မူစယ်တွင် လျှပ်စစ်မီတာကြေး မြန်မာငွေ ပြောင်းလဲမည်

မူစယ်တွင် လျှပ်စစ်မီတာကြေး မြန်မာငွေ ပြောင်းလဲမည်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် တရုတ်ယွမ်ငွေဖြင့် ပေးဆောင်နေရသော လျှပ်စစ်မီတာခများကို ဇူလိုင်လကုန်ပိုင်း မှ စ၍ မြန်မာငွေဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ်ပြီး တစ်ယူနစ်အတွက် ကျပ် ၁၂၀ သတ်မှတ်...

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် တရုတ်ယွမ်ငွေဖြင့် ပေးဆောင်နေရသော လျှပ်စစ်မီတာခများကို ဇူလိုင်လကုန်ပိုင်း မှ စ၍ မြန်မာငွေဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ်ပြီး တစ်ယူနစ်အတွက် ကျပ် ၁၂၀ သတ်မှတ်ထားကြောင်း သိရသည်။

ဂျူလိုင်လကုန်ပိုင်းတွင် ပေးသွင်းရမည့် မီတာခကို မြန်မာငွေနှင့် ပေးဆောင်ရန် မူစယ်လျှပ်စစ်ဋ္ဌာနက ဒေသခံများထံ ယခုရက်ပိုင်းအတွင်း အကြောင်းကြား ထားကြောင်း မူစယ်ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယခင်က လျှပ်စစ်တစ်ယူနစ်အတွက် မြန်မာကျပ်ငွေ ၃၀၀ နီးပါးခန့်နှင့် ညီမျှသော တရုတ်ငွေ ၁.၄ ယွမ်မှ ၁.၆ ယွမ် အထိ ပေးဆောင်ရပြီး ယခု ကျပ် ၁၂၀ ခန့်သာ ဖြစ်သဖြင့် ဒေသခံများ သက်သာချောင်ချိလာပြီဟု ဆိုနိုင်သော်လည်းတစ်နိုင်ငံ လုံး မီတာခထက် ပိုများနေသေးကြောင်း သိရသည်။

“အရင်က တရုတ်ငွေ ၁ . ၄ ဆိုတော့ မြန်မာငွေ ၂၀၀ ကျော်တာပေါ့ အခု ၁၂၀ ဆိုတော့ မူစယ်မြို့ပြည်သူတွေ အနေနဲ့ သက်သာလာတယ်ပဲ ဆိုရမှာပေါ့ ဒါပေမဲ့ တခြားမြို့တွေမှာ မီတာခ တစ်ယူနစ်ကို  ကျပ် ၅၀ပဲကောက်တာ တစ်ပြည်လုံး အတိုင်းအတာနဲ့ဆိုရင်တော့ သူများထက် ခေါင်းတစ်လုံးပိုနေတာပေါ့ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တစ်လအတွက် မီတာဘောက်စ် ထိန်းသိန်းကြေး ကျပ် ၁၀၀၀ ထပ်မံကောက်ခံမည် ဖြစ်ကြောင်း သိရသည်။ “နောက်ထပ် မီတာထိန်းသိန်းခ ၁၀၀၀ ထပ်ကောက်သေးတယ် မူဆယ်မှာ မီတာပုံးအလုံး သောင်းချီရှိတာပဲ ဒီကရတဲ့ အ ခွန် ငွေတွေ ဘယ်ရောက်သွားမှန်းမသိဘူး သူတို့စနစ်က ဘယ်လို မှန်းမသိတော့ဘူးဗျာ ” ဟု သူက ဆိုသည်။

၁၉ဂ၉ခုနှစ်မှစတင် ၀ယ်ယူသုံးစွဲခဲ့သည့် တရုတ် လျှပ်စစ်မီးအစား ရွေလီရေအား လျှပ်စစ်စက်ရုံမှ ဓါတ်အားဖြင့် ယခုနှစ်ဧပြီ လကုန်ပိုင်းတွင် အစားထိုးခဲ့ရာ မူစယ်မြို့တွင် လွန်ခဲ့သည့် ဂျွန်လအထိ မီတာခကို တရုတ်ယွမ်ငွေဖြင့် ပေးဆောင် ခဲ့ရသည်။