၃တန် အထက် တရုတ်ကားများ ပုဂ္ဂလိက သွင်းခွင့်ပြုထား

၃တန် အထက် တရုတ်ကားများ ပုဂ္ဂလိက သွင်းခွင့်ပြုထား
ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် တရုတ်နိုင်ငံမှ ၃ တန်အထက် ဘယ်မောင်း မော်တော်ကားကြီးများ ဇန်နဝါရီ ၁ ရက်နေ့မှစ၍နယ်စပ် လမ်းကြောင်းများမှတဆင့် တရားဝင်တင်သွင်း ခွင့်ပြုထားကြောင်း သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံရှိ...

ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် တရုတ်နိုင်ငံမှ ၃ တန်အထက် ဘယ်မောင်း မော်တော်ကားကြီးများ ဇန်နဝါရီ ၁ ရက်နေ့မှစ၍နယ်စပ် လမ်းကြောင်းများမှတဆင့် တရားဝင်တင်သွင်း ခွင့်ပြုထားကြောင်း သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံရှိ ကုန်သယ် အသိုင်းအဝိုင်းကပြောသည်။

ထို့အပြင်တရုတ်လုပ် မော်တော်ဆိုင်ကယ်များ တင်သွင်းခွင့်ကိုပါတစ်ပြိုင်တည်း ခွင့်ပြုလိုက်ခြင်းဖြစ်ပြီးအဆိုပါ စက်ပစ္စည်းများ သွင်းခွင့်လိုင်စင်လျှောက်ရာတွင် စည်းကြပ်ခွန်ကို ယခင်အမေရိကန်ဒေါ်လာ ၄၅၀ မှ ၁၀၀၀ အထိ တိုးမြှင့်ခဲ့ကြောင်း မူစယ်မြို့မှကုန်သယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ သည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များအား ၄င်းတို့ပြည်ပပို့ကုန်မှရရှိသည့်ဝင်ငွေဖြင့်သာ မော်တော်ကားနှင့် ဆိုင်ကယ်များ တင်သွင်းခွင့်ပြုခြင်းဖြစ်ပြီး ဇိမ်ခံကားများတင်သွင်းခွင့်မှာမူ စီးပွားရေးအသိုင်းအဝိုင်းကြား ပြောသံများထွက်ပေါ် နေသော်လည်း ယနေ့အထိတရားဝင်ခွင့်ပြုခြင်းမရှိသေးကြောင်း  နောက်ထပ်ကုန်သယ်တစ်ဦးကပြောသည်။

“ဇိမ်ခံကားအတွက် အသံကြားနေတာတော့ ကြာပါပြီ ခွင့်မပြုသေးပါဘူး သွင်းခွင့်ပြုမယ်လို့ မထင်ဘူးဗျ တကယ် တန်းခွင့်ပြုတယ် ဆိုရင်တောင် အခွန်မြှင့်ပြီးမှပဲ ခွင့်ပြုလိမ့်မယ် ” ဟု သူက ဆိုသည်။

၃တန်ကားကြီးများနှင့်ပတ်သက်၍ သူက ပြောရာတွင် “ ဒါပေမဲ့သွင်းတဲ့ လူတွေ အဆင် မပြေကြဘူး၊ ဘယ်မောင်း ဖြစ်နေတော့လေ ကုန်နဲ့ဝိတ်နဲ့တာကိုး မောင်းရတာ အဆင်မပြေဘူးလို့ သိရတယ်။ အခုလောလောဆယ် အတိုင်း ထားတုန်းပဲ ဟိုကနေကွန်တိန်နာနဲ့ ပို့လာမယ်ဆိုတော့ ချက်ခြင်း မရောက်နိုင်သေးဘူးလေ။ သွင်းခွင့် ကတော့ပေး ထားတာကြာပြီ ဇန္နဝါရီ ၁ ရက်နေ့ထဲကစတာ” လို့ ဆိုသည်။

လွန်ခဲ့သည့် ၅ နှစ်အတွင်း တရုတ်လုပ် စစ်ထရပ်ကားများ အစီးရည် ထောင် ချီ၍ မူစယ် ၁၀၅ မိုင်လမ်းကြောင်းမှ တဆင့် မြန်မာစစ်တပ်အသုံးပြုရန် တင်သွင်းခဲ့သည်။

မကြာသေးခင်က  ကျပ်ငွေ သိန်း ၁၅၀ ခန့်တန်သော ဂျာမဏီနိုင်ငံ ဗောက်ဝက်စ်ဂွန် ကုမ္ပဏီဖြစ်ဆလွန်းအမျိုး အစား ကားငယ် အစီးရည် ၂၀၀ ခန့်ကို  နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေးမြို့များတွင် အငှားယာဉ်အဖြစ် အသုံးပြုရန်အတွက်  မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်က တရုတ်နယ်စပ်မှ တင်သွင်းခဲ့ကြောင်း သိရသည်။

Most read this week