သျှမ်းပြည် (မြောက်ပိုင်း) တွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင် သန်းကောင်စာရင်းကောက်ဟု ဆို

သျှမ်းပြည် (မြောက်ပိုင်း) တွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင် သန်းကောင်စာရင်းကောက်ဟု ဆို
အောက်တိုဘာလ (၂၀) ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ပေါ်ရပ်ကွက်များတွင်တစ်အိမ်တက် တစ်အိမ်ဆင်း သန်းကောင် စာရင်း ကောက်ယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရ ...

အောက်တိုဘာလ (၂၀) ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ပေါ်ရပ်ကွက်များတွင်တစ်အိမ်တက် တစ်အိမ်ဆင်း သန်းကောင် စာရင်း ကောက်ယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် မယက( မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ) ရုံးမှ စာရေးမများက လာမည့်၂၀၁၀ ခုနှစ်တွင် ကျင်းပမည် ဆိုသည့် ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုလို သန်းကောင်စာရင်း ကောက်ယူခြင်းဖြစ်ကြောင်း နမ့်ခမ်း မယက ရုံးဝန်ထမ်းနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ တကယ်လို့ ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အချိန်ကပ်မှပြောမယ်ဆိုရင် မနိုင်မနှင်းဖြစ်မှာစိုးလို့ အခုုကတည်းက ကြိုတင်ကောက် ယူနေတာပါ အခုကောက်တာတော့ နမ့်ခမ်းမြို့ပေါ်ရပ်ကွက်တွေပေါ့ ” လို့ အဆိုပါ ၀န်ထမ်းနှင့်နီးစပ် သူအမျိုုးသမီးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်း ကလည်း နမ့်ခမ်းမြို့နယ်အတွင်းရှိ  နောင်ခမ် ၊ မန်ကတ် ၊ ကောင်းဝိန်း ၊ ကောင်းဆာ ၊ ဆည်ဟိုင်း၊ မန့်ခမ်း ၊ မန့်နောင် စသည့်ကျေးရွာများတွင် မိသားစုဝင်များအား ဓါတ်ပုံရိုက်ယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

၄င်းအပြင် ထိုအချိန်က မူဆယ်မြို့နယ်ရှိ ကျေးရွာများတွင်လည်း အိမ်ထောင်စုစာရင်း လိုက်လံကောက်ယူနေခြင်း များပြုလုပ်ခဲ့သေး သည်။

မယက စာရေးမများက နမ့်ခမ်းမြို့ပေါ်ရပ်ကွက်များတွင် သန်းကောင်စာရင်းကောက်ယူသည် ဆိုသည့် အခြေအနေကို နမ့်ခမ်းမြို့ပေါ် ရပ်ကွက်တစ်ခုသားတစ်ဦးက အခုလိုပြောသည်။

“၂၀ရက်နေ့ကပဲ အိမ်ကိုလည်းလာကောက်သွားတယ် အိမ်ထောင်စုစာရင်းပေါ့ ဘယ်သူတွေကခရီးလွန်နေသလဲ ဘယ်သွားတာလဲ အခု လောလောဆယ် အိမ်မှာလူဘယ်နှစ်ယောက်နေသလဲပေါ့ အဲဒါတွေလာကောက်သွားတယ် မဲပေးဖို့အတွက် လာကောက်တာလို့ တော့ ပြောတယ် ဟုတ်တယ် သူတို့ပြောတာတော့ကြိုတင်စာရင်းကောက်တာလို့ ပြောတယ်  ” လို့  မြို့ခံရပ်ကွက်သား ကပြောသည်။

စက်တင်ဘာလအတွင်းက ကျေးရွာများတွင်ပြုလုပ်ခဲ့သည့် အိမ်ထောင်စုစာရင်းကောက်ယူမှုများတွင် ရယကများ လဝက နှင့် ရဲတပ်ဖွဲ့ဝင် များ ပါ၀င်ပြီး သန်းကောင်စာရင်းကောက်ခံခြင်း မဟုတ်ပဲ လုံခြံုရေးအရ မိသားစုဝင်များစာရင်းအား စီစစ်ခြင်း၍ ဓါတ်ပုံရိုက်မှတ်တမ်း တင်ခြင်း ဖြစ်ကြောင်း ရဲသတင်းရပ်ကွက်တစ်ခု အဆိုအရ သိရသည်။

ယခု ကောက်ယူမှုနှင့်ပတ်သက်၍ စောစောက နမ့်ခမ်းဒေသခံက ဆက်ပြောရာတွင် “ အခုက အခြေအနေအရမ်းရှုပ်တယ် ၁ရ ရက်နေ့ကလည်း နောင်ခံရွာအတွင်းရေးမှူးအသတ်ခံရသေးတယ် အဲဒါတွေနဲ့ပတ်သက်ပြီးလူစာရင်းလာစစ်တာ လည်းဖြစ်နိူင်တယ် ” လို့ သူကပြောသည်။