တာချီလိတ် ကျိုင်းတုံဘတ်စ် လျှိုထဲမှောက်ကျ - ခရီးသွား ၂၀ နီးပါးသေဆုံး

တာချီလိတ် ကျိုင်းတုံဘတ်စ် လျှိုထဲမှောက်ကျ - ခရီးသွား ၂၀ နီးပါးသေဆုံး
ကုန်တင်ယာဉ်တစီး ပရိတ်ပေါက်၍ ခရီးသည်တင်ဘတ်စ်အား အနောက်မှ ဒလကြမ်းဝင်တိုက်ရာမှ လျှိုထဲကျသဖြင့် တာချီလိတ် - ကျိုင်းတုံ ခရီးသွားအယောက် ၂၀ နီးပါး သေဆုံးခဲ့ရသည်....

ကုန်တင်ယာဉ်တစီး ပရိတ်ပေါက်၍ ခရီးသည်တင်ဘတ်စ်အား အနောက်မှ ဒလကြမ်းဝင်တိုက်ရာမှ လျှိုထဲကျသဖြင့် တာချီလိတ် - ကျိုင်းတုံ ခရီးသွားအယောက် ၂၀ နီးပါး သေဆုံးခဲ့ရသည် ကျိုင်းတုံဒေသခံများကဆိုသည်။

“ဘိလပ်မြေ အပြည့်တင်တဲ့ကား ဆယ်ဘီးကားကြီးတစီး တောင်စောက်အဆင်း ပရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်လို့ ရွှေရေကန် လိုင်းကားအနောက်ကို တအားဝင်တိုက်တာ၊ ၁၀ ယောက်ကျော် ပွဲချင်းပြီးဘဲ၊ ကျိုင်းတုံဆေးရုံရောက်လူနာ တွေလဲ ထပ်သေကျသေး တယ်” - ဟု ခရီးသွားတဦးက ပြောပါသည်။

မတ်ချ် ၁၆ ရက် နေ့လည် ၁ နာရီ အချိန် တာချီလိတ်မှ ကျိုင်းတုံသို့ ပြေးဆွဲနေသည့် ရွှေရေကန်ခရီးသည်တင် ဘတ်စ်တစီးအား (ကျိုင်းတုံမြို့ အဝင် ၁၀ မိုင် အလို) လွယ်ပန်ကွိုင်း အကွေ့တောင်စောက်အဆင်းတွင်ဘိလပ်မြေ အိတ်ပေါင်းများစွာတင်ထားသည့် ဆယ်ဘီးကားတစီးက ပရိတ်ပေါက်၍ အနောက်မှ ၀င်တိုက်သောကြောင့် ခရီးသည် ၁၀ ယောက် သေဆုံးပြီး ၃၈ ယောက် ဒဏ်ရာရ ကြသည်ဟု စုံစမ်းသိရှိရပါသည်။

“အခု ဆေးရုံရောက်တာ အလောင်း ၁၀ ကျော်တယ်၊ ဆေးရုံပြီး ထပ်သေတဲ့သူတွေနဲ့ဆို အားလုံး ၁၄ ယောက်ရှိပြီ၊ တိုင်းမှူး (တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး) လဲ ဒီနေ့လာကြည့်တယ်။ ကားမောက်တဲ့နေရာမှာရော၊ဆေးရုံရောက်လူနာ တွေအတွက်ရော လိုအပ်တာတွေညွှန်ကြားသွားတယ်” - ဟု ဆေးရုံဝန်ထမ်းတဦးက ပြောပါသည်။

ယာဉ်တိုက်မှုကြောင့် ခရီးသည် ၆၁ ဦးတင်ဆောင်သည့် ရွှေရေကန်လိုင်းကား ချောက်ထဲကျသွားကြောင်း၊ ခရီးသွား ၂၁ ယောက် သေဆုံးကြောင်း၊ လွှင့်စင်သွားသူများနှင့် ကားအောက်ပိနေသည့် ခရီးသည်များလည်းရှိကြောင်း၊ ဆယ်ဘီး ကားဆရာရော လိုင်းကားဆရာပါ နှစ်စလုံး သေဆုံးကြောင်း စပယ်ယာအသိုင်းအဝိုင်းက ပြောကြပါသည်။

မှောက်သွားသည့် ရွှေရေကန် (ဘတ်စ်ကား) ခရီးသည်တင် လိုင်းကားသည် တာချီလိတ်မြို့နေ စိုင်းလုံဆိုသူက ပိုင်ဆိုင်ကြောင်း သိရပါသည်။

Most read this week