မိုင်းလားခေါင်းဆောင် နှင့် ဗိုလ်ချုပ်ရဲမြင့် ကျိုင်းတုံ၌ တွေ့ဆုံ

မိုင်းလားခေါင်းဆောင် နှင့် ဗိုလ်ချုပ်ရဲမြင့် ကျိုင်းတုံ၌ တွေ့ဆုံ
စစ်အစိုးရ နားဂစ်ဖွဲ့စည်းပုံအရ နိုင်ငံတခု၌ တပ်မတော်တခုသာ ထားရှိမည်ကို မိုင်းလားတပ်ဖွဲ့က မူအားဖြင့် လက်ခံ လိုက်ပြီဖြစ်ကြောင်း၊ မိုင်းလားခေါင်းဆောင်နှင့် စစ်အစိုးရကိုယ်စားလှယ်တို့ ယနေ့တွေ့ဆုံကြ ...

စစ်အစိုးရ နားဂစ်ဖွဲ့စည်းပုံအရ နိုင်ငံတခု၌ တပ်မတော်တခုသာထားရှိမည်ကို မိုင်းလားတပ်ဖွဲ့က မူအားဖြင့် လက်ခံ လိုက်ပြီဖြစ်ကြောင်း၊ မိုင်းလားခေါင်းဆောင်နှင့် စစ်အစိုးရကိုယ်စားလှယ်တို့ ယနေ့တွေ့ဆုံကြ ကြောင်း ထိုင်းနယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။

“ဒီနေ့ အောက်တိုဘာ ၂၈ ရက် မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်းနဲ့ အဖွဲ့ ၂၁ ဦးကို ကျိုင်းတုံရောက် နေတဲ့ ဗိုလ်ချုပ်ရဲမြင့်နဲ့တွေ့ဆုံတယ်။ အလျှော့အတင်း၊ အပေးအယူအတွက် ဥက္ကဌကြီးကိုယ်တိုင် ဆွေးနွေးမယ်လို့သိရ တယ်” ဟု အဆိုပါသတင်းရပ်ကွက်က ဆို၏။

အောက်တိုဘာ၂၄ ရက်နေ့က အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - သျှမ်းပြည်အရှေ့ ပိုင်း NDAA-ESS  မိုင်းလား ဗဟိုဌာနချုပ်အစည်းဝေးလုပ်ခဲ့ရာ ထိုအစည်းအဝေး၌ စစ်အစိုးရ၏ နိုင်ငံတခု စစ်တပ် တခုမူကိုသဘော တရား အရလက်ခံကြောင်း၊ သို့သော်တပ်ရင်းတခု စစ်အစိုးရအရာရှိ ၃၀ ပါ၀င်မှု ၊ နအဖ ဌာနဆိုင်ရာများသွားရောက်အစား ထိုးမှု တို့ကိုမူ အချိန်စောနေသေးကြောင်း၊ မိုင်းလားတပ် ဖွဲ့စည်းပုံကို လည်း မူလအတိုင်းဆက်လက်ထားရှိသွား မည်ဖြစ်ကြောင်း စသည်တို့ ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု  -  သိရသည်။

ထို့အတူ ပေါက်ယိုယီး ဦးစီးသည့် ၀ ကိုယ်စားလှယ် ၅-၆ ဦးက လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် ဖိတ်ခေါ်ချက်အရ ၂၅/၁၀/၀၉ သွားရောက်တွေ့ဆုံခဲ့ရာ ယနေ့ ဌာနချုပ်ပန်ဆန်းသို့ ပြန်လည်ရောက် ရှိ မည်ဖြစ် ကြောင်း၊ နယ်ခြား စောင့်တပ်အဖြစ်အသွင်ပြောင်းရန်ကိစ္စ တစုံတရာ အဖြေပေးမှု မရှိခဲ့ကြောင်း -ပန်ဆန်းအရာရှိ နှင့် နီးစပ်သည့် သတင်းရပ်ကွက်ပြောပါသည်။

Most read this week