ပေါ်တာဆွဲရန် အာဏာပိုင်များ ကြိုတင်စီစဉ်

ပေါ်တာဆွဲရန် အာဏာပိုင်များ ကြိုတင်စီစဉ်
နယ်ခြားစောင့်တပ် သတ်မှတ်ရက် နောက်ပိုင်း ဖြစ်ပေါ်လာနိူင်သည့် စစ်ပွဲများအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အထမ်းသမားခေါ်ရန်ကိစ္စကို သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း) မြို့နယ် မုံးပေါ်ကျေးရွာအုပ်စု အာဏာပိုင်များအတွင်း ဆွေးနွေးထားကြောင်း.....

နယ်ခြားစောင့်တပ် သတ်မှတ်ရက် နောက်ပိုင်း ဖြစ်ပေါ်လာနိူင်သည့် စစ်ပွဲများအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အထမ်းသမားခေါ်ရန်ကိစ္စကို သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း) မြို့နယ် မုံးပေါ်ကျေးရွာအုပ်စု အာဏာပိုင်များအတွင်း ဆွေးနွေးထားကြောင်း သတင်းရရှိသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက မုံးပေါ်ရွာ၌ ပြုလုပ်သည့် အစည်းအဝေးတွင် မုံးပေါ်ကျေးရွာအုပ်စုမှ ရဲစခန်း မှူး ဦးဆန်း လွင် ဋ္ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးမိုက်ကယ်တို့ တက်ရောက်ခဲ့ပြီး အထမ်းသမား ခေါ်ရန်ကိ စ္စ ဆွေးနွေးခဲ့သဖြင့် ဒေသခံ တချို့ ထွက်ပြေး တိမ်းရှောင်မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးအပြီးတွင် မုံးပေါ်ပြည်သူ့စစ်အင်အား ၂၀ ခန့်သည် မုံးပေါ်ကျေးရွာမှ ကားဖြင့် တစ်နာ ရီကျော်ခန့် သွားရသည့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ(၄)လက်အောက်ခံ တပ်စ ခန်းရှိရာ လွယ်ကန်ဒေသသို့ ထွက်ခွာသွားကြောင်း အာဏာပိုင်များနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်း သံတော်ဆင့်သို့ ပြောသည်။

“သူတို့က (အာဏာပိုင်) နယ်ခြားစောင့်တပ်လက်မခံလို့ တိုက်မယ်ဆိုရင် ဒေသခံတွေကို ပေါ်တာဆွဲဖို့လို တယ် လို့ အဲဒီ အစည်းအဝေးမှာ ပြောတယ် မနေ့က မနက် ၈ နာရီလောက်မှာ ပြည်သူ့စစ်အဖွဲ့တွေ မထွက် ခင် ပေါ်တာဆွဲမယ်ဆိုပြီး ရွာ မှာ သတင်းထွက်လာတော့ ရွာသားတချို့တော့ ရှောင်သွားကြတယ် ပေါ်တာ ဆွဲတာတော့ မရှိပါဘူး” ဟု နီးစပ်သူက ပြောသည်။

ယနေ့နေ့လည်ပိုင်းအထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိပဲ ထွက်ခွာသွားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာကြောင်း သူကဆိုသည်။

ဧပြီလ ၁၉ ရက်နေ့ခန့်က မြန်မာစစ်တပ် လှုပ်ရှားစစ်ကြောင်းများ ကြူကုတ်(ပန်ဆိုင်း) မြို့နယ် ၀မ့်အင်နှင့် ကျိန်းယန်း ကျေးရွာများတွင် တပ်စွဲလှုပ်ရှားလျှက်ရှိပြီး ပန်ဆိုင်းတစ်ဘက်ကမ်း တရုတ်ခြမ်း ၀မ်တိန်မြို့ဘက် တွင် တရုတ်စစ်တပ်များ တိုးချဲ့နေရာယူနေကြောင်း သိရသည်။