မြန်မာ နျူးကလီးယားအရေး တရုတ်လက်ရှောင်

မြန်မာ နျူးကလီးယားအရေး တရုတ်လက်ရှောင်
မြန်မာစစ်အုပ်စုနှင့် မြောက်ကိုးရီးယားတို့ ပူးပေါင်း လုပ်ဆောင်နေသည့် နျူးကလီးယားလက်နက်အစီအစဉ်နှင့် ပတ်သက် ၍ အယ်ဂျာဇီးယားသတင်းဋ္ဌာနက ဇွန်လ ၃ ရက်နေ့တွင် ရုပ်သံထုတ်လွင့်ပြသခဲ့ပြီးနောက် အနုမြူစွမ်းအင် အေဂျင်စီ IAEA က လေ့လာစုံစမ်းမှု ပြုလုပ်နေရသည့်တိုင် မြန်မာ့အိမ်နီးခြင်း တရုတ်အနေဖြင့် နှုတ်ဆိတ်...

မြန်မာစစ်အုပ်စုနှင့် မြောက်ကိုးရီးယားတို့ ပူးပေါင်း လုပ်ဆောင်နေသည့် နျူးကလီးယားလက်နက်အစီအစဉ်နှင့် ပတ်သက် ၍ အယ်ဂျာဇီးယားသတင်းဋ္ဌာနက ဇွန်လ ၃ ရက်နေ့တွင် ရုပ်သံထုတ်လွင့်ပြသခဲ့ပြီးနောက် အနုမြူစွမ်းအင် အေဂျင်စီ IAEA က လေ့လာစုံစမ်းမှု ပြုလုပ်နေရသည့်တိုင် မြန်မာ့အိမ်နီးခြင်း တရုတ်အနေဖြင့် နှုတ်ဆိတ်လျှက်ရှိသည်။
၁၉ဂ၃ ခုနှစ်က အာဇာနည်ဗိမာန်တွင် ဗုံးဖေါက်ခွဲခဲ့အပြီး သံသမန်အဆက်အသွယ် ပြတ်တောက်ခဲ့သည့် မြန်မာနှင့် မြောက် ကိုးရီးယားနှစ်နိုင်ငံအား တရုတ်က ပြန်လည် ဆက်သွယ်ပေးခဲ့ရာ ယခု နျူးကလီးယားအရေးသည် တရုတ်အပေါ် အဓိက တာဝန်ရှိသူ အဖြစ် လေ့လာသူများက ရှုမြင်ကြသည်။

တရုတ်အစိုးရသည် အနောက်နိုင်ငံများ၏ ဖယ်ကျဉ်ခြင်းခံထားရသည့် မြန်မာစစ်အာဏာရှင်များကို သမရိုးကျစစ်ပွဲသုံး လက်နက်များ ပံ့ပိုးကူညီနေသည့်တိုင်အောင် နျူးကလီးယားကိစ္စတွင်မူ မြန်မာနှင့် တိုက်ရိုက် ပတ်သက်မှုကို လက်ရှောင် လိုကြောင်း တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ် သည်။

“တရုတ်က မြန်မာပြည်ကို သမရိုးကျစစ်ပွဲအတွက် လက်နက်တွေကို ထောက်ပံ့တယ် သမရိုးကျထက် ကျော်လွန်တဲ့ လက်နက်တွေကျတော့ နိုင်ငံတကာနဲ့ မျက်နှာပြ နေရလို့ မရောင်းပေးနိုင်တော့ မြောက်ကိုးရီးယားနဲ့ ဆက်ပေးတာဖြစ်တယ် မြောက် ကိုးရီးယားနဲ့ မြန်မာအစိုးရဆက်ဆံမှု အဓိက လက်သည်ဟာတရုတ်ပဲ ” လို့ သူက ဆိုသည်။

၁၉၈၃ ခုနှစ် ဗုံးဖေါက်ခွဲမှုအပြီး ရန်သူတော်များဖြစ်ခဲ့သည့် မြန်မာနှင့်မြောက်ကိုးရီးယားတို့ ပြန်ပေါင်းထုတ်ရသည့် အ ကြောင်း တစ်ခုမှာ အမေရိကန် ဆန့်ကျင်သည့် အုပ်စုကို တရုတ်က တည်ဆောက်လိုခြင်းကြောင့် ဖြစ်သည်။

ထိုအချက်သည် မြန်မာနျူးကလီးယားကိစ္စအပေါ် တရုတ်က လက်ရှောင်နေသည့် အကြောင်းဖြစ်ပြီး အကယ်၍ မြန်မာသာ မြောက်ကိုးရီးယားအကူအညီဖြင့် နျူးကရီးယား ပိုင်ဆိုင်လာပါက တရုတ်အတွက် မြွေပွေးခါးပိုက်ပိုက်ထားသကဲ့သို့ ဖြစ် မည်ဟု သူက ဆိုသည်။

