သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် ဗြိတိသျှကိုလိုနီခေတ်က ဆောက်လုပ်ကိုးကွယ်ခဲ့သည့် ဗုဒ္ဓဘာသာ မဟာဝန် ဘုန်းတော်ကြီးကျောင်းတိုက် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်အား ယမန်နေ့မှစ၍ မတ်လ ၂၉ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပနေကြောင်း သိရသည်။
မူစယ်မြို့ မြောက်ရပ်ကွက်တွင် တည်ရှိသည့် မဟာဝန်ကျောင်းတိုက် ရာပြည့်ပွဲတော်အား တော်ယွတ်ရွာအနီးတွင် ၂၅ ရက်နေ့နံနက်ပိုင်းတွင် စတင်ကျင်းပနေပြီး ပျော်ပွဲရွှင်ပွဲများ ပါ၀င်မည်ဖြစ်ကြောင်း ယခုပွဲအစီအစဉ်ကိုတာဝန် ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မနေ့မနက်ကတော့ ဖွင့်ပွဲလုပ်တယ် ကျောင်းဖွင့်ပွဲ ဓမ္မာရုံသစ်ဖွင့်ပွဲ ညကျတော့ပျော်ပွဲရွင်ပွဲ ရှိမှာပေါ့ စတိတ်ရိူးရှိ မယ် သျှမ်းအဆိုတော်တွေတော့ အကုန်ဖိတ်စာပို့ထားတယ် သီပေါဘက်က သျှမ်းဇတ်ရှိမယ် တရုတ်ပြည်မံစီဘက် က သျှမ်းဇတ်လဲလာတယ် ” ဟု သူကပြောသည်။
အဆိုပါပွဲသို့ သျှမ်းပြည် အနယ်နယ်အရပ်ရပ်နှင့် ဗမာပြည်မန္တလေးမြို့များမှ ဗုဒ္ဓဘာသာဝင်သောင်းချီ၍ လာရောက် ကြောင်း သိရသည်။
“၅ ရက်ကျင်းပမယ်ဗျ ၂၅ ရက်နေ့ကနေ ၂၉ အထိ ဖိတ်ထားတာကတော့ တစ်ပြည်လုံးပဲ လူအားဖြင့်တော့ သောင်းပိုင်းချီ မှာပဲ ပွဲမှာ အစားအသောက်လာရောင်းတာရော သီပေါ ကျောက်မဲ လားရှိုးဘက်က လာရောင်းကြ တယ် မန္တလေးလည်း လာတယ် ” ဟု သူက ဆက်ပြောသည်။
ဗြိတိသျှလက်ထက် မူစယ်မြို့စား စဝ်ခွန်ဖန်ခမ်းအုမ့်မိန်းဆိုင် လက်ထက်တွင် တည်ထားကိုးကွယ်ခဲ့ရာ ကျောင်း တိုက်အား အမည်အမျိုးမျိုး ခေါ်ဆိုခဲ့သော်လည်း ၁၉၇၁ ခုနှစ်မှစ၍ ကျောင်းထိုင်ဆရာတော် ဦးပညာသာမိမှ မဟာဝန် ကျောင်းတိုက် ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြောင်း သိရသည်။
နှစ်ပေါင်း ၁၀၀ အတွင်း ဒုတိယကမ္ဘာစစ်ဘေးဒဏ် အပါအဝင် မီးဘေးများသင့်ခဲ့သောကြောင့် ကျောင်းဆောင်မှာ တစတစ ပြောင်းလဲလာကြောင်း ရာပြည့်ပွဲ အခမ်းအနား တာဝန်ရှိသူက ပြောသည်။
မဟာဝန်ကျောင်းတိုက်၏ ပထမ ကျောင်းထိုင်ဆရာတော်မှာ သျှမ်းမြို့စားလက်ထက်တွင် ကိုးကွယ်ခဲ့သည့် ဆရာ တော်ကြီး ဘဒ္ဒ န္တပညာသာမိဖြစ်ပြီး ၁၉၇၃ ခုနှစ်တွင် ဆရာတော် ဘဒ္ဒ န္တနရနာထမှ ဒုတိယ ကျောင်းထိုင် ဆရာတော်အဖြစ်တာဝန်ယူ ခဲ့ရာ ယနေ့အထိ ဖြစ်သည်။
၁၈၉၆ ခုနှစ် မင်းတုန်းမင်း၏ မြေးတော်များဖြစ်သော စောရန်ပိုင် စောရန်နိူင် တို့သည် အင်္ဂလိပ်အစိုးရအား လက်နက်ကိုင် တော်လှန်ရာတွင် စစ်ရှုံးသဖြင့် သျှမ်းစော်ဘွား စေဖန်နယ် (ယခုယူနန်ပြည်နယ် တေဟုန်ခရိုင်) အတွင်းသို့ ခိုလှုံခဲ့စဉ် စောရန်ပိုင်မင်းသား အရေးအခင်းကြောင့် မူစယ်မြို့ရှိ ကောင်းမှု လွယ် ဘုန်းတော်ကြီး ကျောင်း မီးခခဲ့ကြောင်း သိရသည်။