အသွင်ပြောင်းရေး ကော်မတီဥက္ကဌ တာဝေးပြေးနေချိန် တောင်ပိုင်း ဝ နှင့် ဆက်ဆံရေး ပိုမိုတင်းမာလာ

အသွင်ပြောင်းရေး ကော်မတီဥက္ကဌ တာဝေးပြေးနေချိန် တောင်ပိုင်း ဝ နှင့် ဆက်ဆံရေး ပိုမိုတင်းမာလာ
အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ပြောင်ရေး  လုပ်ငန်းကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ရဲမြင့် သျှမ်းပြည်မြောက်ပိုင်း/ အရှေ့ပိုင်း စည်းရုံးရေး၌ သဲထဲရေသွန်ဖြစ်နေချိန်တွင် တောင်ပိုင်း ဝ နှင့် စစ်အစိုးရတပ်အကြား ဆက်ဆံရေးပိုမိုတင်းမာ လာကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆို ...

အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ပြောင်ရေး  လုပ်ငန်းကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ရဲမြင့် သျှမ်းပြည်မြောက်ပိုင်း/ အရှေ့ပိုင်း စည်းရုံးရေး၌ သဲထဲရေသွန်ဖြစ်နေချိန်တွင် တောင်ပိုင်း ဝ နှင့် စစ်အစိုးရတပ်အကြား ဆက်ဆံရေးပိုမိုတင်းမာ လာကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။

မေ ၃၁ ရက် မိုင်းဆတ်မြို့အရှေ့ဘက် လွယ်ဆမ်ဆုမ် တောင်ကြောတွင် နအဖ စစ်အစိုးရ လမ်းကင်းတဲ စောင့်တပ်ဖွဲ့ နှင့် ဝ တပ်ဖွဲ့အခြေ အတင်စကားများပြီး ပစ်ခတ်လုနီးနီး ပြဿနာဖြစ်ပွားခဲ့သည့်နောက်ပိုင်း ရှေ့တန်းအခြေစိုက် နအဖ တပ် စခန်း နှင့် ဝ တပ် အကြား ဆက်ဆံရေး ပိုမိုတင်းမာလာကြောင်း ဝ တပ်မှူး /နအဖ တပ်မှူးများနှင့် ရင်းနှီးသည့်ဆို့စ်က ဤကဲ့သို့ ပြောပြပါသည်။

“လတ်တလောနိုင်ငံရေးအခြေအနေကြောင့် နှစ်ဘက်တပ်မှူးတွေကလဲ အနာဂတ်စစ်ရေး အခြေအနေခန့်မှန်းလို့မရဘူးတဲ့၊ လေ့လာသူတွေသာ ဒီနှစ်ထဲ စစ်မဖြစ်နိုင်ဘူးပြောနေကြတာ၊ အခု ဝ က နအဖစစ်တပ်နားဖြတ်သန်းမှာဘဲဖြစ်ဖြစ်၊ နအဖ စစ်တပ်က ဝ တပ်စခန်းနားဖြတ်သန်းမှာဘဲဖြစ်ဖြစ် အကြောင်းကြိုကြားထားရတယ်” ဟု ဆို၏။

တောင်ပိုင်း ဝ ဒေသနှင့် နအဖ အခြေစိုက် စစ်စခန်းများ နယ်မြေများသည် တိကျသောနယ်ခြားမျဉ်းမရှိ၊ ကြိုကြားစခန်းများ (တာချီလိတ်မြို့နယ် အနောက်ဘက်မှ ထိုင်းနယ်စပ်တလျှောက် တောင်ဘက်ပိုင်း ဟိုမိန်းမြို့နယ်ခွဲအထိ နအဖတပ်စခန်း၊ သျှမ်းတပ်မတော်တောင်ပိုင်းဌာနချုပ်နှင့် တပ်စခန်း၊ WNO /WNA ဝ အမျိုးသားတပ်မတော်ဌာနချုပ်နှင့်စခန်း၊ UWSA ဝ သွေးစည်းရေးတပ်မတော်အခြေစိုက်တပ်စခန်းများ ကြိုကြား) ချသောကြောင့် မငြိမ်သက်သော စစ်ရေးအခြေအနေကြောင့် လွတ်လပ်စွာသွားလာလှုပ်ရှားရေး ပိုမိုခက်ခဲစေကြောင်း ဆို၏။

“အဓိကရောထွေးနေတဲ့နယ်မြေတွေဖြစ်တဲ့ မိုင်းဆတ်မြို့အရှေ့ဘက် လွယ်ဆမ်ဆုမ် တောင်ကြောကနေ မိုင်းတုမ်း မိုင်းကုတ် (မိုင်းခုတ်)အထိ၊ တောင်ဘက်ပိုင်းဆိုရင် ပြင်းဆာ၊ ပြင်းခမ်း၊ ပါကယ်၊ မက်ခေကျေးရွာတွေကနေထိုင်းနယ်စပ် တလျှောက်လုံး ဘဲ၊ ဗမာစစ်တပ်ဘက်က သတိထားသွားလာသလို ဝ တွေဘက်ကလည်း စျေးတောင်ဆင်းမဝယ်တော့ဘူး” - ဟု ဒေသခံတ ဦးက လည်းဆိုပါသည်။

တင်းမာလာသည့်အနေအထားကြောင့် စစ်အစိုးရဘက်က ဒေသခံများအား မျက်စိစွန့် နားစွန့် သွားလာရန်သတိပေးထား သကဲ့သို့ ဝ တပ်ဘက်ကလည်း အိမ်တိုင်းဗုံးကျင်းများတူးထားရန်၊ စားနပ်ရိက္ခာအပြင် တန်ဖိုးကြီးပစ္စည်းများ၊ ဝန်လေး ပစ္စည်း များ စိတ်ချသည့်နေရာသို့ပြောင်းရွှေ့ထားရန် သတိပေးထားမှုရှိကြောင်း၊ ဝ နှင့်နအဖကြား အခြေအနေ မကောင်း သည့်ကြား  တြိဂံတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းက မိုင်းဆတ် မိုင်းတုံသို့ ဂျွန်လဆန်းပိုင်းက ခရီးထွက်စဉ် ဝ တပ်ဖွဲ့ ဆက်ဆံရေးနှင့် မပြေလည်သောကြောင့် ဒေါသထွက်ကာ မိုင်းတုံမြို့နယ် ပုံပါကျင်အခြေချ စစ်ဗျူဟာမှူးအား “ခင်ဗျားတို့ ဝ တွေကို ရှင်းချင်ရင်ရှင်းပစ်လိုက်တော့” ဟု ပြောသောကြောင့် အောက်ခြေတပ်ဖွဲ့အချင်းချင်း ဆက်ဆံရေး ပိုမိုအေးကျဲလာ စေကြောင်း ပုံပါကျင်ဒေသ ခံတဦး၏ ပြောပြချက်အရသိရပါသည်။

Most read this week