သျှမ်းပြည် (မြောက်ပိုင်း) လေပြင်းကျ ၊ အိမ်နှင့်အဆောက်အဦများ ပြိုကျ

သျှမ်းပြည် (မြောက်ပိုင်း) လေပြင်းကျ ၊ အိမ်နှင့်အဆောက်အဦများ ပြိုကျ
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်း မေလ ရ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်မှ စတင်ပြီး ၁၅ မိနစ်ခန့်ကြာ ကျ ရောက်ခဲ့သည့် မိုးသက်လေပြင်းကြောင့် စာသင်ကျောင်းတစ်ကျောင်း အပါအဝင် အိမ် ဘုန်ကြီးကျောင်းဓါတ်တိုင် များ ပြို လဲ၍ လူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း....

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်း မေလ ရ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်မှ စတင်ပြီး ၁၅ မိနစ်ခန့်ကြာ ကျ ရောက်ခဲ့သည့် မိုးသက်လေပြင်းကြောင့် စာသင်ကျောင်းတစ်ကျောင်း အပါအဝင် အိမ် ဘုန်ကြီးကျောင်းဓါတ်တိုင် များ ပြို လဲ၍ လူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် ၀ိန်းဆာကျေးရွာတွင် မူလတန်းကျောင်းပြိုလဲ၍ အိမ် ၁၀ လုံး အမိုးလှန်ခဲ့ပြီး ဘုန်းကြီးကျောင်း ပြဿဒ်ကျိုး ကျကာ လူတစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ထို့အပြင် နမ့်ခမ်းမြို့ပေါ် ဓါတ်တိုင်များလဲကျခြင်း စာရေးတန်းရပ်ကွက်အတွင်း အိမ်အမိုးလှန်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နမ့်တီး ကျေးရွာတွင်လည်း ဘုန်းကြီးကျောင်းမုဒ်ဦး ကျိုးကျခြင်း အိမ်ပြိုကျခြင်း အမိုးလှန်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၂၁ ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း)အတွင်း မိုးသက်လေပြင်းကျရောက်၍ ဒေသခံပြည်သူများ ပျက်စီးဆုံးရူံးမှု ဒဏ် ခံစားခဲ့ရသော်လည်း အာဏာပိုင်များ ပံ့ပိုးကူညီမှုမရရှိကြောင်း သျှမ်းပြည်(မြောက်ပိုင်း)အရေးစောင့်ကြည့် နေသည့် ပလောင်ကျောင်းသားလူငယ်များအဖွဲ့က ကြေငြာချက်တစ်စောင် ထုတ်ပြန်ထားသည်။

ယခုလေပြင်းကျရောက် အပြီးတွင် မြို့နယ်မယက ဥက္ကဋ္ဌနှင့် အာဏာပိုင်များက ၀ိန်းဆာကျေးရွာသို့ လာရောက်၍ အပျက် အစီး မှတ်တမ်းဓါတ်ပုံများ ရိုက်ယူခဲ့ကြောင်း သိရသည်။

Most read this week