မူးယစ်တိုက်ဖျက်ရေးနေ့ အကြောင်းပြ အပစ်ရပ်များအပေါ် နည်းဗျူဟာစစ်ဆင်ရန် စစ်တိုင်းမှူးများ တွေ့ဆုံ

မူးယစ်တိုက်ဖျက်ရေးနေ့ အကြောင်းပြ အပစ်ရပ်များအပေါ် နည်းဗျူဟာစစ်ဆင်ရန် စစ်တိုင်းမှူးများ တွေ့ဆုံ
ဂျွန် ၂၆ ကမ္ဘာ့မူးယစ် တိုက်ဖျက်ရေးနေ့အတွက် ပြင်ဆင်ရန် နှင့် သျှမ်းပြည်တွင်း အပစ်ရပ်များ အပေါ်နည်းဗျူဟာစစ်ဆင် ရေး အသစ်ဖြင့်ချုပ်ကိုင်နိုင်ရန် စစ်တိုင်းမှူး ၃ ယောက် ကျိုင်းတုံမြို့၌ တွေ့ဆုံခဲ့ကြသည်ဟု ကျိုင်းတုံစစ်တိုင်းရုံးအသိုင်း အဝိုင်း နှင့် နီးစပ်သတင်းရပ်ကွက် က သိုးသိုးသန့်သန့်ကြားရ ...

ဂျွန် ၂၆ ကမ္ဘာ့မူးယစ် တိုက်ဖျက်ရေးနေ့အတွက် ပြင်ဆင်ရန် နှင့် သျှမ်းပြည်တွင်း အပစ်ရပ်များ အပေါ်နည်းဗျူဟာစစ်ဆင် ရေး အသစ်ဖြင့်ချုပ်ကိုင်နိုင်ရန် စစ်တိုင်းမှူး ၃ ယောက် ကျိုင်းတုံမြို့၌ တွေ့ဆုံခဲ့ကြသည်ဟု ကျိုင်းတုံစစ်တိုင်းရုံးအသိုင်း အဝိုင်း နှင့် နီးစပ်သတင်းရပ်ကွက် က သိုးသိုးသန့်သန့်ကြားရသည်ဟု ဆိုသည်။
 
လားရှိုးအခြေစိုက် ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၊ တောင်ကြီးအခြေစိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့် နှင့် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးတို့ တွေ့ဆုံဆွေးနွေးပြီး ကမ္ဘာ့မူးယစ်တိုက်ဖျက်ရေးနေ့အကြို ကျိုင်းတုံ တွင် မူးယစ်ဆေးဝါးမီးရှို့ပွဲတော်ကျင်းပပြရန် နှင့် အပစ်ရပ်အဖွဲ့ဆိုင်ရာကိစ္စရပ်များပါ ဆွေးနွေးကြရန် ဖြစ်နိုင်ချေရှိသည်ဟု အတည့်မပြုနိုင်သေးသော သတင်းအဖြစ် အဆိုပါသတင်းရပ်ကွက်က ဆိုသည်။
 
“လားရှိုးတိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်ကိုယ်တိုင် တာချီလိတ်အထိလာသလိုလိုကြားရတယ်။ ၁၇ ရက်နေ့မွန်းလွဲပိုင်း မှာဘဲ တာချီလိတ်ကနေ ပုလိပ် နဲ့ စစ်သားဆယ်ယောက်ကျော်ပါတဲ့ မှန်လုံကား ၁ စီး၊ ဖိုးဝှီး ၁ စီး အပြင် ချောကား ၂ စီး နဲ့ -တာချီလိတ်ခရိုင်/မြို့နယ်ထဲ ဖမ်းဆီးစုဆောင်းထားတဲ့ မူးယစ်ဆေးဝါးပစ္စည်းတွေ ကျိုင်းတုံကို သယ်သွားပြီးပြီလို့ ပြောတယ်” - ဟု တာချီလိတ်ရောက် ကျိုင်းတုံဒေသခံတဦးက ပြောပါသည်။
 
အဆိုပါသတင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှသီးခြားအတည်မပြုနိုင်သေးသော်လည်း အမည်မဖေါ်လိုသည့် ထိုင်းနယ် စပ်လုံခြံုရေးအရာရှိတဦးက- “အဲ ဒီသတင်းကျနော်တို့ကြားရတာ ၂-၃ ရက်ရှိပြီ၊ ကျနော်တို့ဆီ အကြောင်းကြား ဖိတ်ကြား လာတာတော့ မရှိသေးဘူး၊ ဘန်ကောက်ကို တိုက်ရိုက် အကြောင်းကြား ဖိတ်ခေါ်မလားတော့မသိဘူး” - ဟုဆို၏။
 
ဂျွန်လ ၂၆ ရက် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အကြိမူးယစ်ဆေးဝါးမီးရှို့ပွဲကို စစ်အစိုးရက နာမည်ကောင်း အမှတ်ရ ရေးအတွက် နှစ်စဉ်နှစ်တိုင်း ပြင်ဆင်ပြသလေ့ရှိသည်ဟု လေ့လာသူများက ပြောဆို၏။
 
ယခုလည်း အပစ်ရပ်အဖွဲ့များအပေါ်မူးယစ်ဆေးဝါးဖြင့် အပြစ်ဖို့ ပုံချနိုင်မည့်နည်းလမ်းများရှာရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အမှု ကမ္ဘာထိပ်တန်းသတင်းဖြစ်နေမှုအပေါ် အာရုံပြောင်းရန် ကျိုင်းတုံတွင်ပြု လုပ်ခြင်းဖြစ် နိုင်သည်ဟု သျှမ်းပြည် မူးယစ်ဆေး ၀ါး စောင့်ကြည့် လေ့လာရေးအဖွဲ့က သုံးသပ် ပြောဆိုပါသည်။