စစ်အစိုးရ၏ နယ်ခြားစောင့်တပ် မိုင်းလားတပ်ဖွဲ့ ငြင်းဆန်၍ မရတော့

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် မိုင်းလားတပ်ဖွဲ့ ငြင်းဆန်၍ မရတော့
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် ဆက်လက်ငြင်းဆန် ရန် အမျိုးသား ဒီမိုရက်တစ် တပ် ပေါင်းစု - သျှမ်းပြည်အရှေ့ပိုင်းNDAA-ESS ခေါ် မိုင်းလား အထူးဒေသ ၄ တပ် ဖွဲ့ အခြေအနေမရ ...

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် ဆက်လက်ငြင်းဆန် ရန် အမျိုးသား ဒီမိုရက်တစ် တပ် ပေါင်းစု - သျှမ်းပြည်အရှေ့ပိုင်းNDAA-ESS ခေါ် မိုင်းလား အထူးဒေသ ၄ တပ် ဖွဲ့ အခြေအနေမရ တော့ကြောင်း ခိုင်လုံသည့် ထိုင်းနယ်စပ်သတင်း ရပ်ကွက်ပြောပါသည်။

အောက်တိုဘာ၂၈ ရက် ဥက္ကဌကြီး ဦးစိုင်းလင်းခေါင်းဆောင်သည့် မိုင်းလားကိုယ်စားလှယ်အဖွဲ့က ကျိုင်းတုံ ရောက် ဗိုလ်ချုပ်ရဲမြင့်နှင့်သွားရောက်တွေ့ဆုံစဉ် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ တခွန်းတပါဒမျှစျေးဆစ်၍မရ ကြောင်း၊ မိုင်းလားအဖွဲ့၏ စက်တင်ဘာ ၂၃ ရက်ပါ စစ်အစိုးရထံ ပေးပို့သည့်စာအတိုင်း မူအရနယ်ခြားစောင့်တပ် လုပ်တန်လျှင် လုပ်မည်ဟူသောအချက်ကိုသာ ဗိုလ်ချုပ်ရဲမြင့်ကိုင်စွဲဖိပြောလိုက်ကြောင်း အဆိုပါသတင်းရပ်ကွက်က ဆိုသည်။

“တပ်မဟာ ၃၆၉ ထိန်းချုပ်နယ်မြေ ဆီလူးဒေသ နဲ့ တပ်မဟာ ၉၁၁ ထိန်းချုပ်နယ်မြေ နမ့်ပန်းဒေသကိုမိုင်းလားမြို့ နယ်ထဲထားခွင့်မပေးတော့ဘူး၊ ဆီလူးဆိုရင် မိုင်းယန်းမြို့နယ်၊ နမ့်ပန်းဆိုရင်လဲ မိုင်းယောင်း မြို့နယ်ဘဲဖြစ်ရမယ်တဲ့။ ဌာနေပြည်သူ့စစ်လဲလုပ်ခွင့်လဲမရဘူး၊ တပ်ရင်းတိုင်း နအဖ စစ်အရာရှိ ၃၀ ပါ၀င်တဲ့ နယ်ခြားစောင့်တပ်ဘဲလုပ်ရမယ်။ စစ်အစိုးရသတ်မှတ်ထားတဲ့ သင်တန်းနေရာကိုဘဲသွားတက်ရမယ်” - ဟု ဗိုလ်ချုပ်ရဲမြင့် က ပြောသေးကြောင်း ဆို၏။

နယ်ခြားစောင့်တပ်လုံးဝ အသွင်ပြောင်းလဲရေးကိုသာ ဗိုလ်ချုပ်ရဲမြင့် အပေါ်စီးဖိပြောခဲ့သော်လည်း  မိုင်းလား အဖွဲ့အနေဖြင့်မည်သို့လက်ခံပြီး မည်မျှလိုက်နာမည်ကို မဆုံးဖြတ်ရသေးကြောင်း၊ ယခုအခြေအနေမှာ ၀ တပ်ဖွဲ့ ပန်ဆန်း ဌာနချုပ်နှင့်လည်းဆက်စပ်နေကြောင်း၊ PDF အဖွဲ့ဝင် ကိုးကန့်ဒေသ လက်လွတ်ဆုံးရုံးပြီး နောကမိုင်းလား တပ်ဖွဲ့နယ်မြေအရှုံးခံမည် မခံမည်ဟူသောအချက်အပေါ် မူတည်နေကြောင်း၊ မိုင်းလား ခေါင်း ဆောင်များထပ်မံ အစည်းအဝေးထိုင်ပြီး ပန်ဆန်း နှင့်သွားဆွေးနွေးရဦးမည်ဖြစ်ကြောင်း၊ ၀ တပ်ဖွဲ့ ၏ ရပ်တည်မှုနှင့်ဆုံးဖြတ်ချက် လည်း အရေးပါကြောင်း -  အဆိုပါဆိုစ့်က သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

Most read this week