သျှမ်းသူပုန်များအား သတင်းပေးကူညီသည်ဟု စစ်အစိုးရတပ်စွပ်စွဲသည့် သျှမ်းပြည်အလယ်ပိုင်းမှ သျှမ်းရွာသုံးရွာ အိမ်ခြေ ၁၀၀ ကျော် ကို မီးရှို့ဖျက်ဆီးလိုက်သဖြင့် ကျေးလက်လူထု ငိုယိုပူဆွေးကြရကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်း ရပ်ကွက် က ဆိုသည်။
ဂျူလိုင် ၂၉ ရက် မနက် ၀၄းဝဝ နာရီက လဲချားအခြေစိုက် ခလရ ၆၄ မှ စစ်ကြောင်းတကြောင်းသည်လဲချားမြို့အရှေ့ မြောက်ဘက် တတ်မောက်ကျေးရွာအုပ်စုဝင် တတ်မောက်၊ ကွန်ဟုန်း၊ နှင့် ဟိုလုံး(မ်း)ရွာအတွင်းသေနတ်ပစ်ဖေါက်ဝင် ရောက်ပြီး အိမ်ခြေများ စပါးကျီများအားလုံး မီးရှို့ဖျက်ဆီးကာ ဒေသခံအမျိုးသား ၄၀ - ၅၀ ဦးကိုလည်း ဖမ်းဆီး ရိုက်နှက်စစ်ဆေးကြောင်း ဆိုပါသည်။
“တတ်မောက်ကျေးရွာသူကြီး စိုင်းတိ ၊ ရွာသား လုံးလိန် နဲ့ စိုင်းတာ့ကို မေ့မျောတဲ့အထိ ဗမာတပ်က ရိုက်နှက်တယ်။ ထော် လာဂျီနှစ်စီးနဲ့ လူအယောက် ၅၀ လောက်ကိုဖမ်းသွားတယ်။ ခလရ ၆၄ တပ်ထဲခေါ်သွားပြီး ရိုက်နှက်စစ်ဆေးတယ်။ SSA ခွဲထွက် ဗိုလ်မိုင်းဇင့် လူတွေပါသွားတယ်လို့ ဒီနေ့မနက် တချို့ပြန်လွတ်လာတယ်ပြောတာဘဲ” - ဟု လဲချားမြို့သို့ ထွက်ပြေးရသည့် ရွာသားတဦးက ပြောပါသည်။
အဆိုပါအကြောင်းကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော်ပြောခွင့်ရ စိုင်းဆိုင်မိဏ်းနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဟုတ်မှန် ကြောင်း အတည်ြုပပြောဆိုသည့်အပြင် - “စစ်အစိုးရက လူထုကို နှိပ်စက်ချင်တိုင်း၊ ကျေးရွာရွှေ့ပြောင်းစေချင် တိုင်း သျှမ်းသူ ပုန်တွေနဲ့ ဆက်သွယ်သတင်းပေး ကူညီထောက်ပံ့တယ်လို့ အမြဲစွပ်စွဲတာဘဲ” - ဟုဆို၏။
အမည်မဖေါ်လိုသည့်ဒေသခံတဦးကလည်း -“အိမ်အသစ်ဆောက်ဖို့ သစ်တွေစုထားတာလဲ ဗမာတပ်မီးရှို့တဲ့အထဲပါသွား ပြီ၊ ၀ယ်ထားတဲ့ကုန်တွေလဲဘာမှမကျန်တော့ဘူး၊ ထော်လာဂျီနဲ့ မြို့ထဲကနေကျန်တဲ့ပစ္စည်းလေးတွေသွားသယ်ယူဖို့ကလဲ ဗမာတပ်တွေက အရမ်းစစ်ဆေးနေတယ်၊ ဒီနေ့(၃၀၊၀၇၊၀၉) လဲ တခြားရွာတွေဆက်ရှို့တုန်းဘဲ” - ဟု ပြော၏။
“ဒေသခံလူထုတွေကို နှိပ်စက်တဲ့ စစ်အစိုးရရဲ့ ဘယ်စစ်ကြောင်းမဆိုကျနော်တို့ သျှမ်းပြည်တပ်မတော်က ပြန်လည် ချေပမှာ ဘဲ၊ လက်နက်ကိုင်ပြီး ပြည်သူပိုင် ဥစ္စာပစ္စည်းတွေကို အနိုင်ကျင့် ဖျက်ဆီးရင် ကျနော်တို့လဲလက်နက်နဲ့ ပြန်ပြီးတုန့်ပြန်ရ လိမ့်မယ်” - ဟု စိုင်းဆိုင်မိဏ်းက ပြောပါသည်။
စစ်အစိုးရတပ်မီးရှို့ဖျက်ဆီးသည့် တတ်မောက်ရွာတွင် အိမ်ခြေ ၆၀ ခန့်၊ ဟိုလုံး(မ်း)ရွာတွင်အိမ်ခြေ ၃၀ ကျော်၊ ကွန်ဟုန်းရွာ ၌ အိမ်ခြေ ၄၀ ၀န်းကျင်ခန့် မီးထဲအားလုံး ပါသွားပြီဖြစ်ကြောင်း ဒေသခံများပြောကြားချက်အရ သိရပါသည်။ ၎င်း ရွာများ အား လိုက်လံမီးရှို့နေသည့် စစ်အစိုးရတပ်သည် အများအားဖြင့် လဲချားအခြေစိုက် ခလရ ၆၄ ဖြစ်သည်ဟုပြောသော်လည်း အချို့က လင်းခေး အခြေစိုက် ခလရ ၉၉ ဖြစ်သည်ဟုလည်း ဆိုကြပါသည်။
၂၀၀၉ ဂျူလိုင် ၁၅ ရက်က သျှမ်းပြည်တပ်မတော် နအဖ စစ်ကြောင်းအား ြုခံခိုတိုက်ခိုက်ရာမှာ စစ်အစိုးရဘက် ၁၁ ယောက် သေဆုံးပြီး ၁၄ ယောက်ဒဏ်ရာရရာမှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ရန် မိုင်းနောင်အခြေစိုက် ဒကစမှူးဗိုလ်မှူးကြီး ကျော်ဇံမြင့် က ၎င်း လက်အောက်ခံ ခမရ၊ ခလရ တပ်မှူးများအားလုံးခေါ်ယူပြီး ဂျူလိုင် ၂၀ ရက်နေ့က အရေးပေါ်အစည်း အဝေးခေါ်ယူ ကျင်းခဲ့ပါသည်။ ထိုအစည်းအဝေးမှာ တောင်ပိုင်း SSA တပ်ဖွဲ့အား အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ရန် စစ်ဗျူဟာနှစ်ခု ပြင်ဆင်ဖို့ အမိန့်ပေးခဲ့သည့်နောက်ပိုင်း ကျေးရွာမီးရှို့ဖျက်ဆီးမှု ပထမဆုံး စတင်ခဲ့တာဖြစ်ပါသည်။