စီးပွားရေးသမားများက ကေအိုင်အိုကို မျက်ခြေမပြတ် စောင့်ကြည့်နေ

စီးပွားရေးသမားများက ကေအိုင်အိုကို မျက်ခြေမပြတ် စောင့်ကြည့်နေ
တရုပ်နယ်စပ်ရှိ ကချင်ပြည် လွပ်လပ်ရေး တပ်မတော် (KIO) ဌာနချုပ် လိုင်ဇာမြို့တွင် ရင်းနှီး မြုပ်နှံထားသည့် စီးပွားရေး လုပ်ငန်းရှင်များက ဗမာစစ်တပ်နှင့် ကချင်ပြည်လွပ်လပ်ရေးအဖွဲ့ (KIO) အဖွဲ့တို့၏ နှစ်ဘက်ဆက်ဆံရေး ...

တရုပ်နယ်စပ်ရှိ ကချင်ပြည် လွပ်လပ်ရေး တပ်မတော် (KIO) ဌာနချုပ် လိုင်ဇာမြို့တွင် ရင်းနှီး မြုပ်နှံထားသည့် စီးပွားရေး လုပ်ငန်းရှင်များက ဗမာစစ်တပ်နှင့် ကချင်ပြည်လွပ်လပ်ရေးအဖွဲ့ (KIO) အဖွဲ့တို့၏ နှစ်ဘက်ဆက်ဆံရေး အခြေအနေအား သတိထား စောင့်ကြည့်နေကြောင်း သိရသည်။

လိုင်ဇာ၌ စီးပွားရေးလုပ်ကိုင်သူများက နှစ်ဘက်အခြေအနေကို စိတ်ဝင်စားနေခြင်းမှာ  အခြေအနေ မဟန်ပါကပြောင်းရွေ့ ကြရန် ဖြစ်သည်။

အထူးသဖြင့် နအဖနှင့်ကေအိုင်အို တွေ့ဆုံဆွေးနွေးမည်ဆိုသည့် သတင်းထွက်ပေါ်လာပြီးနောက် ၎င်း ရလဒ်ကိုစိတ်ဝင် တစား စောင့်ကြည့်နေကြောင်း လိုင်ဇာဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သျှမ်းသံတော် ဆင့်ကိုပြောသည်။

စက်တင်ဘာ 4 ရက်နေ့ နံနက်ပိုင်းတွင် လိုင်ဇာမြို့ရှိ လိုင်ဇာဟော်တယ်၌ ကေအိုင်အို ဗဟိုဌာနချုပ်ရှိထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဒေသ အသီးသီးမှ  နယ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (ဆလံကမ္ဘာ)  ကိုယ်စားများတွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

အခြေအနေကို စောင့်ကြည့်နေသူများထဲတွင် ရပ်ဝေးမှလာရောက် အခြေချစီးပွားရေးလုပ်သူများသာမက ဒေသခံများ လည်း ပါ၀င်ကြောင်း သိရသည်။

“ကျနော်တို့တော့ အောက်တိုဘာလအထိစောင့်ကြည့်ချင်သေးတယ် အဲဒီတော့မှပဲအခြေအနေမကောင်းရင် ဒီ ဘက် ထွက်လာမယ် တချို့တွေတော့ ဆိုင်တွေပိတ်ထားကြတယ် ပစ္စည်းတွေတော့ဘယ်ရွေ့သွားကြမှန်းမသိ ဘူး” လို့ လိုင်ဇာမြို့တွင် ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

အရင်းအနှီးများများဖြင့် လာရောက်စီးပွားရေးလုပ်သူများတွင် တရုပ်နိုင်ငံသားအများစုဖြစ်ကြပြီး မော်တော်ဆိုင် ကယ် ကုမ္ပဏီများ ၊ ဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီများ၊ အဝတ်အထည်ဆိုင်ကြီးများ ၊ လျှပ်စစ်ပစ္စည်းဆိုင်များ နှင့်လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များ ပါ၀င်သည်။

လွန်ခဲ့သည့် လကုန်ပိုင်းကစ နအဖနှင့်အပစ်ရပ်ကိုးကန့်တို့ စစ်ရေးတင်းမာစပြုချိန်တွင် နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကို ငြင်းဆန်နေသည့် တရုတ်နယ်စပ် အပစ်ရပ်ငြိမ်းအဖွဲ့များ၏ စီးပွားရေး လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်ရန် အစီအစဉ်မရှိတော့ကြောင်း သိရသည်။

လတ်တလော အခြေအနေတွင် တရုပ်နိုင်ငံသား စီးပွားရေးသမားအချို့၏ ဆိုင်ခန်းများ ပိတ်သွား၍ လိုင်ဇာစျေးအတွင်းရှိ ဆိုင်ခန်းအချို့လည်း ပိတ်သွားပြီဖြစ်ကြောင်း လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။

တရုပ်ဘက်ခြမ်း လိုင်ဇာမြို့သို့ပြောင်းရွေ့ အခန်းငှားရမ်းသူများပြားလာသဖြင့်  တရုပ်အာဏာပိုင်များဘက်မှစာရင်း ကောက်ယူမှုများရှိနေကြောင်း သူကပြောသည်။

“ဒေသခံတွေလည်း ပစ္စည်းတွေပြောင်းနေတာပဲ တရုပ်ဘက်ကလာတဲ့သူတွေကတော့ အရင်းအနှီးများတယ်ပစ္စည်းတွေ တော့သယ်ထားကြပြီ တချို့လည်း ဆိုင်ပိတ်လိုက်ပြီ လောင်းကစားဝိုင်းတွေတော့ မပိတ်သေးပါဘူး ရှိပါတယ်”  လို့  ဆိုသည်။

လိုင်ဇာတွင် စီးပွားရေးလာရောက်လုပ်ကိုင်သူအများစုမှာ တရုပ်ပြည်သားများဖြစ်ကြပြီး မြစ်ကြီးနားနှင့်ဗန်းမော် ဘက်မှ လုပ်ငန်းရှင်များလည်း ကုန်ဆိုင်ဖွင့်ရောင်းချသူများရှိကြောင်း သိရသည်။

ယခုလို ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုအပေါ် ကေအိုင်အိုကတစ်စုံတစ်ရာ ပြောဆိုရှင်းလင်းခြင်းမရှိသေး ကြောင်း သိရသည်။

တရုပ်နယ်စပ်အနီးရှိ သျှမ်းပြည် (မြောက်ပိုင်း) အတွင်းမှ  အပစ်အခတ်ရပ်ဆဲထားသည့် ကိုးကန့်အဖွဲ့နှင့် နအဖ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့အပြီး ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့နားအထိ နအဖစစ်တပ်များက ချဉ်းကပ်နေရာယူ လာကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ကေအိုင်အိုအဖွဲ့အား အောက်တိုဘာလ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖွဲ့စည်းရန် ဖိအား ပေး ပြောဆိုထားသဖြင့် တစ်လတာကာလအတွင်း အခြေအနေအပြောင်းအလဲကို စိတ်ဝင်စားနေကြခြင်းဖြစ်သည်။