ငြိမ်းအဖွဲ့နယ်မြေမှ ထွက်ခွာရန် သတ်မှတ်ရက် ကုန်ဆုံး

ငြိမ်းအဖွဲ့နယ်မြေမှ ထွက်ခွာရန် သတ်မှတ်ရက် ကုန်ဆုံး
တရုပ်အာဏာပိုင်များက ငြိမ်းအဖွဲ့နယ်မြေများရှိ  တရုပ်နိုင်ငံသားများ၏  နောက်ဆုံးထွက်ခွာရက်အား သတ်မှတ်ထား သည်မှာ ယမန်နေ့က ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရ ...

တရုပ်အာဏာပိုင်များက ငြိမ်းအဖွဲ့နယ်မြေများရှိ  တရုပ်နိုင်ငံသားများ၏  နောက်ဆုံးထွက်ခွာရက်အား သတ်မှတ်ထား သည်မှာ ယမန်နေ့က ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

သြဂုတ်လကုန်ပိုင်းက  သျှမ်းပြည် (မြောက်ပိုင်း) အတွင်း၌ နအဖနှင့်ကိုးကန့်အဖွဲ့တို့   လက်နက်ကိုင်ပဋိပက္ခ ဖြစ် ပွားခဲ့အပြီးတွင် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA ငြိမ်းအဖွဲ့ ထိန်းချုပ်နယ်မြေများမှ  တရုပ်လူမျိုးများ ထွက်ခွာရက်ကို  ယခုလ (၈) ရက်နေ့ နောက်ဆုံး သတ် မှတ်ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ရာ နေရာသည်  ယခုငြိမ်းအဖွဲ့နှစ်ဖွဲ့ ထိန်းချုပ်ရာနေရာများနှင့် ပထဝီအနေ အထားအရ နယ်မြေခြင်း တဆက်တည်း တည်ရှိနေခြင်းလည်း ဖြစ်သည်။

တရုပ်နယ်စပ်ရှိ တရုပ်အာဏာပိုင်များနှင့်နီးစပ်သူတစ်ဦးက “ တရုပ်ဘက်ကနေပြီး ၀နဲ့မိုင်းလားမှာရှိတဲ့ တရုပ် လူမျိုးတွေကို (၈) ရက်နေ့နောက်ဆုံးထား ထွက်လာဖို့ သတ်မှတ်ထားတယ် သူတို့သတ်မှတ်ရက်ကတော့ ကုန်သွားပြီ ဘာတွေပြန်ဖြစ် လာမလဲဆိုတာတော့ စောင့်ကြည့်ရအုံးမှာပဲ ” လို့ သူက ပြောသည်။

UWSAအဖွဲ့ကလည်း  ယခုလ (၅) ရက်နေ့တွင် ၄င်းတို့ထိန်းချုပ်ရာနယ်မြေအတွင်း  ပြင်ပမှလာရောက်နေထိုင်သူများနှင့် ပတ်သက်၍ ကြေငြာချက်တစ်စောင် ထုတ်ပြန်ထားသည်။

၄င်းတို့နယ်မြေအတွင်း၌ နိူင်ငံတကာအဖွဲ့အစည်းများမှ  တာဝန်အရ နေထိုင်သူများသာ ဆက်လက် နေထိုင် ခွင့်ပြုပြီး တရုပ်ပြည်ဘက်မှ လာရောက်၍ စီးပွားရှာသူများအား နေရပ်ပြန်ကြရန် ပြောဆိုထားသည်။

ယခုအခါ UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့နှင့် NDAA ထိန်းချုပ်ရာ မိုင်းလားမြို့များတွင် နေထိုင်ကြသည့် တရုပ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ၀န်ထမ်းအများအပြားသည် ထိုဒေသအား စွန့်ခွာသွားပြီဖြစ်ကြောင်း  ငြိမ်းအဖွဲ့များ နှင့်နီးစပ်သူ နောက်တစ်ဦးက ပြောသည်။

“မိုင်းလားမှာရောပန်ဆန်းမှာရောပဲ တရုပ်ဘက်ကလာတဲ့ စီးပွားရေးသမားတွေ အကုန်လုံးပစ္စည်းတွေရောကားတွေရောယူပြီး ထွက်သွားကြပြီ မိုင်းလားမှာလောင်းကစားဝိုင်းတောင်ပိတ်ထားလိုက်ပြီ” လို့ သူကပြောသည်။

ပြောင်းရွေ့လာသည့် တရုပ်လူမျိုးအချို့သည် တရုပ်-မြန်မာနယ်စပ် ရွှေလီမြို့အထိပင် ရောက်ရှိလာ ကြကြောင်း ကိုယ်တိုင်တွေ့ခဲ့ရသူ ရွှေလီဒေသခံတစ်ဦးက ပြောသည်။

“ အဲဒီဝနဲ့မိုင်းလားဘက်က ပြောင်းလာတဲ့တရုပ်တွေ ရွှေလီမှာ ရောက်လာတာရှိတယ် တချို့က စီးပွားရေးလုပ်ဖို့ဆိုင်ခန်းတွေဝယ်နေကြတယ် သူတို့ပြောတာကတော့ သူတို့ဟိုဘက်မှာ အခြေအနေမကောင်းတော့လို့ ဒီမှာစီးပွားရေးလုပ်ဖို့ ပြောင်းလာတယ်ပေါ့ ” လို့ သူကပြောသည်။

ယခုလို တရုပ်လူမျိုးများအား  ထွက်ခွာစေရသည့် အဓိကကျသော အကြောင်းတစ်ခုမှာ နအဖစစ်တပ်က ကျန်ရှိ နေသည့် ငြိမ်းအဖွဲ့များအပေါ် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်သောကြောင့် ဖြစ်ကြောင်း အကဲခတ်များက ဆိုသည်။

နအဖပိုင် မီဒီယာများတွင် ကိုးကန့်ဒေသအတွင်းဖြစ်ပွားခဲ့သည့် လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်သွားသူများ နေရပ်ရင်းပြန်လာ၍ ဒေသတွင်းအခြေအနေတည်ငြိမ်မှုရရှိနေကြောင်း ပြောဆို ရေးသား နေချိန်တွင် နယ်မြေခြင်းထိစပ်နေသည့်  UWSA နှင့် NDAA ဒေသများရှိ တရုပ်စီးပွားရေးလုပ်ငန်းရှင်များက အခြေအနေမကောင်း၍ နေရပ်သို့ ပြန််ကြရသည်။

Most read this week