နိုင်ငံရေးပါတီပြောင်းရေး ကြံ့ဖွံ့ ၁၆ နှစ် နှစ်ပတ်လည်၌ လျှို့ဝှက်ဆွေးနွေး

နိုင်ငံရေးပါတီပြောင်းရေး ကြံ့ဖွံ့ ၁၆ နှစ် နှစ်ပတ်လည်၌ လျှို့ဝှက်ဆွေးနွေး
ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ နိုင်ငံရေးပါတီအဖြစ်ပြောင်းရန် ၁၆ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး၌ သီးသန့်လျှို့ဝှက် ဆွေးနွေးခဲ့သော်လည်း တရားဝင်သတင်း ထုတ်ပြန်ခြင်းမရှိဟု...

ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ နိုင်ငံရေးပါတီအဖြစ်ပြောင်းရန် ၁၆ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး၌ သီးသန့်လျှို့ဝှက် ဆွေးနွေးခဲ့သော်လည်း တရားဝင်သတင်း ထုတ်ပြန်ခြင်းမရှိဟု ပြည်တွင်းသတင်းရပ်ကွက်က ပြောပါသည်။

“နိုဝင်ဘာ ၂၇ ရက် က အစည်းအဝေးစလုပ်တာ။ နှစ်ပတ်လည်ဆိုတော့ တပြည်လုံးအတိုင်းအတာပေါ့၊ အနည်းဆုံး တမြို့ နယ် ကြံ့ဖွတ်ကိုယ်စားလှယ်တယောက် သွားတက်ရတယ်။ နိုင်ငံရေးပါတီအဖြစ် ဒီ ၃-၄ လအတွင်း ပြောင်းဖို့ အဆင်သင့် ဖြစ်နေပြီ” ဟု သျှမ်းပြည်အလယ်ပိုင်း မြို့နယ်ယ် ကြံ/ဖွံ့ အကြီးအကဲဖွဲ့ တစ်ဦးကပြောပါသည်။

ကြံ့/ဖွံ့နာယကဗိုလ်ချုပ်မှူးကြီးသန်းရွှေက - မိမိတို့လိုလားတောင့်တသည့် နိုင်ငံတော်ကြီးတည်ဆောက်ရေးအတွက် ကြံ့/ဖွံ့ အသင်း ဖွဲ့စည်းတည်ထောင်ခြင်း ၁၆ နှစ်ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေးအတွက် လုပ်ငန်းစဉ်များနှင့်ယှဉ်တွဲပြီး အတွေ့အကြံုရင့်ကျက်ခိုင်မာနေပြီ - ဟု ပြောကြားကြောင်း နအဖ မီဒီယာများက ဆိုပါသည်။

နအဖ မီဒီယာက ဖုံးကွယ်ချန်လှန်ထားသော ဗိုလ်ချုပ်ဌေးဦး ၏ မိန့်ခွန်းမှာမူ - လူထုကို မိမိတို့အပြည့်အဝ မစည်းရုံးနိုင်သော်လည်း NLD ကို ရန်သူအဖြစ် မသတ်မှတ် သင့်ကြောင်း ဤကဲ့သို့ဆက်ပြော၏။

“ဒေါ်စု နဲ့  NLD ကိုနှိပ်ကွပ်ရင် ပြည်သူလူထုက သူတို့ကိုပိုသနားလာမယ်။ အဲလိုဆို နိုင်ငံတော်ရည်မှန်းချက်က မအောင်မြင်ဘူး။ သူတို့ကို ပြိုင်ဘက်အဖြစ်ဘဲ သဘော ထားရမှာ”

ရွေးကောက်ပွဲစည်းမျဉ်းဥပဒေအားလုံးရေးဆွဲပြီးသော်မှ - ပါတီသစ် တဖြစ်လဲ ကြံ့ဖွံ့ က  ရွေးကောက်ပွဲအနိုင်ရရန် ရာနှုန်း ပြည့် ပြင်ဆင်မှု လုပ်ထားပြီးမှသာလျှင် အဆိုပါ စည်းမျဉ်းဥပဒေ ထုတ်ပြန်မည်ဖြစ်ကြောင်း - အဆိုပါ မြို့နယ်ကြံ့ဖွံ့ကိုယ်စား လှယ်က သျှမ်းသံတော်ဆင့်သို့ အခိုင်အမာပြောကြားပါသည်။

“နိုင်ငံရေးပါတီပြောင်းရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အမည်မဟုတ် တော့ဘူး။ ပြောင်းမယ့် နိုင်ငံရေးပါတီ နာမည်ကတော့ ထုတ်မပြောကြသေးဘူး။ မကြာခင် ပြောင်းတော ့မယ်လို့ဘဲကြားတယ်”- ဟု ပြောပါသည်။

နေပြည်တော်ရှိ အဆောက်အဦးသစ်များအနက် လွှတ်တော်အဆောက်အဦးပြီးလျှင် ကြ့ံဖွံ့ဗဟိုရုံးချုပ်က အထည်ဝါဆုံးဖြစ် ကြောင်း၊ ဒက္ခိဏ သီရိရပ်ကွက်တွင် ဆောက်လုပ် ထားကြောင်း ကြားသိရပါသည်။

၈ လေးလုံးအရေးအခင်း နောက်ပိုင်း ဒီမိုကရေစီအရေး လူ့အခွင့်အရေးလှုပ်ရှားသူများအား နှိပ်ကွပ်ရန် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကို ၁၉၉၃ က ဗိုလ်သန်းရွှေ ကမကထပြု ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ကြံ့ဖွံ့အသင်းမှာ ၁၉၉၆ ကျောင်းသားအရေးအခင်း၊ ၂၀၀၃ ဒီပဲယင်း အရေးအခင်း နှင့် ၂၀၀၇ သံဃာ့အရေးအခင်း များ၌ စစ်အစိုးရဘက်လုံးဝရပ်တည်ပြီး ရဟန်း ပြည်သူ ကျောင်းသားများအား အကြမ်းဖက် ရိုက်ပုပ် နှိပ်စက်သောကြောင့် ဒီမိုကရေစီအရေး/လူ့အခွင့်အရေးလှုပ်ရှားသူများက စစ်အစိုးရ လက်ကိုင်ဒုတ် လက်ပါးစေ အလိုတော်ရိ အသင်းဟုအမည် ပေးထားခဲ့သည်။

Most read this week