“ဗမာစစ်တပ်မှာ ဗိုလ်သန်းရွေကစလို့ တပ်သားအဆုံး တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်အပြည့်ရှိတယ် မုံဆာလအရေး အခင်း  ကိုးကန့် အရေးအခင်းတုန်းကရော ဒီစိတ်ဓါတ်ကို ပြပြီးပြီ ဒါကိုတရုတ်က သတိမမူဘူး အကျိုးစီးပွားရှိတဲ့ အချိန်မှာ တရုတ် နဲ့ ပေါင်းတယ် အကျိုးစီးပွားမတူးရင် သူတို့မှာရှိတဲ့လက်နက်နဲ့ တရုတ်ကို ပြန်ချမှာပဲ ” လို့ ဆိုသည်။

ထို့အပြင် စစ်အုပ်စု၏ နျူးကလီးယားပိုင်ဆိုင်မှုသည် အနောက်အုပ်စုအတွက်သာမက တိုင်းရင်းသားပြည်သူများအတွက် များစွာ အန္တရာယ်ရှိကြောင်း သူက ဆက်ပြော သည်။

“ဗိုလ်သန်းရွှေတို့က ခေါင်းရှိတာမဟုတ်ဘူး လိုအပ်ရင် ၀နယ်လိုနေရာမျိုးကိုလည်း အနုမြူဗုံးကျဲရင်ကျဲမှာ သူတို့မှာဘာမှ ခိုင်မာတဲ့ အမျိုးသား သွေးစည်းညီညွတ်ရေး စိတ်ဓါတ် လုံးဝမရှိဘူး သူတို့ကို အာခံလို့ကတော့ ရှမ်းပြည်နယ် ကချင်ပြည် နယ်ကို အနုမြူဗုံးကျဲဖို့ အဆင်သင့်ပဲ ” လို့ ဆိုသည်။

မြန်မာစစ်အာဏာရှင်များ နျူးကလီးယားဗုံးပိုင်ဆိုင်လိုသည့် အဓိကကျသည့် အချက် ၂ ခုမှာ စစ်အုပ်စု အာဏာတည်မြဲ ရေးအတွက် အနောက်အုပ်စု၏ ၀င်ရောက် စွက်ဖက်မှုကို အာခံနိုင်ရန်နှင့် စစ်တပ်ကို သွေးထိုးမြှောက်ပင့်ရန်အတွက် ဖြစ် ကြောင်း လေ့လာသူများက ဆိုသည်။

၂၀၀၀ခုနှစ်ခန့်မှစ၍ မြန်မာစစ်အုပ်စုက နျူးကလီးယားလက်နက် စီမံကိန်းကို စတင်အကောင်အထည်ဖေါ်ခဲ့ရာ ၂၀၀၂ ခုနှစ်တွင် နျူးကလီးယား သုတေသနပြုလုပ်ရန် အတွက် မြန်မာသင်တန်းသားများကို ရုရှားနိုင်ငံသို့ စေလွတ်ထားကြောင်း နအဖနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖေါ်ပြောကြားခဲ့သည်။

အိုစမာဘင်လာဒင်၏ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု အမေရိကန် CIA က စွပ်စွဲထားသော ပါကစ္စတန် နျူးကလီးယား ပညာရှင်နှစ်ဦးအား မြန်မာနိူင်ငံက နိူင်ငံရေးခိုလှုံခွင့်ပေးထားကြောင်း ၂၀၀၁ ခုနှစ်ကုန်ပိုင်းတွင် သတင်းများ ထွက်ပေါ်လာသေးသည်။

မြန်မာစစ်အုပ်စုအား နျူးကလီးယားစီမံကိန်း အကူအညီပေးနေသည့် မြောက်ကိုးရီးယားတွင် နျူးကလီးယား ထိပ်ဖူး ၄ခုမှ ဂ ခုအထိ ပြုလုပ်နိူင်သည့် ပလူတိုနီယံ အလုံအလောက်ရှိပြီး ၉၉ ရာခိုင်နူန်းသော ပလူတိုနီယံများကို ၂၀၀၂ ခုနှစ်မှစတင်ပြု လုပ်ခဲ့ကြောင်း သိပ္ပံနှင့်နိူင်ငံတကာ လုံခြံုရေးအင်စတီကျု့၏ ၂၀၀ရ ခုနှစ် အစီရင်ခံစာက ဆိုသည်။

ယခုဆိုလျှင် ကမ္ဘာပေါ်တွင် မြောက်ကိုးရီးယားအပါအဝင် နျူးကလီးယားထိပ်ဖူးပိုင်ဆိုင်သည့် နိုင်ငံ ၉ ခုရှိပြီး အီရန်နှင့် မြန်မာတို့မှာ နျူးကလီးယားထိပ်ဖူး ပိုင်ဆိုင်ရေး အတွက် ရုန်းကန်နေရဆဲဖြစ်သည်။

http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-4...

Most read this week