ကျောက်မီးသွေးသယ်မည့် ဖြတ်လမ်းကိစ္စ SSA အခွင့်ရယူရန်လို

ကျောက်မီးသွေးသယ်မည့် ဖြတ်လမ်းကိစ္စ SSA အခွင့်ရယူရန်လို
သျှမ်းပြည်အရှေ့ပိုင်း မုံးကုတ်ဒေသထွက် ကျောက်မီးသွေးတူးရန် နှစ် ၄၀ ကန်ထရိုက် ရထားသည့် ထိုင်းနိုင်ငံ ဆရပူရီ ကုမ္ပဏီ အား ထိုင်းနိုင်ငံသို့ ကျောက်မီးသွေး သယ်မည့်ဖြတ်လမ်းအသစ် ဖေါက်လုပ်လျှင် သျှမ်းပြည် တပ်မတော်ထံ ခွင့်ရယူ ရမည် ...

သျှမ်းပြည်အရှေ့ပိုင်း မုံးကုတ်ဒေသထွက် ကျောက်မီးသွေးတူးရန် နှစ် ၄၀ ကန်ထရိုက် ရထားသည့် ထိုင်းနိုင်ငံ ဆရပူရီ ကုမ္ပဏီ အား ထိုင်းနိုင်ငံသို့ ကျောက်မီးသွေးသယ်မည့် ဖြတ်လမ်းအသစ် ဖေါက်လုပ်လျှင် သျှမ်းပြည် တပ်မတော်ထံ ခွင့်ရယူ ရမည်ဟု SSA ခေါင်းဆောင် ဗိုလ်မှူးကြီး ယွက်စစ်ပြောက ပြောသည်။
 
“ကျောက်မီးသွေးသယ်ယူဖို့ ထိုင်းနိုင်ငံအတွင်းမှာ ဖေါက်လုပ်မယ့်လမ်းပိုင်းက ကျနော်ဘာမှ မပြောလိုဘူး။ သျှမ်းပြည် အတွင်းပိုင်းမှာ ဖေါက်လုပ်မယ့်ကိစ္စကတော့ ကျနော်တို့ထိန်းချုပ်နယ်မြေကို ဖြတ်ကျော်ဖေါက်လုပ်မယ်ဆိုတော့ ကျနော် တို့ နဲ့တိုင်ပင်ဆွေးနွေးမှု၊ သဘောတူညီမှုမရှိဘဲနဲ့ ဖေါက်လုပ်သွားခွင့်မရှိဘူး”- ဟု ဗိုလ်မှူးကြီးယွက်စစ်က သျှမ်းသံတော်ဆင့် သို့ ယခုလ ၁ ရက်နေ့က ပြောပြ၏။
 
သံလွင်အရှေ့ခြမ်း မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ မုံးကုတ် (ခေါ်) မိုင်းခုတ်ထွက် ကျောက်မီး သွေးများ တူးယူ ခွင့်တင်ဒါကို စစ်အစိုးရက ထိုင်းနိုင်ငံ ဆရဘူရီ ကျောက်မီးသွေး ကုမ္ပဏီ (Saraburi Coal Mining)   အား နှစ် ၄၀ စာချုပ်ဖြင့် ၂၀၀၈ နှောင်းပိုင်းက ပေးပြီးနောက် ကျောက်မီးသွေးများအား ထိုင်းသို့ သယ်ဆောင်ရာတွင် မိုင်းဆတ်၊ မုံးကုတ်၊ မိုင်းလုံ၊ တာချီလိတ် - မယ်ဆိုင် လမ်းကိုအသုံးမြုပလိုဘဲဖြတ်လမ်းဖြင့် တောင်ဘက်စူးစူး မုံးကုတ် - မိုင်းတွမ်း - ယောင်ခါ - မယ်ကျုတ် မှတဆင့် ထိုင်းနယ် စပ်ကိုဖြတ်၍ မုံ့ကောဝ်လန် - ဟင်တက် မှ ချင်းရိုင်းသို့ တိုက်ရိုက် သယ်ဆောင်လိုသည်ဟု ဆို၏။
 
“ကျောက်မီးသွေးသယ်ဖို့ကိစ္စက ကျနော်အပါအဝင် အများပြည်သူက သဘောမတူဘူး၊ ဒါပေမယ့် ဆရပူရီကုမ္ပဏီက လမ်းဖေါက်ရေးအတွက် လူထုဆန္ဒကောက်ယူတဲ့စစ်တမ်းကို ပြီးခဲ့တဲ့လက ကွင်းဆင်း လုပ်ခဲ့တယ်။ စစ်တမ်းအရ ကန့် ကွက် တဲ့သူများတယ်။ ဒါတောင်သူတို့ဆက်လက် အကောင်အထည် ဖေါ်မယ်ဆိုရင်တော့ ကျနော်တို့ဘက်ကစုရုံးဆန္ဒ ပြဖို့ဘဲ ရှိတော့တယ်” - ဟု အမည်မဖေါ်လိုသည့် ဟင်တက်မှ ကျေးရွာသူကြီး တဦးကဆိုသည်။
 
ဖြတ်လမ်းမှတဆင့်သယ်ဆောင်လျှင် (၁) သဘာဝ သစ်တောပြုန်းတီးမှုအန္တရာယ်၊ (၂) လူကုန်ကူးမှုပြဿနာ၊ (၃) မူးယစ် မှောင် ခိုပြဿနာ၊ (၄) သျှမ်းပြည်တပ်မတော်တောင်ပိုင်းလှုပ်ရှားနယ်ဖြစ်သောကြောင့် နယ်စပ်လုံခြုံရေးဆိုင်ရာပြဿနာ များကြံ တွေ့လာနိုင်ဘွယ်ရှိကြောင်း - ၎င်းင်းကပြောပြသည်။
 
မုံးကုတ်ကျောက်မီးသွေး တွင်းမှတဆင့်ကျောက်မီးသွေးဆိုင်ရာ အသုံးဝင် သတ္တုများအားလုံး တရက်လျှင်အနည်းဆုံး တန်ချိန် ၅၀၀၀ထိုင်းသို့တင်ဆောင်နိုင်မည်ဟ ုအဆိုပါကုမ္ပဏီမှကျွမ်းကျင်ပညာရှင်များကခန့် မှန်းထားကြသည်။ အလား တူပင် သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ်တွင် လွန်ခဲ့သည့် ၆ - ရ နှစ်ကကျောက်မီးသွေးတွေ့ရှိ ထား သောကြောင့် တူးဖေါ်ရန် နအဖ စစ်အစိုးက ဒေသခံများ၏လယ်/ယာ/ခြံမြေအများအပြားသိမ်းယူထားကြောင်း သျှမ်းပြည်တောင်ပိုင်း သတင်း ရပ်ကွက် ကဆိုသည်။