၀ နှင့် မိုင်းလားတပ်ဖွဲ့အား မျက်ခြေမပြတ်စောင့်ကြည့်ရန် သျှမ်းပြည်နှင့်ကယားပြည် စစ်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က နယ်ခြားမြို့ ဒေသခံတပ်ရင်း အရာရှိ များအား ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
“၂၂ ရက်နေ့တုန်းက ဗိုလ်ချုပ်မင်းအောင်လှိုင် လေယာဉ်နဲ့ ကျိုင်းတုံမှာလာအိပ်တယ်၊ နောက်နေ့မနက်တော့ မိုင်းယန်းဘက်ခရီးဆက်ပြီး ဒေသခံစစ်တပ်တွေကို ၂ နာရီကြာ သွားရောက်အားပေးတယ်လို့သိရတယ်”- ဟု တြိဂံစစ်တိုင်းရုံးနှင့် နီးစပ်သည့် ကျိုင်းတုံသားကပြောပါသည်။
ဂျွန် ၂၃ ရက် သျှမ်းပြည် နှင့် ကယားပြည် စစ်တိုင်း ၃ တိုင်းချုပ် ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးတို့ မိုင်းယန်း မြို့ရှိ နအဖ အရာရှိ/စစ်သည်များအား တွေ့ဆုံ အားပေးစကားပြောပြီး စခန်းတိုးချဲ့ ပြင်ဆင်မွမ်းမံမှုတို့ကိုစစ်ဆေးကာ၊ ၀ နှင့် မိုင်းလားတပ်ဖွဲ့၏ လှုပ်ရှားသွား လာ မှုအခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်/သတင်းထောက်လှမ်းရန် ညွှန်ကြားခဲ့သေးသည်ဟု ဆို၏။
“နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲကာလအထိ လုံခြံုရေးအဓိကထားရမယ်၊ စစ်အင်အား အသင့်ပြင်ဆင်ထားရမယ် ဆိုတာတွေ ပြောသွားတယ်” - ဟု မိုင်းယန်းအခြေစိုက် နအဖစစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်း က ပြောပါသည်။
မိုင်းယန်းမြို့တွင်းရှိတပ်ရင်းများအား ဒု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ ဂျွန် ၂၃ ရက်နေ့ မနက်ပိုင်း၌လှည့် လည်စစ်ဆေးပြီး ကျိုင်းတုံသို့ နေ့ချင်းပြန်သွား သည်ဟုလည်း မိုင်းယန်းမြို့ခံများက ပြောပါသည်။
မိုင်းယန်းမြို့၌ နအဖ စစ်တပ် ခလရ ၂၇၉ နှင့် ခလရ ၂၈၁ တပ်ရင်း နှစ်ရင်းအပြင် လက်နက်ကြီး ၈၁ မမ ၂ လက် ရှိသည်ဟုလည်း စစ်တပ်အသိုင်းအဝိုင်း က ပြောပါသည်။
မိုင်းယန်းမြို့သည် ကျိုင်းတုံအရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာ (၆၃ မိုင်) အကွာတွင်ရှိသည်။ မိုင်းယန်းမြို့ တွင်းမှလွဲ၍ မြို့ပြင်တခုလုံး ၀ ပြည်သွေးစည်းရေး တပ်မတော် UWSA နှင့် NDAA မိုင်းလား တပ်ဖွဲ့တို့က အသီးသီးထိန်းချုပ်ထား၏။ အနောက်မြောက်ဘက်တွင် ၀ တပ်မဟာ ၄၆၈ အခြေစိုက်သည့် မိုင်းပေါက်မြို့၊ အရှေ့တောင်ဘက်တွင် မိုင်းလားတပ်ဖွဲ့ NDAA ၏ တပ်မဟာ ၈၉၆ ဌာနချုပ် ဆီလူးဒေသတို့ တည်ရှိသည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-4...