သျှမ်း/အရှေ့ထွက် ကျောက်မီးသွေးစွမ်းအင် လျှပ်စစ်စက်ရုံ ဆောက်ရန် မြန်မာ့စီးပွားရေးဦးပိုင် ကွင်းဆင်း

သျှမ်း/အရှေ့ထွက် ကျောက်မီးသွေးစွမ်းအင် လျှပ်စစ်စက်ရုံ ဆောက်ရန် မြန်မာ့စီးပွားရေးဦးပိုင် ကွင်းဆင်း
သျှမ်းပြည်အရှေ့ပိုင်းထွက် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်မီးထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရန် မြန်မာ့ စီးပွားရေးဦး ပိုင်က ထိုင်းအမျိုးသားများနှင့်အတူ ဒီဇင်ဘာလနှောင်းပိုင်း၌ ကွင်းဆင်းကြည့်ရှုခဲ့သည်ဟုထိုင်းနယ်စပ်...

သျှမ်းပြည်အရှေ့ပိုင်းထွက် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်မီးထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရန် မြန်မာ့ စီးပွားရေးဦး ပိုင်က ထိုင်းအမျိုးသားများနှင့်အတူ ဒီဇင်ဘာလနှောင်းပိုင်း၌ ကွင်းဆင်းကြည့်ရှုခဲ့သည်ဟုထိုင်းနယ်စပ် သတင်းရပ်ကွက် က ဆိုသည်။

ဒီဇင်ဘာ ၂၄ ရက် က မိုင်းဆတ်မြ့အရှေ့မြောက်ဘက် ( မိုင် ၃၀ ခန့်အကွာ ) မိုင်းခုတ် (မုံးကုတ်) ဒေသထွက်ကျောက်မီး သွေးစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် ထိုင်းအမျိုးသား ၁၁ ဦးနှင့်အတူ မြန်မာ့စီးပွား ရေးဦးပိုင်လီမစ်တက်မှ ဗိုလ်ကြီးစိုင်းအောင်လှိုင်ဝင်းတို့က ဒေသအတွင်း ကွင်းဆင်းကြည့်ရှုခဲ့သည်ဟုမုံးကုတ်ဒေသခံ များက ပြောပါသည်။

သျှမ်းပြည်အရေးစောင့်ကြည့်လေ့လာတဦးက - “မနှစ်က မုံးကုတ်ကျောက်မီးသွေးကို ထိုင်းနိုင်ငံ ဆာရာဘူရီကုမ္ပဏီကို နှစ် ၄၀ တူးခွင့်ပေးထားတယ်လေ။ အဲအချိန်က ဖြတ်လမ်းတွေဘာတွေလဲ ဖြတ်ဖေါက်မယ်ပြောပေမယ့် အကောင်အထည် မဖေါ်သေးဘဲ ငြိမ်နေတာ ၄-၅ လလောက်ရှိပြီ”- ဟု ပြော၏။

မုံးကုတ် ကျောက်မီးသွေးအား ဖြတ်လမ်းမှ တဆင့်သယ်ဆောင်လျှင် (၁) သဘာဝသစ်တောြုပန်းတီးမှု အန္တရာယ်၊ (၂)လူကုန် ကူးမှုပြဿနာ၊ (၃)မူးယစ်မှောင်ခိုပြဿနာ၊ (၄) သျှမ်းပြည်တပ်မတော် SSA (တောင်ပိုင်း)လှုပ်ရှားနယ်ဖြစ်သော ကြောင့် နယ်စပ် လုံြုခံရေးဆိုင်ရာပြဿနာများ ကြံု တွေ့လာနိုင်ဘွယ်ရှိကြောင်း၊ တာချီလိတ် - မယ်ဆိုင် အမှတ် ၂ တံတားမှ သယ် ဆောင်လျှင် အဆင်ပိုပြေမည် ဖြစ်သော်လည်း စစ်အစိုးရက ဖြတ်လမ်းနှင့်သာ သယ်ဆောင်ရန် သဘောတူကြောင်း၊ ထို့ပြင်  ထိုင်းနိုင်ငံအတွင်း ဖြတ်လမ်းဖေါက်လုပ်မည့် ဒေသတဝိုက်နေထိုင်သည့် ကျေးလက်ရွာသားများက လက်မခံခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းဒေသခံတဦးက ဤကဲ့သို့ပြောပါသည်။

“ကျောက်မီးသွေးသယ်ယူမယ့်အစီအစဉ်၊ ဖြတ်လမ်းဖေါက်လုပ်မယ့်အစီအစဉ်တွေက အခုထက်ထိ မရုပ်သိမ်းသေးဘူး၊ အဲဒီ့ကိစ္စ ဒေသခံလူထုက လက်မခံလို့ သူတို့အစီအစဉ် အကောင်အထည်မဖေါ်နိုင်သေးတာဖြစ်နိုင်တယ်၊ ကျနော့်အမြင် အရပြောရရင်တော့ လျှပ်စစ်စက်ရုံစီမံကိန်း၊ ထိုင်းကို ကျောက်မီးသွေး သယ်မယ့်စီမံကိန်းတွေအားလုံး ဆာရာဘူရီကဘဲ တာဝန်ယူတယ်လို့ ကျနော်ထင်တယ်၊ ဘာလို့လဲဆိုတော့ ဆာရာဘူရီကို ချုပ်ကိုင်တဲ့ အီတာ - ထိုင်း Ital-Thai က အဲဒီ့ကိစ္စနဲ့ဆိုင်တဲ့လုပ်ငန်းတွေဘဲ အဓိကလုပ်တယ်”

မုံးကုတ်ကျောက်မီးသွေးတွင်းမှတဆင့် နှစ် ၄၀ အတွင်း ပထမတန်းစားကျောက်မီးသွေး Grade A တန်ချိန် သန်း ၅၀ နှင့် အတူ အခြားကျောက်မီးသွေးဆိုင်ရာ အသုံးဝင်သတ္တုများအားလုံး တန်ချိန်သန်း ၁၅၀ ထွက်ရှိမည်၊ တရက်လျှင် ထိုင်းသို့ ဆယ်ဘီးကား အစီး ၂၀၀ ခန့်တင်နိုင်မည် - ဟုလည်း ဆာရာဘူရီကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းပြောဆို ထား ကြပါသည်။