ဝ တပ်ထွက် နှင့် ဗျူဟာမှူးပေါင်း၍ တာချီလိတ် လယ်သမား လယ်မြေများ အဓမ္မ စျေးနှိမ်ဝယ်

ဝ တပ်ထွက် နှင့် ဗျူဟာမှူးပေါင်း၍ တာချီလိတ် လယ်သမား လယ်မြေများ အဓမ္မ စျေးနှိမ်ဝယ်
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ဒေသခံလယ်သမားအချို့အား လယ်မြေများရောင်းပေးရန် ၀ တပ်ထွက် ဗိုလ်မှူး တဦးနှင့်အပေါင်းပါလောဝ်ပန်းတစ်စုက တာချီလိတ်ဗျူဟာမှူးနှင့်ပူးပေါင်း၍ အဓမ္မလက်မှတ်ထိုးခိုင်းသည်ဟု နယ် စပ်သတင်းရပ်ကွက်က ဆို ...

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ဒေသခံလယ်သမားအချို့အား လယ်မြေများရောင်းပေးရန် ၀ တပ်ထွက် ဗိုလ်မှူး တဦးနှင့်အပေါင်းပါလောဝ်ပန်းတစ်စုက တာချီလိတ်ဗျူဟာမှူးနှင့်ပူးပေါင်း၍ အဓမ္မလက်မှတ်ထိုးခိုင်းသည်ဟု နယ် စပ်သတင်းရပ်ကွက်က ဆိုပါသည်။

“ဒီလ ၁၂ ရက် ၀ တပ်ထွက် ဗိုလ်စန်းညိုတို့အဖွဲ့ ဗျူဟာမှူးဗိုလ်မှူးကြီးခင်မောင်ဖြိုး နဲ့ ပူးပေါင်းပြီးလယ်သမား တွေကို ဆင့်ခေါ်တယ်။ ပိုင်ဆိုင်သမှ ျလယ်မြေအားလုံး ရောင်းပေးဖို့အဓမ္မလက်မှတ်ထိုးခိုင်းတယ်” ဟုရပ်မိရပ်ဖ တဦးကဆိုသည်။
 
“၀မ့်ဟောင်ရွာ လယ်သမားတွေရဲ့ ဘိုးစဉ်ဘောင်ဆက်ပိုင်လယ်မြေတွေပေါ့။ အခု လက်မှတ်ထိုးရတာက အဲဒီ့ ရွာက လယ်သမား ၁၃ ယောက်။ ဗျူဟာရုံးကိုဆင့်ခေါ်ပြီး လက်မှတ်ထိုးခိုင်းတာ။” တာချီလိတ်မှ အမည်မဖော် လိုသူ လယ်သမားတစ်ဦးကပြော၏။
 
အဆိုပါ ၀ တပ်ထွက် ဗိုလ်မှူးစန်းညို နှင့် လောဝ်ပန်း ၁၄-၁၅ ယောက်တို့ပူးပေါင်း၍ စျေးပေါပေါဖြင့် အဓမ္မဝယ်ယူ သောလယ်မြေမှာ ၁၀ ဧက (တာချီလိတ် - မိုင်းဖုန်း ကြား) ဖြစ်သည်ဟု ဆက်ပြောပြ၏။
 
“လယ် ၁၀ ဧက ကို ဘတ် ၁၈၀,၀၀၀ ပေးတယ်ဆိုတော့ တစ်ဧက ဘတ် ၁၈,၀၀၀ ဘဲကျတယ်လေ။ လယ်သမား တွေ မရောင်းချင်လဲ ဘယ်တရားရုံး/ဘယ်သူ့ကိုအားကိုးနိုင်လို့လဲ။ မျက်ရည်ဝဲဝဲမချိတင်ကဲ လက်မှတ်ထိုးပေး ရတယ်” ဟုဆို၏။
 
အလားတူ ဧပြီလ ၂၅ ရက် ၂၀၀၉ က အသစ်တိုးချဲ့ဖွင့်လှစ်သည့် ကျိုင်းတုံ လေယာဉ်ကွင်းသစ်သည်လည်း အဖိုး အခလုံးဝမပေးဘဲ ဒေသခံလယ်ယာမြေ အများအပြား သိမ်းဆည်းပြီး ဆောက်လုပ်ထားကြောင်း ကျိုင်းတုံဒေသခံ များက ဆိုသည်။
 
“အနံပေ ၁၅၀၊ အလျား ပေ ၈,၀၀၀ ထပ်မံတိုးချဲ့တဲ့ လေယာဉ်ကွင်းကြောင့် ကျနော်တို့ဘိုးစဉ်ဘောင်ဆက် နေ ထိုင်လာကြတဲ့ ကိန်းလိတ်ရွာတစ်ရွာလုံး နဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံရတယ်” - အမည်မဖေါ်လို သည့် ကျိုင်းတုံ ဒေသခံတဦးက ဆိုသည်။
 
ရွာသားများလည်း ကျိုင်းတုံမြို့အရှေ့မြောက်ဘက် ၄ မိုင် ခန့်အကွာ ၀မ့်နောင် အနီး (မကြာသေးမီက ၀မ့်ယန်း ကုန်းရွာသားများထံမှ နအဖစစ်တပ် သိမ်းယူခဲ့သော) လယ်ကွင်းပြင်သို့ ပြောင်းရွှေ့နေထိုင်ကြရသည် ဟုဆို၏။
 
ထို့အပြင် လေယာဉ်ကွင်း ပတ်ဝန်းကျင်ရှိ ၀မ့်ဖွေးဟုန်း၊ ၀မ့်ယန်းခွယ်ရွာသားများ၏ လယ်မြေ တော်တော်များများ ကိုလည်း အာဏာပိုင်များ သိမ်းယူခဲ့သည်ဟု ဆိုသည်။