နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သျှမ်းအပစ်ရပ်အဖွဲ့ မပါ၀င်

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သျှမ်းအပစ်ရပ်အဖွဲ့ မပါ၀င်
စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအစီအစဉ်တွင် အပစ်ရပ်သျှမ်းပြည်မြောက်ပိုင်း SSA အဖွဲ့မပါ၀င်ဟု ခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့် သတင်းရပ်ကွက်ဆိုသည်။ “နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ကျနော်တို့အဖွဲ့ မပါဘူး။ ...

 
စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအစီအစဉ်တွင် အပစ်ရပ်သျှမ်းပြည်မြောက်ပိုင်း SSA အဖွဲ့မပါ၀င်ဟု ခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့် သတင်းရပ်ကွက်ဆိုသည်။
 
“နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ကျနော်တို့အဖွဲ့ မပါဘူး။ ကျနော်တို့ ထိန်းချုပ်တဲ့ နယ်မြေကလည်း အိမ်နီးချင်းတိုင်းပြည် တွေနဲ့ နယ်နမိတ်ချင်း ထိစပ်မနေဘူးလေ”- ဟု SSA အပစ်ရပ် အရာရှိတစ်ဦးကပြောကြောင်း ခေါင်းဆောင်ပိုင်း နှင့်ရင်းနှီး သည့် အမည်မဖေါ်လိုသူတဦးကပြောပါသည်။
 
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအစီအစဉ်တွင် အပစ်ရပ် သျှမ်းပြည်မြောက်ပိုင်း SSA အဖွဲ့၊ ပအိုဝ်းဖြူ ခေါ် အောင်ခမ်းထီ PNO  အဖွဲ့တို့ မပါ၀င်ဟုဆို၏။
 
“ကျနော်တို့ကို နယ်ခြားစောင့်တပ်ပြောင်းဖို့အထဲမှာမပါပေမဲ့   ခဏခဏခေါ်တွေ့တာက ဒေသခံ ပြည်သူ့စစ်အဖြစ် အသွင် ပြောင်းဖို့ ဖြစ်တယ်။ ကျနော့်အမြင်ကတော့ နယ်ခြားစောင့်တပ်တို့ ပြည်သူ့စစ်တို့ဆိုတာက ဘာမှမထူးခြားပါဘူး။ စစ်အစိုးရ လက်အောက်နေရတာချင်းအတူတူပါဘဲ။ နားထောင်လို့ကောင်းအောင် နယ်ခြားစောင့်တပ်လို့ပြောတာ၊ အမှန်တော့ စစ်အစိုးရ ကာကွယ်ရေးဦးစီးချုပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပါဘဲ”  - ဟု အဆိုပါအရာရှိက ပြောကြောင်း ၎င်းင်းဆိုစ့်ကဆက်ပြော ပြပါသည်။
 
မည်သို့ ဆိုစေကာမူ အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း အဖွဲ့အနေဖြင့် ဒီမိုကရေစီအစိုးရသစ် ပေါ်ထွန်းလာ သည်အထိ အပြောင်းအလဲ အလုပ်ခံမည်မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်ဟုဆို၏။
 
သျှမ်းပြည်တပ်မတော် ှှဗ မြောက်ပိုင်းအဖွဲ့အား  ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရန်  စစ်အစိုးရ၏ အသွင်ပြောင်းမှု ဖေါ်ဆောင် ရေးကော်မတီ ဒုဗိုလ်ချုပ်ကြီးရဲမြင့် (စရဖ ညွှန်ချုပ်) က လားရှိုး ရမခ စစ်တိုင်းရုံးသို့ အကြိမ်ကြိမ် ခေါ်ယူတွေ့ဆုံဖိအားပေး ခဲ့သော်လည်း SSAခေါင်းဆောင်များလက်မခံခဲ့ပေ။ အလယ်အလတ်တပ်မှူးများ အောက်ပိုင်းခေါင်းဆောင်များအသွင်ပြောင်း ရေးအစီအစဉ်အပေါ် နားလည်လက်ခံခြင်းမရှိသေးသဖြင့် အချိန်ယူစည်းရုံးရဦးမည်ဖြစ်ကြောင်း အကြောင်းပြန်ထားခဲ့သည်။