်ရှင် တစ်ဦးကပြောပါသည်။

ဥပဒေကိုအသုံးချအာဏာပြပြီး ပြည်သူ့ငွေများ ဓားပြတိုက်ခြင်းသာဖြစ်သည်ဟု မြို့သူမြို့သားများက ပြောဆိုကြ သည်။

“ဒီလိုငွေများများကောက်ပြီးလုပ်ခိုင်းတာ ရွေးကောက်ပွဲရံပုံငွေအတွက်လား၊ ကြံ့ဖွံ့ပါတီစည်းရုံးရေးဆင်းတဲ့အခါ သုံးဖို့ရံပုံငွေလား၊ အာဏာပိုင်တွေ ကိုယ်ရေးကိုယ်တာ သုံးဖို့ အိတ်ကပ်ထဲထည့်ဖို့လားဆိုတာ မသိတော့ပါဘူး” ဟု ၎င်းကဆက်လက်ပြောပါသည်။

မိုင်းဖုန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယန်းနှင့် မိုင်းလားအထူးဒေအသီးသီးမှ ချမ်းသာချောင်လည်သည့်ဒေသခံများ တာချီလိတ်သို့ ပြောင်းရွှေ့ လာကြပြီး တန်ဖိုးကြီးမြေယာများဝယ်ယူကာ အိမ်သစ်များဆောက်လုပ်လာကြသည့် နောက်ပိုင်း ယခုကဲ့သို့အိမ်မြေဂရမ်များ ပြုလုပ်ခိုင်းခြင် းဖြစ်သည်။

Most read this week