ပါတီဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူးအား တွေ့ဆုံခွင့်ရရန် SNLD တောင်းဆို

ပါတီဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူးအား တွေ့ဆုံခွင့်ရရန် SNLD တောင်းဆို
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့နှင့် တွေ့ဆုံ ခွင့်ရရန် အမှုဆောင်အဖွဲ့ဝင်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံစာပို့ တင်ပြတောင်းခံထားကြောင်း SNLD...


သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့နှင့် တွေ့ဆုံ ခွင့်ရရန် အမှုဆောင်အဖွဲ့ဝင်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံစာပို့ တင်ပြတောင်းခံထားကြောင်း SNLD အသိုင်းအဝိုင်း ကဆိုသည်။

“ကျနော်တို့ ဥက္ကဌ နဲ့ အထွေထွေ အတွင်းရေးမှူး တို့ကိုတွေ့ခွင့်ရဖို့ တင်ပြတောင်းဆိုထားတာ အခုဆို ၁၀ ရက်ကျော် သွားပြီ၊ တွေ့ခွင့်ပြုမပြု ဘာဆိုဘာမှ တစုံတရာ အကြောင်းပြန်တာမရှိသေးဘူး၊ ဗိုလ်ချုပ်မှူးကြီးဆီ ကျနော်တို့စာဘဲ မရောက် တာလားလို့ တွေးစရာဖြစ်ပါတယ်” - ဟု ပါတီဝင်တဦး ကပြောပါသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့ ၂၀၀၉ ရက်စွဲပါ SNLD ပေးစာတွင် - ၂၀၁၀ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီဖေါ်ဆောင်ရေးနှင့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးအတွက် အရေးကြီးသည့် အခင်းအကျင်းတရပ်ကို စုပေါင်းဖေါ်ဆောင်ရလိမ့် မည်ဟုရှုမြင်ကြောင်း၊ ဤသို့ဖေါ်ဆောင်နိုင်ရန် SNLD အနေဖြင့် ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး နှင့် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့အား အတွင်းရေးမှူးများ အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုပါရန် တောင်းခံထားပါသည်။

ထို့အပြင် တောင်းခံစာ၌ “SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့အား ၂၀၀၅  ဖေဖေါ်ဝါရီက သက်ဆိုင်ရာတာဝန်ရှိသူများက ခေတ္တဆွေးနွေးရန် ခေါ်ဆောင်သွားချိန်မှစ၍ ပူတာအိုမြို့ အကျဉ်းထောင်၊ ကလေးမြို့ အကျဉ်းထောင် သို့ နှစ်ရှည်ထောင်ဒဏ်များဖြင့် အသီးသီးချမှတ်ခံခဲ့ရသည်” ဟု ဖေါ်ပြထားပါသည်။

ယခု SNLD တောင်းဆိုသကဲ့သို့- နေအိမ်အကျယ်ချုပ်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်က အခြား SNLD ခေါင်းဆောင် များ နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် တောင်းဆိုခဲ့ရာမှာ ၂၀၀၉ ဒီဇင်ဘာ ၁၆ ရက်နေ့က တွေ့ဆုံခွင့်ရရှိခဲ့သည်။

စစ်အစိုးရက သျှမ်းတိုင်းရင်းသားခေါင်းဆောင်ကိုးဦးအား အမျိုးသားညီလာခံ ဖျက်စီးရာဖျက်ဆီးကြောင်း ကြံစည်မှု၊ နိုင်ငံ တော်ပုန်ကန်မှု၊ ပြည်ထောင်စုဖြိုခွဲမှု၊ မတရားအသင်းဖွဲ့စည်းမှု စသဖြင့် ပြစ်မှု ၁၂ ခု စွဲချက်တင်ပြီး ဦးခွန်ထွန်းဦးအား ထောင် ဒဏ် ၉၃ နှစ်၊ စိုင်းညွန့်လွင် အား ၈၅ နှစ် အပြင် ဗိုလ်ချုပ်ဆေထဲန်အား ၁၀၆ နှစ် စိုင်းလှအောင်၊ စိုင်းမျိုးဝင်းထွန်း၊ စိုင်းထွန်းညို၊ ဦးဘသင် ဆရာဦးမြင့်သန်း (၂၀၀၆ နှစ်လယ်ပိုင်း သံတွဲအကျဉ်းထောင်၌ ကွယ်လွန်)၊ တို့အားလည်း အနည်းဆုံးထောင်ဒဏ် ရ၉ နှစ်စီ၊ ဦးစဝ်သာဦးအား ထောင်ဒဏ် ၁၄ နှစ် (အစိုးရသက်သေ လုပ်ပေးသဖြင့် ထောင် ၂ နှစ်ကျပြီး ပြန်လည်လွတ်မြောက်) ပြစ်ဒဏ်ပေးခဲ့ပါသည်။