ချင်းမိုင်အဆင့်မြင့်ဟိုတယ်တခုမှ ကမကထပြု ကပြစေသည့် ချင်းမိုင်ရုပ်သေးပြပွဲတခုအား ပြီးခဲ့သည့်တနင်္ဂနွေက ကျင်းပ စဉ် ဟိုင်းဆိုးဧည့်သည်တော်များ စိတ်ဝင်တစားရှိကြသော်လည်း မထင်မရှား ဗမာဆိုင်းဝိုင်းတီးပေးရသူ သျှမ်းအဖွဲ့ကိုမူ စိတ်ဝင် စား သတိထားမိသူသိပ်မရှိကြောင်း ပွဲတက်ရောက်သူတဦး ကပြောပါသည်။
“ပြပွဲက ညနေ ၄ နာရီကနေ ၅ နာရီခွဲလောက်အထိ ကျင်းပတယ်။ မယ်ဟောင်ဆောင်က သျှမ်းတွေ ဆိုင်းဝိုင်းလာတီးပေး တယ်” - ဟု သျှမ်းအမျိုးသား ဟော်တယ်ဝန်ထမ်းတဦး က ပြောပါသည်။
ရတ်ချမန်းခါးဟိုတယ် မြန်မာ့ရုပ်သေးပြပွဲသို့ ကာတွန်းဆရာစိုင်းဟန်လေး အပါအဝင် နိုင်ငံခြားသားများ၊ မြန်မာ့ရုပ်သေး စိတ်ဝင်စားသည့် ထိုင်းလူမျိုးများ၊ ဖိတ်ကြား ထားသည့် အနုပညာရှင်များ၊ သီးလေးသီးအငြိမ့်အဖွဲ့ဝင်များ၊ ချင်းမိုင် သျှမ်း မိသားစုအချို့နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်ဟု ဆိုသည်။ ဟော်တယ်ပိုင်၏ ဖိတ်ကြားချက် အရ ဆုဝÀဖူးမ် အတ်ဂယ်လာရီ ပိုင်ရှင် ဒေါ်မာမာကလည်း မြန်မာ့ထိပ်တန်းပန်းချီကျော်များ၏ လက်ရာအချို့ သွားရောက် ပြသခဲ့သေး သည်။
“ပွဲတက်သျှမ်းတွေ မြန်မာ့ဂီတ ဘယ်လောက်စိတ်ဝင်စားလဲဆိုရင် နောက်ခံတီးလုံးကိုတောင် အိမ်မှာရှိတဲ့ သူ့မိသားစု ကြားရအောင် လက်ကိုင်ဖုန်းဖွင့် ပေးနားထောင်တာ တွေ့ရတယ်” - ဟု ၎င်းက ဆက်ပြောပြပါသည်။
ရုပ်သေးပြပွဲအတွက် ကြားကာလနားချိန် မြန်မာ့ဆိုင်းဝိုင်းတီးခတ်ပေးရန် မယ်ဟောင်ဆောင်မှ သျှမ်းအငြိမ့်အဖွဲ့ ငှါးလာ ကြောင်း၊ ဆိုင်းဝိုင်းသမားများ ပုဆိုးမဝတ် ရသည်မှာ ကြာလှသဖြင့် စနစ်မကျကြောင်း၊ ချင်းမိုင်လာမည့်ရက်၌သာ ဘတ်ငွေ ၁၅၀ ပေး၍ ပုဆိုးသစ်ဝယ်လာကြကြောင်း၊ ပုဆိုးနှင့် တွဲဝတ်မည့် တိုက်ပုံလည်း မရှိသောကြောင့် ကြောင်ကြားအင်္ကျီ များဖြင့် မျက်နှာငယ်ရကြောင်း ပြောပါသည်။
မြန်မာ့ရုပ်သေးသည် စစ်အစိုးရအာဏာမသိမ်းမီ လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက စိတ်ဝင်စားသူများခဲ့၏။ ရုပ်သေးပြရုံ များလည်း နေရာ ၄၀-၅၀ မကရှိ၏။ သို့သော် ယခုအခါ မြန်မာပြည်တွင်း၌ ၄-၅ နေရာခန့်သာရှိပြီး၊ ကမ္ဘာ့ခရီးသွားများ စုစည်းရာနေရာ အချို့၌သာ ပြသနိုင်သော ရုပ်သေးပွဲကိုမူ နိုင်ငံခြားသားများထံမှဝင်ကြေး ၄-၅ ဒေါ်လာကောက်ယူကြောင်း - ရုပ်သေးဆရာမ ဒေါ်တင်နန်းမြင့်က ဤကဲ့သို့ဆက်ပြော၏။
“စစ်အစိုးရက မိမိယဉ်ကျေးမှုအမွေအနှစ်ကိုတောင် ထောက့်ပံ့အားပေးကူညီတာမရှိဘူး၊ အရာရာ သူ့အာဏာထိခိုက်မှာ ကိုဘဲ စိုးရိမ်နေတယ်။ နောင်ဆို နိုင်ငံခြားသား တွေကဘဲ မြန်မာ့ရုပ်သေးပြန်ကပြရတော့မယ့်အနေအထားဘဲ။ အခု ချင်းမိုင် ရုပ်သေးပွဲမှာလဲ မျက်နှာဖြူတွေ ထိုင်းတွေ အရမ်းစိတ်ဝင်စားတာတွေ့ရတယ်။ ကိုယ်တိုင် သင်ကြားတတ်ထားသူတွေ ကပြတာလဲ စံချိန်မှီလောက်တယ်” - ဟု ဆိုသည်။
မြန်မာ့ရုပ်သေးကပွဲ ကမကထပြုပေးသည့် ရတ့်ချမန်းခါး ကြယ်ငါးပွင့်ဟော်တယ် ( 6 Rachamankha 9 , T.Phra Singh Chiang Mai 50200, Thailand. Pho: 66 0 5390 411 fax: 66 0 5390 4114 . email - [email protected] , www.rachamankha.com ) ပိုင်ရှင်သည် အသက် ၅၀ ကျော် ထိုင်းအမျိုးသား ဖြစ်ပြီး ဟော်တယ်ဝန်ထမ်း ပညာတတ် သျှမ်းလူငယ် ၁ ဒါဇင်နီးပါး အလုပ်ခန့်ထားသည်ဟု ဆိုသည်။