ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မြဝင်း အငြိမ်းစားယူ

ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မြဝင်း အငြိမ်းစားယူ
မန္တလေးတိုင်း ပြင်ဦးလွင်မြို့(မေမြို့)၌ ဖွင့်လှစ်ထားသော နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ ကျောင်းအုပ် ကြီး ဗိုလ်ချုပ်မြဝင်းသည်  မကြာသေး ခင်က ရာထူးမှ အနားယူလိုက်ကြောင်း စစ်ဘက်သတင်း ...

မန္တလေးတိုင်း ပြင်ဦးလွင်မြို့(မေမြို့)၌ ဖွင့်လှစ်ထားသော နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ ကျောင်းအုပ် ကြီး ဗိုလ်ချုပ်မြဝင်းသည်  မကြာသေး ခင်က ရာထူးမှ အနားယူလိုက်ကြောင်း စစ်ဘက်သတင်းရပ်ကွက် တစ်ခု အဆိုအရ သိရသည်။

ဇန္နဝါရီလလယ်ပိုင်းက မြန်မာစစ်တပ်အတွင်း အလယ်အလတ်အဆင့်ရှိ တပ်မှူးများ ရာထူးနေရာ အပြောင်းအ လဲပြုလုပ်သည့် တစ်ချိန်တည်းတွင် ၄င်းအား လက်ရှိတာဝန်မှ နူတ်ထွက်ခွင့်ပြုလိုက်ရာ ယခုအခါ တာဝန်မှ အနား ယူသွား ခြင်းဖြစ်သည်။

ထိုစဉ်က မြန်မာစစ်တပ်အတွင်း ရာထူးနေရာ အပြောင်းအလဲများ ပြုလုပ်ခဲ့ရာတွင် ဗိိုလ်မှူးကြီးနှင့် ဒု-ဗိုလ်မှူးကြီးအချို့အား နည်းဗျူဟာမှူးများ အဖြစ် လည်းကောင်း ဗိုလ်မှူးချုပ်  ၀င်းသိန်းအား အရှေ့မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် ဒုတိုင်းမှူးအဖြစ် လည်းကောင်း ပြောင်းရွေ့စေခဲ့ခြင်းဖြစ်သည်။

၎င်းကိုယ်တိုင် နှုတ်ထွက်စာတင်ခဲ့ခြင်းကြောင့် ရာထူးမှအနားပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် လစ်လပ်သွားသည့် ကျောင်းအုပ်ကြီး ရာထူးတွင် အစားထိုးခန့်အပ်မှု အခြေအနေကိုမူ မသိရှိရသေးကြောင်း အဆိုပါ သတင်းရပ် ကွက် က ပြောသည်။

၂၀၀၉ခုနှစ်အထိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်  အမှတ်စဉ် ၉ အထိ ဖွင့်လှစ်ခဲ့ရာ အဆိုပါ ကျောင်းဆင်း စစ်အရာရှိများသည် မြန်မာစစ်တပ်အတွင်း အဆင့်မြင့်နေရာများသို့ ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ ဗို်လ်ချုပ်မြဝင်း အငြိမ်းစားယူခြင်း နှင့် ပတ်သက်၍  သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။